COVID-19 ကူးစက်ခံရတဲ့ ၂ လသားကလေးငယ် ဆုံးပြီဆိုတဲ့ သတင်းမှားဖြန့်
တကျော့ပြန် COVID-19 ဟာ ကူးစက်ပျံ့နှံ့မှုနဲ့အတူ လူအများစိုးရိမ်ပူပန်မှုဖြစ်ပေါ်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ “Myanmar Movies”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ရက်စက်လွန်းလှတယ် COVID-19 ရယ် အပြစ်မဲ့တဲ့ ကလေးလေးကိုတောင် မညှာတာဘူး မနေ့ကမှvedioလေးတက်လာလို့ မြန်မြန်သက်သာဖို့ ဆုတောင်းပေးနေတာ ရက်စက်လိုက်တာ covid 19 ရယ်”ဆိုတဲ့ စာသားနဲ့အတူ ကလေးငယ်တစ်ယောက်ရဲ့ နာရေးဓာတ်ပုံတွေနဲ့အတူ အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ပြန်လည်မျှဝေသူ ၅ ထောင် ကျော်ရှိခဲ့ပါတယ်။ Fb link Archive link အလားတူ ပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ြသဂုတ် ၃၁ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်အထိ ြသဂုတ် ၁၆ ရက်က စတင်ခဲ့တဲ့ တကျော့ပြန် ပြည်တွင်းကူးစက်မှုမှာ COVID-19 ရောဂါကြောင့် […]
Continue Reading