Fact Check: ချောင်းဦး PDF က စပါးရိတ်တဲ့ တောင်သူတွေဆီက အခွန်ကောက်နေတဲ့ မြင်ကွင်း ဓာတ်ပုံလား-မဟုတ်ပါ

Misleading နိုင်ငံရေး | Politics

ချောင်းဦးPDF အဖွဲ့မှ စပါးရိတ်သိမ်းတဲ့တောင်သူလယ်သမားတွေဆီကနေ စပါးတစ်တင်းကို ၂၀၀၀ ကောက်နေ တယ်လိုဆိုပြီး ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ သေနတ်ကိုင်ထားသူအချို့ရဲ့နောက်မှာ စပါးရိတ်စက်နဲ့ စပါးရိတ်နေတဲ့ မြင်ကွင်းပါဝင်ပါတယ်။

“ချောင်းဦးPDF အဖွဲ့မှ စပါးရိတ်သိမ်းသည့်တောင်သူလယ်သမားများအား

စပါးတစ်တင်းကို ၂၀၀၀ ကောက်

ချောင်းဦးPDF အဖွဲ့မှ ချောင်းဦးမြို့နယ်အတွင်းရှိ

စပါးရိတ်သိမ်းနေသောတောင်သူလယ်သမားများအား

စပါးတစ်တင်းထွက်ပါက ၂၀၀၀ ကျပ်

၁၀၀ ထွက်ပါက ၂၀၀၀၀၀ ကျပ်တော်လှန်ရေး

ရံပုံငွေအဖြစ်ကောက်ခံနေတယ်လို့သိရှိရ

Crd”လို့ရေးသားပြီး“Aye Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီး အောက်ပါအတိုင်းမျှဝေထား ပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ပထမဆုံးဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီပုံဟာ ဧပြီ ၁ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ အမျိုးသားညီးညွှတ်ရေးအစိုးရ(NUG)ရဲ့ ကျန်းမာရေးနဲ့ ပညာရေး ဝန်ကြီး ‌ဒေါက်တာဇော်ဝေစိုးက “မြေပြင်စိုးမိုးမှုရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ဖို့အတွက် နောက်ထပ်ခြေလှမ်းတစ်ခု-ချောင်းဦးမြို့နယ်တွင် ဒေသခံများစပါးရိတ်သိမ်းနိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်က အကာအကွယ်ပေးနေစဉ်” လို့ ရေးသားထားပြီး ၎င်းရဲ့ တွစ်တာက တစ်ဆင့် မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Zaw Wai SoeArchive link  

ထို့အတူ ယခုဓာတ်ပုံတွေအပါအဝင် ဓာတ်ပုံ ၄ ပုံကို “Min Myat Naing”အမည်နဲ့တွစ်တာအသုံးပြုသူက  “စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ကင်းမွန်တော်ရွာက ပျူစောထီးနဲ့ စစ်သားများက ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်များကို ရှင်းလင်းရင်း ဒေသခံများကောက်ရိတ်တာကို ခေျာင်းဦး PDF ရဲဘော်များက လုံခြုံရေးပေးနေပါတယ်”လို့ ရေးသားပြီး မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Min Myat NaingArchive link  

ချောင်းဦး PDF က စပါးတစ်တင်းကို ကျပ် ၂၀၀၀ ကောက်မ‌ကောက်ကတော့ Fact Crescendo အနေနဲ့ ဆက်သွယ်အတည်ပြုနိုင်ခြင်းမရှိပါဘူး။ သို့သော်လည်း အမျိုးသားညီညွှတ်ရေအစိုးရ(NUG)က ဒေသကာကွယ်ရေးတပ်တွေအနေနဲ့အခွန်အခကို ကောက်ခံနိုင်တယ်လို့  ပြဌာန်းခွင့်ပြုထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ချောင်းဦး PDF တွေက စပါးရိတ်နေတဲ့သူတွေကို အကာအကွယ်ပေးနေပုံ အဖြစ်မျှဝေထားတဲ့ ဓာတ်ပုံတွေကို စပါးကွင်းအထိလိုက်ပြီး အခွန်‌ကောက်နေပုံအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်

Avatar

Title:Fact Check: ချောင်းဦး PDF က စပါးရိတ်တဲ့ တောင်သူတွေဆီက အခွန်ကောက်နေတဲ့ မြင်ကွင်း ဓာတ်ပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *