Fact Check: ကရင်ပြည် ဖလူးဒေသကို စစ်တပ်က တိုက်ခိုက်နေတဲ့ဒီဗွီဒီယိုလား-မဟုတ်ပါ

Misleading နိုင်ငံရေး | Politics

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တောင်ပိုင်းဒေသဖြစ်တဲ့ ဖလူးဒေသကို စစ်တပ်က တိုက်ခိုက်မှုအဖြစ် ဗွီဒီယိုတစ်ခုဟာ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ စက္ကန့် ၃၀ ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ တောအုပ်တစ်ခုထဲမှာ ပစ်ခတ်သံ ပေါက်ကွဲသံတွေနဲ့အတူ မီးခိုးတွေအူနေတာကို အဝေးတစ်နေရာက ရိုက်ကူးထားတဲ့ မြင်ကွင်းတွေပါဝင်ပြီး ဗွီဒီယိုရိုက်ကူးရက်စွဲအဖြစ် “20.4.2022”လို့လည်းရေးသားထားပါတယ်။

တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယ-ပါကစ္စတန်နယ်စပ် ကတ်ရှ်မီးယားဒေသမှာ ၂၀၁၉ ခုနှစ်က ပစ်ခတ်မှုအဖြစ်အပျက်ကို ရိုက်ကူးထားဖြစ်ပါတယ်။

ဒီဗွီဒီယိုနဲ့အတူ “Zaw Min Hlaing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“pdfတောင်ပိုင်းလို့ပြောနေတဲ့ ဖလူးဒေသ ကိုစိုးမိုနိုင်ပါတော့မည်…ဘောကျော်ဟဲ..ကတော့ထိုင်းဖက်ကိုပြေးပြီလို့သတင်းရပါတယ်… စခန်းအားလုံး ကိုထိချက်ကောင်းပါတယ်…ထိုင်းဖက်ထွက်ပေါက်ဖြစ်တဲ့…မဲကုနွဲ..ကျောက်ခက်တလျှေက်လဲပိတ်ထားနိုင်ခဲ့ပါပြီလို့…..👌” စသည်ဖြင့် ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀ ရှိပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အခြားသောဖေ့စ်ဘွတ်အသုံးပြုသူ “သခင် မုန်တိုင်း”အမည်နဲ့အကောင့်ကလည်း “ပြေးလိုက်ကြတာ သေလိုက်ကြတာ”လို့ရေးသားပြီး တူညီတဲ့ ဗွီဒီယိုကိုမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

 ဓာတ်ပုံကို Google မှာ ပုံပြန်လည်ရှာဖွေနည်းနဲ့ အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယို ဟာ ၂၀၁၉ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ခဲ့ရပါတယ်။

ပါကစ္စတန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ “khabarwalay” အမည်နဲ့ ယူကျူ့(youtube)မှာ “အဇတ်ကတ်ရှ်မီယားဒေသ အဘာစပါး(Abbaspur)အပိုင်း နယ်စပ်မျဉ်းမှာ အိန္ဒိယက ပစ်ခတ်နေစဉ်”လို့ရေးသား ထားပါတယ်။ မူလဗွီဒီယိုဟာ ၁ မိနစ်ကျော်ရှည်လျားပါတယ်။

မူရင်းလင်ခ့် – KhabarwalayArchive link  

အခြားတွစ်တာအကောင့်တစ်ခုမှာလည်း ဒီဗွီဒီယိုကိုတွေ့ရပါတယ်။

https://twitter.com/syedumershah313/status/1209163644434632705

မူရင်းလင်ခ့် – Syed Mohammad Umer QadriArchive link

ဖလူးဒေသတိုက်ခိုက်မှုမြင်ကွင်းလို့ဆိုထားတဲ့ ဗွီဒီယိုပါမြင်ကွင်းနဲ့ ၂၀၁၉ ခုနှစ်ကတ်ရှ်မီယားဒေသက အဖြစ် ဖော်ပြထားတဲ့ ဗွီဒီယိုပါ မြင်ကွင်း စခရင်ရွှတ်(screenshot)ကို အောက်ပါအတိုင်းနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဗွီဒီယိုဟာ အိန္ဒိယ-ပါကစ္စတန်နယ်စပ်မှာ ၂၀၁၉ ခုနှစ်က ပစ်ခတ်မှုအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: ကရင်ပြည် ဖလူးဒေသကို စစ်တပ်က တိုက်ခိုက်နေတဲ့ဒီဗွီဒီယိုလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *