Fact Check: PDF တွေကို ကျည်ပြီးဆေးထိုးပေးမယ်လို့ ဒေါက်တာဇော်ဝေစိုးပြောဆိုတဲ့ သတင်းတု

ရှေ့တန်းက တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို ကျည်မတိုးဆေးထိုးပေးမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုး(NUG)ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုပြီး သတင်းစာဖြတ်ပိုင်းပုံ screenshot တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုပြုလုပ်မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့နေတဲ့ Screenshot ဓာတ်ပုံထဲမှာ ဒေါက်တာဇော်ဝေစိုးဓာတ်ပုံနဲ့အတူ မေ ၁၉ ရက်ကလုပ်တဲ့ NUG နဲ့ CRPH တို့ရဲ့အစည်းအဝေးမှာ သူကပြောကြားခဲ့တာဖြစ်တယ်လို့လည်းရေးသားထားပါတယ်။ “တစ်နှစ်တာကာလအတွင်း ဆရာတို့ တီထွင်မှုတွေ တိုးတက်မြင့်မားလာ တာအထူးပဲဝမ်းမြောက်ရပါတယ်။”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   ဒီလိုမျှဝေထားတဲ့ပို့စ်တွေကို ဖေ့စ်ဘွတ်အသုံးပြုသူကပေးတဲ့ တုန့်ပြန်မှုကို လေ့လာကြည့်ရာမှာ အပြောင် အပျက်အနေနဲ့ မျှဝေထားကို အများစုက […]

Continue Reading

Fact Check: CDM ဝန်ထမ်းတွေကို လစာတိုးပေးဖို့ ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုတဲ့ သတင်းတုသတင်းမှား

CDM ဝန်ထမ်းတွေကို လစာတိုးပေးဖို့ စီစဉ်နေတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုပြီးတော့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ DVB သတင်းဌာနကရေးသားခဲ့တဲ့သတင်းအဖြစ် ဒီ screenshot ဓာတ်ပုံထဲမှာ “CDM ဝန်ထမ်းများအား လစာတိုးရန် စီစဉ်ထားကြောင်း ၂၀၂၂ ခုနှစ် ဧပြီလ (၃၁) ရက်နေ့တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုး ပြောကြား”လို့ ရေးသားထားပြီး ဒေါက်တာ ဇော်ဝေစိုး ဓာတ်ပုံနဲ့အတူ သတင်းဖော်ပြပါရက်စွဲအနေနဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၂ ရက်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ ပြောဆိုမျှဝေထားတဲ့ အကြောင်းအရာဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ NUG ကလစာတိုးဖို့ ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အဖြစ် ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပထမဆုံး ဒီscreenshot ဓာတ်ပုံပါ ဒီဗွီဘီသတင်းဌာနရဲ့ ဝက်ဘ်လိပ်စာကို Google […]

Continue Reading

Fact Check: နွေဦးတော်လှန်ရေးမှ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်ဆိုတဲ့ သတင်းတုသတင်းမှား

နွေဦးတော်လှန်ရေးမှာ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်လို့ ဒေါက်တာဇော်ဝေစိုးပြော တယ်ဆိုပြီး”NUG CRPH PDF CDM Support”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေလျက်ရှိပါတယ်။ သို့သော် ဒီသတင်းဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “နွေဦးတော်လှန်ရေးတွင်မပါသော AAအပါ အဝင် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ကို ဥပဒေနဲ့အညီအရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုး ပြောကြား။ နွေဦးတော်လှန်ရေးမှာမပါတဲ့ရခိုင့်တပ်မတော်အပါအဝင်လက်နက်ကိုင်အဖွဲ့၅ဖွဲ့ကိုဥပဒေနဲ့အရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုးက Video Call ကနေတဆင့်ပြောကြားခဲ့သည်။ ဒေါက်တာဇော်ဝေစိုးကိုဆက်သွယ်မေးမြန်းရာတွင် ဒေါက်တာဇော်ဝေစိုးက ‘အခုနွေဦးတော်လှန်ရေးမှာမပါတဲ့AAနဲ့တခြားအဖွဲ့ ၅ ဖွဲ့ အားလုံးပေါင်း ၆ ဖွဲ့ကို ကျွန်တော်တို့ ဥပဒေနဲ့အညီ အရေးယူပြီးသွားတာနဲ့ လက်နက်ဖျက်သိမ်းခိုင်းမှာပါ၊ လက်နက်မဖျက်သိမ်းရင်တော့ နိုင်ငံတော်ပုန်ကန်မှုနဲ့သူတို့တွေကို တရားစွဲပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးသွားမှာပါ’ဟု ဆိုခဲ့သည်။ လက်ရှိအချိန်တွင် NUGဦးဆောင်သောPDFတပ်ဖွဲ့ဝင်များသည်အရေအတွက်အားဖြင့်၅သိန်းခန့်ရှိကာမြန်မာ့တပ်မတော်ပြီးလျှင်လက်နက်အင်အားအတောင့်တင်းဆုံးအဖွဲ့ဖြစ်ပြီးနိုင်ငံတကာအသိမှတ်ပြုသောတစ်ခုထဲသောမြန်မာနိုင်ငံရှိအစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့စည်းဖြစ်သည်။ #voiceofchina_myanmar Mar 26,2022”လို့ ရေးသားပြီး “NUG CRPH PDF […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်ကဓာတ်ပုံကို ဒေါက်တာဇော်ဝေစိုး အီတလီရောက်နေပုံ အဖြစ်မျှဝေ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး အီတလီနိုင်ငံမှာ ဇိမ်ခံနေပုံအဖြစ် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်အတွင်းက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။   “ခင်ဗျားတို့ကသာ ၊ တောထဲမှာ တိုက်ရင်းသေ၊ သေရင်းတိုက်နေကြတာပါ၊ ဇော်ဝေစိုးကတော့ အီတလီရဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်တွေမှာ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ပြီး အေးအေးလူလူ အနားယာနေလေရဲ့ ၊ တစ်ပတ်တစ်ခါ အွန်လိုင်းပေါ်တက် အေးအေးဆေးဆေး ဆွပေးနေယုံဘဲလေ NUG၊ နောက်ခြောက်လထိ သူတို့ မအောင်မြင်လဲ အေးဆေးပဲလေ ဇော်ဝေစိုးက၊ အ သူတွေခံကြပေါ့၊ ရည်မွန်လဲ အရက်သမားဖြစ်ပြီး ဘဝသာဆုံးသွားမယ် တော်လှန်ရေး တော့အောင်မြင်ဖို့ လမ်းစရယ် မရှိတော့ပါလေ၊ #DGF21NewsKOP1”လို့ရေးသားပြီး “ဝဏ္ဏ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဇန်နဝါရီ ၃ ရက်က မျှဝေ ssထားတာရာမှာ […]

Continue Reading

Fact Check: ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်ကို တိုက်ခိုက်တဲ့ သတင်းတု

ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ဟာ နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်ဆိုပြီးတော့ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံပို့စ်မှာ ပုံနှိပ်မီဒီယာတစ်ခုက သတင်းဖော်ပြထားတဲ့ သတင်းဖြတ်ပိုင်းကို ပြန်လည်မျှဝေဟန်ရှိပြီး မဲခေါင်းသတင်းဌာနက ရေးသားထားတဲ့သတင်းအဖြစ်လည်းဖော်ပြထားပါတယ်။  “သက်ထားမဉ္ဇူ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံပို့စ်ကို မျှဝေထားတာအောက်ပါ အတိုင်းတွေ့ရပါ တယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အမှန်တကယ်မှာ ဒီလိုသတင်းဌာနတစ်ခုက ဖော်ပြဟန်ရေးသားမျှဝေထားတဲ့ ဓာတ်ပုံပို့စ်ဟာ သတင်းတုမျှဝေနေခြင်းသာဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် အချက်အလက်ရှာဖွေကြည့်ရာမှာ မဲခေါင်သတင်းဌာနအမည်နဲ့ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းမီဒီယာလုပ်ငန်းကို Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။ သို့သော်လည်း ဖေ့စ်ဘွတ်မှာ “MeKong News – မဲခေါင်သတင်း” အမည်နဲ့ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ စာမျက်နှာတစ်ခုတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်စာမျက်နှာမှာလည်း […]

Continue Reading

Fact Check: ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ကို ထိုင်းကဖမ်းဝရမ်းထုတ်ထားသလား

ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်တို့ကို မဲဆောက်ရဲစခန်းမှူးက အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ်ထား တယ်ဆိုပြီးတော့ သတင်းစာဖြတ်ပိုင်းပုံဓာတ်ပုံနှင့်အတူ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဦးရည်မွန်နဲ့ ဒေါက်တာဇော်ဝေစိုးတို့ဟာ မဲဆောက်ကနေ ရထားနဲ့ ထွက်ပြေးသွညးတယ်ဆိုလည်း ရေးသားထားပါတယ်။ တကယ်တော့ ဒီလိုသတင်းဟာ သတင်းစာတစ်ခုမှာဖော်ပြထားတဲ့ သတင်းစာဖြတ်ပိုင်းပုံစံလုပ်ပြီး သတင်းတု ဖြန့်ဝေနေခြင်းသာဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ သတင်းစာဖြတ်ပိုင်းပုံဓာတ်ပုံပို့စ်ထဲမှာ“ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံမှ ဝရမ်းပြေး ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့ နှစ်ဦးအား အောက်တိုဘာ ၂ ရက်နေ့က မြန်မာသံရုံး၏ သတိပေးစာ ပေးပို့မှုကို လက်ခံရရှိပြီးသည့်နောက် မဲဆောက်ရဲစခန်း စခန်းမှူး Pol Col Manas Sornprapan က ယနေ့မှာ ဝရမ်းထုတ်ပြီး ၎င်းတို့ ပုန်းအောင်နေရာ မဲဆောက်မြို့ Asian Highway လမ်းမပေါ်က Hop Inn ပါသည်။မြန်မာအစိုးရနှင့် ထိုင်းပြည်ထဲ […]

Continue Reading

Fact Check: PDF တွေကို မိဘတွေဆီ ဒေါက်တာဇော်ဝေစိုးက ပြန်ခိုင်းတယ်ဆိုတဲ့ စာအတု

တော်လှန်ရေးကျဆုံးသွားပြီဖြစ်လို့ PDF တွေ အိမ်ပြန်ကြဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(National Unity Government-NUG)ရဲ့ ပညာရေး နဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ screenshot ဓာတ်ပုံပို့စ်မှာ ဒေါက်တာ ဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Zaw Wai Soe အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကနေ တော်လှန်ရေး ကျဆုံးသွားပြီဖြစ်လို့ လူထုကိုတောင်းပန်ထားပြီး PDF တွေကိုမိဘတွေဆီပြန်ကြဖို့အတွက်လည်း ပန်ကြား ထားပါတယ်။ သို့သော် ဒေါက်တာဇော်ဝေစိုးက ဒီစာဟာအတုဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။  “မေပိုင်ဦး”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၀ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကိုဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေ မှာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: NUGက ပိုက်ဆံထုတ်မယ်ဆိုတာ မဟုတ်ပါ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုင်ငံတကာ အဆင့်မီ တန်ဖိုးမြင့် ငွေကြေးတစ်ရပ် ထုတ်ဝေရန် စီစဉ်နေတယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။  ဒီပို့စ်ဟာ ဖေ့စ်ဘွတ်သုံးစွဲသူတွေကို နားလည်မှုလွဲစေနိုင်တာ တွေ့ရပါတယ်။ NUG ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဒီသတင်းဟာ မှားယွင်းကြောင်း မဇ္ဈိမမီဒီယာကို ဖြေကြားထားတာတွေ့ ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ “NUG money ထုတ်ဝေတော့မည်”လို့ ခေါင်းစဉ်တပ်ထားပြီး ငွေစက္ကူထုတ်လုပ်မှုမှာ ဒေါက်တာဇော်ဝေစိုးက ဉက္ကဌအဖြစ် တာဝန် ယူမှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ ငွေစက္ကူမှာ အနီရောင် တောက်ပသော ကြိုးအလယ်တွင် နွေဦးတော်လှန်ရေးစာသား လုံခြုံရေးကြိုးပါဝင်မှာဖြစ်ပြီး ရေစာ(Water Mark) နေရာတွင် လက်သုံးချောင်းသင်္ကေတနှင့် CDM အမှတ်အသားအား ဂုဏ်ပြုထည့်သွင်း သွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာသုံး၍ ကမ္ဘာမကြေဘူး သီချင်းအား ကြိုးပြားတွင် လျှပ်စစ်သံလိုက် […]

Continue Reading

Fact Check: သေနတ်ကျည်ထိမှန်ကျဆုံးခဲ့သည့် ဆေးကျောင်းသား ကိုခန့်ညားဟိန်းကို ဒေါက်တာဇော်ဝေစိုးရဲ့ သားအဖြစ်ဖော်ပြနေ

တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်က တာမွေရဲစခန်းရှေ့မှာ မတ်လ ၁၄ ရက်နေ့က ကျဆုံးသွားတဲ့ ဆေး (၁) ကျောင်းသား မောင်ခန့်ညားဟိန်းဟာ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးနဲ့ သားအဖတော်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူအကြားမျှဝေနေတာတွေ့ရပါတယ်။ သို့သော်လည်း ဆန္ဒပြရင်း ကျဆုံးခဲ့တဲ့ကိုခန့်ညားဟိန်းရဲ့ ဖခင်ဟာ ဉီးသိန်းဇော်ဖြစ်တာတွေ့ရပါတယ်။  “online ပေါ်က သီချင်းကောင်းများ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ဆရာဇော်ဝေစိုးသားအသတ်ခံလိုက်ရပြီ လူကို ခွေးကိုက်ခြင်း တခု”လို့ ရေးသားပြီး မတ်လ ၁၅ ရက်နေ့က ရေးသားမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ  မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb  link |  Archive link အချက်အလက်စိစစ်ချက် ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်ဟာ ဒေါက်တာဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ကိုဗစ်ပြန်ဖြစ်တာ အနောက်တံခါးမလုံလို့ဖြစ်တာလို့ ဒေါက်တာဇော်ဝေစိုးပြောခဲ့သလား

ကိုဗစ်နိုင်တင်းပြန်ဖြစ်တာဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ် အနောက်တံခါးမလုံလို့ဖြစ်တဲ့ အကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခ၊ ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်ဝေစိုးကပြောကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ခုလိုဖြစ်ကုန်တာ အနောက်တံခါး မလုံလို့  ဖြစ်ကုန်တာ ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်၊ ရခိုင်ကနေ ရန်ကုန် အကုန်ကူးစက်ကုန်ကုန်တာပါဟု ဒေါက်တာဇော်ဝေစိုးကရှင်းလင်းပြောကြားခဲ့။ ခုလိုမဖြစ်ခင်ထဲက တနိုင်ငံလုံးက အနောက်တံခါးကို LOCK DOWNချဖို့ ဝိုင်းအော်နေတာ  ပိတ်မှမပိတ်တာဗျာ၊ ခုလိုဖြစ်တော့ကျွန်တော့်မှာ တာဝန်ရှိပါတယ်လို့  ဘယ်သူကမှ ဝန်မခံတော့ဘူး”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ‌ဒေါက်တာဇော်ဝေစိုးက ဒီလိုပြောတယ်ဆိုတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာမှာ ဖော်ပြချက်တစ်စုံတရာ မတွေ့ရပါ ဘူး။ ဒေါက်တာဇော်ဝေစိုးရဲ့ အင်တာဗျူးဖြေဆိုထားတာတွေမှာလည်း မတွေံရပါဘူး။ ဒါ့ကြောင့် ဒေါက်တာဇော်ဝေစိုးကို […]

Continue Reading