Fact Check: မော်လ်တာက မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကို ကောင်းတပ်ရွာပေါက်ကွဲမှု အဖြစ် မျှဝေနေတဲ့ ဗွီဒီယိုသတင်းမှား

TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ  ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ရမှုသတင်းဟာ လူမှုကွန်ရက်အသုံးပြုသူတွေအကြား ပြောဆိုမျှဝေမှုများပြားခဲ့ပြီး ဒီအထဲမှာ ပေါက်ကွဲမှုတခုကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတခုလည်းပါဝင်တယ်။ ဒါပေမဲ့ အဲ့ဒီဗွီဒီယိုဟာ မော်လ်တာ(Malta)နိုင်ငံမှာ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုဖြစ်စဉ်က ဖြစ်တာတွေ့ရတယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ကောင်းတပ်ရွာ ပေါက်ကွဲမှုဆိုတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ မူလမျှဝေမှုကို ဒီနေရာမှာတွေ့ရတယ်။   “”31/5/2026. နမ့်ခမ်း ကောင်းတပ်ရွာ ပေါက်ကွဲမှု” နမ်းခမ်းTNLA.လက်ပစ်ဗုံးထုတ်လုပ်ရာဝါရာရှော့ဖြစ်ပီးပေါက်ကွဲ.တရုတ်ပညာရှင်(25)ဦးနဲ့(170)ဦးသေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် အဲဒီပိုစ့်မှာ ၇ စက္ကန့်ကြာတဲ့ အကြီးစားပေါက်ကွဲမှု ဗွီဒီယိုတစ်ခုပါဝင်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့တာတွေ့ရတယ်။ ဒီဗွီဒီယိုပါ မြင်ကွင်းတွေကို  ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၂၆ ခုနှစ် ဇွန် […]

Continue Reading

Fact Check: ရန်ကုန်က သင်္ကြန်မဏ္ဍပ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အများအပြားသေဆုံးတဲ့ သတင်းတု

သင်္ကြန်အကျနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အများအပြားသေဆုံးခဲ့ တယ်လို့ ဆိုထားတဲ့  ဗွီဒီယိတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ ဧပြီ ၁၄ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၅၃၀၀၀ ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “သင်္ကြန် အကျနေ့ ရန်ကုန် သွေးလူးနေရပြီ ရန်ကုန် မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ် ဗုံးပေါက်လို့ ဘောမအနုပညာရှင်တွေအပါ (၁၂၀) ခန့် သေဆုံး”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်မြို့တော်ခန်းမရှေ့က မဟာသင်္ကြန်မဏ္ဍပ်မှာ ပြင်းထန်တဲ့ […]

Continue Reading