ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်လာ နေပါတယ်။ ဒီလိုအခြေအနေမှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်သံတွေနဲ့အတူ အဝေးက တောတန်းတစ်နေရာမှာ မီးခိုးဖြူတွေအူတက်လာနေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုကို AA နဲ့ မြန်မာစစ်တပ်ရဲ့တိုက်ပွဲအဖြစ် ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။

သတင်းမှားတစ်ခုဖြစ်ပါတယ်။ ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပြီး အိန္ဒိယ-ပါကစ္စတန်နယ်စပ် ကတ်ရှ်မီးယားဒေသမှာ ပစ်ခတ်မှုအဖြစ်အပျက်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။

“AA ရဲ့စကေးကြမ်းချက်.....

စကစအတွက်တော့ မတွေးဝံ့စရာပဲ...

(9.9.2022) ရက်နေ့...

Credit ###”လို့ ရေးသားပြီး “Ayarwaddy Channel” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ကအောက်ပါအတိုင်းမျှ ဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်က ကတ်ရှ်မီးယားဒေသ အိန္ဒိယ-ပါကစ္စတန်နယ်စပ်မျဉ်းနားမှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ပါကစ္စတန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ “khabarwalay” အမည်နဲ့ youtube မှာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၀ ရက်ကတင်ထားတဲ့ ၁ မိနစ်ကျော်ရှည်လျားတဲ့ မူလဗွီဒီယိုကို အောက်မှာကြည့်ပါ။

မူရင်းလင်ခ့် – Khabarwalay | Archive link

ပြီးခဲ့တဲ့ ဧပြီလထဲမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တောင်ပိုင်းဒေသဖြစ်တဲ့ ဖလူးဒေသကို စစ်တပ်က တိုက်ခိုက်မှုဗွီဒီယိုဆိုပြီးဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ဖူးပြီး Fact Crescendo Myanmar ကအချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပြီး အိန္ဒိယ-ပါကစ္စတန်နယ်စပ် ကတ်ရှ်မီးယား ဒေသမှာ ပစ်ခတ်မှုအဖြစ်အပျက်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဗွီဒီယိုဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော်(AA)တို့အကြားတိုက်ပွဲနဲ့ ပတ်သက်ခြင်းမရှိပါဘူး။

Avatar

Title:Fact Check: AA နဲ့ စစ်ကောင်စီတိုက်ပွဲ ဗွီဒီယိုလား - မဟုတ်ပါ

Fact Check By: Nayar Maung

Result: False