Fact Check: NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာလိုက်တယ်ဆိုတဲ့သတင်းမှား
NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာလိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ“NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာ”လို့ ရေးသားထားသလို ဗွီဒီယိုအစမှာပြတဲ့ ဓာတ်ပုံစာသားထဲမှာတော့ “(၁၉)ရက်နေ့ NLD ပါတီ ဖျက်သိမ်းကြောင်း ကြေညာ မအလ အထူးယုတ်မာပြီ” စသည်ဖြင့်ရေးသားထားပါတယ်။ “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၉ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် NLD ပါတီ ဖျက်သိမ်းပြီလို့ ကြေညာမရှိပါဘူး။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေပြီး […]
Continue Reading