Fact Check: အိန္ဒိယမှာ တန်ခိုးရှိတယ်လို့ ယူဆပြီး ပျံသန်းဖို့ ကြိုးစားရင်း ဟိန္ဒူ ဘုန်းတော်ကြီး တပါး ပြုတ်ကျသေဆုံးမှုလား- မဟုတ်ပါ
အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒေ့ရှ်(Andhra Pradesh)ပြည်နယ်မှာ တန်ခိုးရှိပြီး ပျံသန်းနိုင်တယ်လို့ ယုံကြည်ခဲ့တဲ့ ဟိန္ဒူဘုန်းတော်ကြီး တပါး ပျံသန်းပွဲအခမ်းအနားမှာပဲ ကမ်းပါးက လိမ့်ကျသေဆုံးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့အတူ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရတယ်။နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမျှဝေမှုသာ ဖြစ်တယ်။ ဘာသာရေးပွဲတခုလို့ ယူဆရတဲ့ ပွဲတခုကို ဟိန္ဒူဘုန်းတော်ကြီးတပါးက ယုံကြည်သူတွေနဲ့ ခြံရံလျက် တောင်စွန်း တခုမှာပြုလုပ်နေတာ ဒီဗွီဒီယိုထဲမှာ မြင်တွေ့ရပြီး မကြာခင်မှာပဲ ဘုန်းတော်ကြီးဟာ တောင်အောက်ကို ပြုတ်ကျသွားခဲ့တာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ Burma Insight အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ ဒီပို့စ်ဟာ လက်ရှိအချိန်အထိ ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်နဲ့ ကြည့်ရှု့မှုပေါင်း ၅ သိန်းဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း […]
Continue Reading
