လပွတ္တာမှာ မုန်တိုင်းဝင်တယ်ဆိုတဲ့ သတင်းမှား

ဗီယက်နမ်ကိုဝင်ရောက်ခဲ့တဲ့ နိုလ်မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ စက်တင်ဘာ ၁၉ ရက်ကနေ ၂၂ ကြားမှာ မိုးကြီးရေကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၈ ရက်ကထုတ်ပြန် ထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “မနေ့ညက မုန်တိုင်းဝင်မွှေသွားလို့ ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ရသော လပွတ္တာမြို့ အခြေ အနေ လပွတ္တာမြို့ ပြန်လည် ထူထောင်ကယ်ဆယ်ရေးအတွက် အလှူငွေ ထည့်ဝင်ကြဖို့ လပွတ္တာမြို့ ပြန်လည် ထူထောင်ရေးအဖွဲ့ မှနိုးဆော်ထားကြောင်း သိရှိရပါသည်” ဆိုပြီး အပျက်အစီးများနဲ့ ဓာတ်ပုံ ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အလားတူပို့စ်မျိုးကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး ရာသီဉတုဆိုင်ရာ သတင်းအချက်အလက်တွေကို […]

Continue Reading

ဖောင်ကြီးကုသရေးစင်တာမှာ အောက်ဆီဂျင်မလုံလောက်ပဲ လူနာတွေကို ဘာမှမလုပ်ပေးနိုင်ဘူးဆိုတဲ့ သတင်းအမှား

ကိုဗစ်နိုင်တင်းလူနာတွေကိုကုသပေးနေတဲ့ ဖောင်ကြီးကုသရေးစင်တာမှာ လူနာတွေကို ဆရာဝန်တွေက ဘာမှမလုပ်ပေးနိုင်ပဲ ထိုင်ကြည့်နေရပြီး လူနာတွေအတွက် အောက်ဆီဂျင်လည်း မလုံ‌လောက်တဲ့အကြောင်း ဖောင်ကြီးက ဆရာဝန်တစ်ယောက်ကရေးသားတယ်ဆိုတဲ့ ပို့စ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “အရမ်းမျှော်လင့်နေကြမှာစိုးလို့တောင်းပန်ပါတယ်။ ကျွန်မတို့ ဘာမှမလုပ်ပေးနိုင်ပါဘူး…ဖောင်ကြီးမှာ ခုတင် ၂၀၀၀ ဆံ့ပါတယ်၊ အဲ့ခုတင်ပေါ်မှာ လူနေလို့ရပါတယ်၊ လူနာနေလို့မရပါဘူး positive ဖြစ်တဲ့လူတွေဟာ နောက်ဆုံး အောက်ဆီဂျင်ကျ၊ ပြင်းထန်အဆုတ်ယောင်ရောဂါနဲ့ သေကြပါတယ်၊ အောက်ဆီဂျင်ရှိတဲ့ အဆောင်က ၂ ဆောင်ပဲရှိပါတယ် အဲ့ ၂ ဆောင်မှာမှ အောက်ဆီဂျင်ပိုက်လိုင်းရှိတဲ့ အခန်းတွေက ၅၀ တောင်မပြည့်ပါဘူး အရမ်းအောက်စီဂျင်ကျပီး အထူးကြပ်မတ်ဆောင်ပို့ရရင်လည်း အဲ့မှာ ၁၇ ခုတင်ပဲရှိတာပါ၊ ဆေးရုံဖွင့်ပြီး ဘယ်လိုကုနေတယ်ထင်ပါသလဲ? ဖျားရင်ပါရာစီတမောပေးပါတယ် ချောင်းဆိုးရင်ချောင်းဆိုးပျောက်ဆေး ပေးပါတယ်၊ ကိုယ်ခံအားလေးများကောင်းလာမလားဆိုပီး vitaminC ပေးပါတယ်၊ […]

Continue Reading

မကျေနပ်ရင် ရွေးကောက်ပွဲဝင်မပြိင်ဖို့ရွေးကောက်ပွဲကော်မရှင်ပြောသလား-မဟုတ်ပါ

ရွေးကောက်ပွဲကို ရက်အတိအကျလုပ်မယ်၊ မကျေနပ်ရင် ဝင်မပြိုင်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပြောတယ် ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံလျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ရွေးကောက်ပွဲကို အတိအကျလုပ်မယ်။ မကျေနပ်ရင် ဝင်မပြိင်လို့ရတယ်။ ကျွန်တော် စကားကို ဖင်တစ်ခွန်း ခေါင်းတစ်ခွန်းမပြောဘူး။ ဦးမြင့်နိုင်(UEC ဉက္ကဌ)”ဆိုပြီး မျှဝေထားပါတယ်။  â€œCanda Siri”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူရဲ့ပို့စ်ကို “Sandar Aung” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။အလားတူပို့စ်ကို “Ko Pyae”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် စက်တင်ဘာ ၁၉ ရက်ကမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်း မီဒီယာတာဝန်ရှိသူတွေနဲ့ အွန်လိုင်းက ဆွေးနွေးမှုအစီတစ်ခုအပြီးမှာ ဒီလိုမျိုး မျှဝေမှုတွေ […]

Continue Reading

ဘွဲ့တံဆိပ်ပြန်ရုပ်သိမ်းခဲ့သည့်ဆရာတော်အဖြစ်ဖော်ပြနေတဲ့ သတင်းမှား

အဆောက်အဦးတစ်ခုရှေ့မှာ ဘုန်းကြီးတစ်ပါး လူတွေကို ဆွမ်းဟင်းခပ်ပေးနေတဲ့ပုံကို အစိုးရရဲ့ ဘွဲ့တံဆိပ် တော်ပြန်လည်ရုပ်သိမ်းခံခဲ့ရသည့် ဆရာတော်အဖြစ်မျှဝေနေတဲ့ သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။  â€œKo Ko Mg”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD ကိုမထောက်ခံတဲ့ဆရာတော်၏ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ကို သမ္မတဦးဝင်းမြင့်မှပြန်ရုတ်သိမ်း ရုတ်သိမ်းခံရသည့် ဆရာတော်မှ လူထုကိုကူညီရင်ထဲမချိပြီ..” စသည်ဖြင့် ရေးသားပြီး ဆွမ်းဟင်းခပ်ပေးနေတဲ့ ဘုန်းကြီးကိုလည်း  အဂ္ဂမဟာ ပဏ္ဍိ တဘွဲ့တံဆိပ်တော်ပြန်လည်ရုပ်သိမ်းခံရ သည့် ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရအဖြစ် အောက်ပါအတိုင်းမျှဝေ ထားရာမှာ လူမှု ကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။  Fb Link Archive link အလားတူ “နေဝင်းထွန်း”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ “Ko Ko Mg”ပို့အောက်မှာ မှတ်ချက်ရေးသားသူတစ်ချို့က ဒီသတင်းမှားလို့ မှတ်ချက်ပေးနေကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မွန်ပြည်နယ် […]

Continue Reading

သင်္ဃန်းကျွန်းကတည်းခိုခန်းမှာ လာတည်းတဲ့ စုံတွဲ ၂၀ Lock downကြောင့် ပိတ်မိပြီး အိမ်ထောင်ကျတယ်ဆိုတဲ့ သတင်းအမှား

သင်္ဃန်းကျွန်းကတည်းခိုခန်းတစ်ခုမှာ ကိုဗစ် Positiveလူနာတွေ့တာကြောင့် ခေတ္တလာတည်းတဲ့ စုံတွဲ ၂၀ပါ တည်းခိုခန်းကို Lock downရာမှာပိတ်မိသွားတာကြောင့် အိမ်ထောင်ကျသွားပြီလို့ရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ ပြန်နှံ့နေတာတွေ့ရပါတယ်။ “Covid ဖူးစာ”လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီပို့စ်မှာ “သင်္ဃန်းကျွန်းက တည်းခိုခန်းမှာ ခေတ္တ လာတည်းတဲ့ စုံတွဲ ၂၀ တော့ ကိုဗစ်ကျေးဇူးကြောင့် ထောင်ကျပြီ ။ (အိမ်ထောင်)အကြောင်းက တည်းခိုခန်းမှာ P လူနာတွေ့၊ တည်းခိုခန်းကို L.D ချ ။ အိမ်က လူကြီးတွေက အိမ်ပြန် မလာလို့ လိုက်ရှာကြရာမှ တည်းခိုခန်း L.D တွင် မိနေကြောင်း သိရသည့် အတွက် …”လို့ ရေးထားတာတွေ့ရပါတယ်။ ဒီနေရာ  ဒီနေရာ  á€’ဎန္ရဏ တွေမှာ ပြန်လည်မျှဝေတာတွေလည်း တွေ့ရပါတယ်။ FB […]

Continue Reading

ရုရှားကဗျာဆရာ မာယာကော့ဗ် စကီရဲ့ကဗျာဆိုတဲ့ အချက်အလက်မှား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဗျာလေလံ အပြီး ကဗျာနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ထုတ်လွှင့်မှုတွေ လူမှုကွန် ယက်မှာ ဆက်တိုက်ပျံ့နှံ့လျက်ရှိပါတယ်။ စက်တင်ဘာ ၁၆ ရက်က စတင်ပျံ့နှံ့လျက်ခဲ့တဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာဟာ ရုရှားကဗျာဆရာ Vladimir Mayakovsky ရဲ့ ကဗျာတစ်ပုဒ်ကို ကူးယူထားခြင်းဖြစ်တယ်ဆိုပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။  Fb link Archive link အလားတူပို့စ်တွေကို  “May Myat Noe”၊ “Myanmar Hard Talk”၊ “သူရ ခိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေ က  Mayakovsky ကဗျာအဖြစ်မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီကဗျာလေလံနဲ့ပတ်သက်ပြီး သတင်းမှားတွေ ပျံ့နှံ့ခဲ့တာကို Fact Crescendo Myanmar က အချက် အလက် စိစစ်ခဲ့တာကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မျှဝေလျက်ရှိတဲ့ ရုရှားနာမည်ကြီးကဗျာဆရာ ဗလာဒီမာ မာယာကော့ဗ်စကီ(Vladimir Mayakovsky) […]

Continue Reading

NLD ထက်ကောင်းတဲ့အစိုးရမရှိဘူးလို့ ဓာတ်ပုံထဲက ရဲအရာရှိက ပြောခဲ့သလား-မဟုတ်ပါ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုံနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်ပါ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ သတင်းရဲတပ်ဖွဲ့မှ အရာရှိနှစ်ဦးကို နယ်‌ပြောင်းနဲ့ ရာထူးတိုးမြှင့်ခန့်ပယ်ဖျက်နဲ့ ရဲတပ်ဖွဲ့က မကြာသေးခင်က အရေးယူခဲ့ တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရဲအရာရှိတစ်ဦးက ဓာတ်ပုံမှာ “NLD ထက်ကောင်းတဲ့အစိုးရမရှိဘူး။စဉ်းစားမနေနဲ့”လို့ ရေးသားမျှဝေထားတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ထမ်းအားလုံး မကြောက်ကြပါနဲ့ ဘယ်ပါတီကိုဘဲထောက်ခံထောက်ခံ သတ္တိရှိကြပါ အလုပ်ဖြုတ်မရပါဘူး အာဏာနဲ့ ကြက်ဆူစိုက်ခိုင်းတဲ့ခေတ် ကုန်ခဲ့ပါပြီ ဒါတောင် ပြည်ထဲရေးက အစိုးရ လက်အောက်မရောက်သေးလို့ ရောက်လာရင်အားလုံး တရားကိုနတ်စောင့်လိမ့်မယ်” ဆိုပြီးတော့ “‎ကိုဇော် နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ “သတင်းထူး သတင်းဦး သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ ပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading

ဂျင်းက COVID-19 ကိုကာကွယ်ကုသနိုင်တဲ့ အထောက်အထားမရှိပါ

ဂျင်းက COVID-19 ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ဂျင်း ဆားပြုတ်ရည်ကို နာရီဝက်လောက်ကြိုသောက်ထားမယ်ဆိုရင် COVID-19 ပိုးမတွေ့ နိုင်ဘူးလို့လည်း ပြောကြားထားပြီး “ဂျင်း၊ဆားပြုတ်ရည်ဟာ လည်ချောင်းဝ၊ ချွဲအရည်ကြည်မှာ ပိုးကို ခိုကပ်အား မယူနိုင်အောင်၊ ကြာရှည် မနေနိုင်အောင် မောင်းထုတ်နိုင်တယ်ဆိုတာမျိုး ဖြစ်ဖို့များပါတယ်။ သူကြာကြာ မနေနိုင်ရင် ပွားများလာပြီး အဆုတ်နဲ့ ခန္ဓာကိုယ်ကို ဆက်တိုက်ခိုက်ဖို့ အင်အားလျော့နည်းသွားစေတဲ့ သဘောဖြစ်ပါတယ်”လို့ “Min Han”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကရေးသားမျှဝေထားတွေ့ရပါတယ်။ Link Archive link တကယ်တော့ ဒီလိုပြောဆိုချက်ဟာ ကိုယ်ပိုင်ယူဆချက်တစ်ခုဟာဖြစ်ပြီး ဆေးဘက်ဆိုင်ရာမှာ ကာကွယ်ကုသနိုင်တယ်ဆိုတဲ့အထောက်အထားမျိုးမရှိတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အမေရိကန်အမျိုးသားသိပ္ပံအဖွဲ့အစည်းက ဂျင်းကို စားတာဖြစ်စေ ဂျင်းလက်ဖက်ရည်ကို သောက်တာဖြစ်စေ ဂျင်းပါတဲ့ဆေးလုံးကို စားတာဖြစ်စေ ဂျင်းမှုန့်ကို ရှူတာ၊ အစားထဲမှာ […]

Continue Reading

နေ့စားခအပြည့်မရတဲ့အတွက် ပြည်ခိုင်ဖြိုးဆိုင်းဘုတ်တွေ ဖြုတ်ချခံရတယ်ဆိုတဲ့ သတင်းတု

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေစတင်ခဲ့မှုနဲ့အတူ ပါတီအသီးသီးက ရွေးကောက်ပွဲ စည်းရုံးမှုအဖြစ် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် စိုက်ထူမှုတွေ အပြိုင်ဆိုင်ဆောင်ရွက်ချိန် လည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဝန်းသိုမှာဖြစ်သွားတာတဲ့ နေ့စားခပေးတာ နည်းလို့ဆိုပြီး ဆိုင်းဘုတ်ကြီး တွန်းလှဲပစ်ကြ တာ” ဆိုပြီးတော့ “‎Kaung Myat Hmue Eain‎”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ပြည်ခိုင်ဖြိုးပါတီချစ်သူများ USDP GROUP”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ “မိထ္ထီလာမှာတော့ နေ့စားခ ငါးထောင်ပေးမယ်ပြောပြီး၂၀၀၀ပဲပေးလို့ သန်ဌေးပုံပါတဲ့ဆိုင်းဘုတ်ကို ဝိုင်းဖျက်ဆီးလိုက်ကြပြီ”ဆိုပြီးတော့လည်း “Apoi Lo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထား တာတွေ့ရပါတယ်။  ဒီပို့စ်တွေအောက်မှာ မှတ်ချက်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံရေးအောက်လုံးထိုးမှု အဖြစ်ပြောဆိုနေကြတဲ့ မှတ်ချက်တွေအများအပြားလည်းတွေ့ရပါတယ်။ ရွေးကောက်ပွဲဆိုင်းဘုတ်တွေကိုအမှန်တကယ်ဖျက်ဆီးခံရတဲ့ အခြေအနေမျိုးလည်းရှိခဲ့တာကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့ရပါတယ်။ အခုလည်း နေ့စားခပေးတာအငြင်းပွားပြီးအခုလို ဆိုင်းဘုတ်ကို […]

Continue Reading

COVID-19 လူနာအမှတ် ၁၀၆၁ ပတ်သက်တဲ့သတင်းမှားပျံ့နှံ့

COVID-19 တကျော့ပြန်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစပ်ပျံ့နှံ့မှုအများဆုံးဖြစ်ခဲ့တဲ့ သင်္ဃန်းကျွန်မြိုနယ်မှာ ကူးစက်ခံရမှုအများစုဟာ Music Zone KTV နဲ့လည်း စပ်ဆပ်နေတာတွေ့ရပြီး အဲဒီအထဲမှာ လူနာအမှတ် ၁၀၆၁ ကတစ်ဆင့်နောက်ထပ် လူနာ ၈၀ ကျော်အထိ ကူးစက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Music Zone က case 1061 အဖြစ်ဖော်ပြနေတဲ့ အမျိုးသမီးငယ်ဓာတ်ပုံနဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာပျံ့နှံ့လျက်ရှိပါတယ်။ FB Link Achive Link အလားတူပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုမျှဝေနေတာနဲ့ ပတ်သက်ပြီး ဓာတ်ပုံ မူရင်းပိုင်ရှင်က အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းထားတာ တွေ့ရပါတယ်။ “#သတင်းအမှားပါ  #တရားစွဲမှာပါ_၆၆ဃနဲ့_သတင်းအမှားကိုတင်တဲ့သူမှန်သမျှ ညီမပုံနဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ညီမ ဂုဏ်သိက္ခာကျအောင် တင်လိုက်တဲ့ post […]

Continue Reading