Fact Check: သတင်းတုနဲ့အကြောင်းအရာမှားတွေပေးပြီး ကြော်ငြာနေတဲ့ Gluco Pro ဆီးချိုဆေး တကယ်မလုပ်မဖြစ်ပါ

 မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ ဒေါက်တာတစ်ယောက်ဟာ Glucopro ကိုသောက်ဖို့ ညွှန်းတယ်ဆိုပြီး လူတွေကိုနားလည်မှုလွဲစေနိုင်တဲ့ ကြေညာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားမှာပျံ့နှံ့လျှက်ရှိပါတယ်။ မြန်မာနိုင်ငံက endocrinologist၊ တီထွင်သူ၊ ပါမောက္ခ၊ ပညာရှင်၊ နိုဘယ်ဆုနဲ့ အခြားဆေးဘက်ဆိုင်ရာဆုများ အများအပြားရှိတဲ့ Surya Swandito ဆီးချိုရောဂါဖြင့် ရုန်းကန်ခဲ့ရပေမဲ့ အခု GlucoPRO သောက်လို့ပျောက်ပြီလို့ လည်း ဆေးကြော်ငြာကဆိုပါတယ်။ သတင်းတုဖြစ်ပါတယ်။ အဟာရဖြည့်စွက်ဆေးတစ်ခုကို ၂၀၁၇ ခုနှစ်က သေဆုံးသွားပြီဖြစ်တဲ့ အပြင်မှာတကယ်မရှိတော့တဲ့ ဂျပန်ဆရာဝန်တစ်ဦးကို အသုံးပြုပြီး ကြော်ငြာထားတာ တွေ့ရပါတယ်။ တကယ်တော့ ဒီဆေးဟာ တကယ်ပဲ ပြောသလိုအစွမ်းရှိတယ်ဆိုတဲ့အထောက် အထားလည်းမရှိပါဘူး။ အောက်ပါစာသားကတော့ ဘလော့ဂ်ပို့စ်ပါ ဆေးကြော်ငြာထဲက ကောက်နှုတ်ချက်အဖြစ်ပါတယ်။ “ဆီးချိုရောဂါက ကုသလို့ရပြီး ကျန်းမာစွာသင်နေထိုင်နိုင်ပါတယ် အသက် ၉၀ ရှိတဲ့မြန်မာလူမျိုးက သူရဲ့ဆီးချိုရောဂါသက်သာနည်းလျှို့ဝှက်ချက်ကိုဝေမျှခဲ့တယ် မြန်မာနိုင်ငံ၏ ကျော်ကြားသော […]

Continue Reading

Fact Check:  မီးပြတ်လို့ ဂျပန်လျှပ်စစ်ဝန်ကြီးက ပြည်သူတွေကို တောင်းပန်နေပုံလား-မဟုတ်ပါ

ဂျပန်မှာ ရွာငယ်လေး တစ်ရွာမှာ လျှပ်စစ်မီး မိနစ် ၂၀ ကြာပြတ်တောက်ခဲ့သည်အတွက် လျှပ်စစ်ဝန်ကြီးက မီးပြတ်ချိန်အတိုင်း ပြည်သူ့ရှေ့မှောက်မှာ ဦးညွှတ်ပြန်တောင်းပန်ခဲ့တဲ့ပုံအဖြစ် ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ် မှာပျံ့နှံနေတာတွေ့ ရပါတယ်။ ဒီဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဟွန်ဒါ(Honda) ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် တာကဟီရို ဟချီဂို(Takahiro Hachigo)ဖြစ်ပါတယ်။ စင်မြင့်တစ်ခုပေါ်ကနေ အနောက်တိုင်းဝတ်စုံဝတ်အမျိုးသားတစ်ယောက်က စင်အောက်က လူတွေကို ခါးကိုင်း ခေါင်းငုံ့ပြီး တောင်းပန်တယ်လို့ယူဆရတဲ့ဓာတ်ပုံတစ်ပုံပါဝင်ပြီး “ဂျပန်က ရွာငယ်လေး တစ်ရွာမှာ လျှပ်စစ်မီး မိနစ် (၂၀) ကြာ ပြတ်တော က်ခဲ့သည်အတွက် လျှပ်စစ်ဝန်ကြီးမှ ပြည်သူရှေ့ ပြည်သူရှေ့မှောက်မှာ မီးပြတ်တောက်ချိန် နဲ့ ညီမျှတဲ့ မိနစ် (၂၀) ကြာ ဦးညွတ် တောင်းပန်ခဲ့ရ”လို့ရေးသားလည်း ရေးသားထာပါတယ်။ ယဉ်‌ကျေးတဲ့အမူအယာ၊အလုပ်လုပ်တာတိကျမှု၊ အချိန်လေးစားမှုဆိုတဲ့ စကားလုံးတွေဟာ ဂျပန်လူမျိုးတွေရဲ့ […]

Continue Reading