Fact Check:စစ်တပ်ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံချက်ဆိုတဲ့ အသံဖိုင် သတင်းတု
ရာထူးကဖြုတ်ချခံရတဲ့ စစ်တပ်ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဝန်ခံချက်ဆိုပြီး အရပ်ဘက်အသွင်းပြောင်းအစိုးရခေါင်းဆောင် တဖြစ်လဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဏာရူးသူအဖြစ် ဝေဖန်ထားတဲ့ အသံဖိုင်တခု ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဗွီဒီယိုပုံစံနဲ့ဖော်ပြထားတဲ့ အသံဖိုင်ထဲမှာတော့ စစ်ခေါင်းဆောင် အလိုကျ သူက သတင်းစာရှင်းလင်းပွဲတွေမှာ လိမ်ညာပေးခဲ့ရပေမဲ့ သူ့လို သစ္စာရှိတဲ့ သူကိုတောင် အချိန်တန်ရင် ချနင်းတတ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာမက်ပြီး ဘယ်သူ့ကိုမဆို ချနင်းဖို့ ဝန်မလေးတဲ့အကြောင်း အဓိက အားဖြင့် ပြောကြားထားတယ်။ “ဗိုလ်ချုပ်ဇော်မင်းထွန် ပြည်သူကိုတောင်းပန်နေတဲ့ရုပ်သံ” (မူရင်းအရေးအသား) Original link | Archive link ဒီအသံဖိုင်ကို ဒီနေရာမှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ […]
Continue Reading
