Fact Check: Zamioculcas Zamiifolia က ကင်ဆာဖြစ်စေတယ်ဆိုပြီး သတင်းမှားပျံ့နှံ့
အိမ်မှာအလှစိုက်တဲ့ အပင်တစ်မျိုးဟာ ကင်ဆာဖြစ်စေနိုင်တဲ့အထောက်အထားတွေ့ရှိထားတာကြောင့် သတိထား ကြဖို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ “#ကင်ဆာဖြစ်စေသည်အထိအန္တရာယ်ကြီးတဲ့ဒီအိမ်တွင်းအလှစိုက်ပင်ကို အားလုံး သတိထားကြပါ”လို့ ရေးသားပြီး “Thukhita”အမည်နဲ့စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၀၀ ကျော်ရှိပါတယ်။ စာထဲမှာ ဓာတ်ပုံထဲမှာပါတဲ့ အိမ်တွေမှာအလှစိုက်တဲ့အပင်ဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ်လို့မလေးရှားနိုင်ငံမှဆရာဝန်တစ်ယောက်က တွေ့ရှိခဲ့တယ်လို့ရေးသားထားပြီး ကလေးတွေလက်လှမ်းမမှီတဲ့နေရာမှာ ထားကြဖို့ တရုတ်သတင်းစာကြီးတစ်စောင်မှလည်းသတိပေး ဖော်ပြခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ အပင်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီအပင်ဟာ သိပ္ပံအမည် zamioculcas zamiifolia လို့ခေါ်တဲ့ အပင်ဖြစ်တာတွေ့ရပါတယ်။ အတိုခေါက်အားဖြင့် ZZ plant သို့မဟုတ် Zanzibar Gem […]
Continue Reading