Fact Check: ကိုဗစ်ကုသရေးပစ္စည်းတွေ တင်သွင်းခွင့် ပိတ်ပင်တာဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ဆိုတဲ့ သတင်းတု

Missing Context လူမှုရေး

ကိုဗစ်-၁၉(COVID-19)ကုသရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို တင်သွင်းခွင့် ပိတ်ပင်မှုဟာ အကြမ်းဖက်စစ်ကောင်စီက လူမျိုးတုန်း သတ်ဖြတ်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တယ်ဆိုပြီးတော့ screenshot ဓာတ်ပုံပို့စ် တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ 

ဒီသတင်းဟာ မှားယွင်းပါတယ်။ ကုလသမဂ္ဂက ဒီလိုထုတ်ပြန်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရဘဲ မျှဝေနေတဲ့ screenshot ဟာလည်း ကုလသမဂ္ဂရဲ့ တွစ်တာစာမျက်နှာကို တုပထားတဲ့ စာမျက်နှာတစ်ခု သာဖြစ်တာတွေ့ရပါတယ်။

“ကုလသမဂ္ဂမှထုတ်ပြန်ထားပြီ

ကိုဗစ်၁၉ နဲ့ပါတ်သတ်ပြီး ဆေးဝါး အထောက်အကူပြုအသုံးအဆောင် တွေကိုတားဆီးပိတ်ပင်ခြင်းဟာ လူမျိုးတုန်းသတ်ဖြတ်ခြင်းနဲ့ အကျုံးဝင်တယ်လို့ထုတ်ပြန်”လို့ ရေးသားပြီး “ဦးအောင် ဇော်” အမည်နဲ့ ဖေ့စ် ဘွတ်အသုံးပြုသူက ဇူလိုင် ၁၂ ရက်က ဒီဓာတ်ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁ထောင်ဝန်းကျင်ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ကုလသမဂ္ဂရဲ့ တရားဝင် တွစ်တာ(twitter)စာမျက်နှာမှာရှာဖွေရာမှာ ကိုဗစ်ကုသရေးနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေ တင်သွင်းမှုပိတ်ပင်တာဟာ လူမျိုးတုန်းသတ်ဖြတ်မှု(Genocide)မြောက်တယ်လို့ screenshot ဓာတ်ပုံမှာပါသလို ရေးသားထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ 

အခြားသော လွတ်လပ်တဲ့ သတင်းဌာနတွေမှာလည်း ဒီလို ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။

ယခုပျံ့နှံ့လျှက်ရှိတဲ့ screenshot အရ တွစ်တာစာမျက်နှာ လိပ်စာဟာ @unnew8 ဖြစ်တာတွေ့ရပါတယ်။ ဒီလိပ်စာအတိုင်း တွစ်တာမှာ ရှာဖွေကြည့်ရာမှာ United nations စာမျက်နှာ တစ်ခုကို တွေ့ရပါတယ်။ ဒီစာမျက်နှာဟာ မြန်မာနိုင်ငံအကြောင်းတွေကို အဓိကဖော်ပြနေတဲ့ စာမျက်နှာ တစ်ခုဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ကို တုပပြုလုပ်ထားတဲ့ တွစ်တာစာမျက်နှာတစ်ခုဖြစ်တာတွေ့ရပါတယ်။ 

ကုလသမဂ္ဂရဲ့ တရားဝင် တွစ်တာ စာမျက်နှာရဲ့ လိပ်စာဟာ @un ဖြစ်ပါတယ်။ ထို့အပြင် ဒီတရားဝင်စာမျက်နှာ တွစ်တာက အတည်ပြုထားတဲ့ အပြာရောင်အမှန်ခြစ်ကလေးလည်းပါရှိပါတယ်။  စာမျက်နှာနှစ်ခုကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

ကိုဗစ်ကုသရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို တင်သွင်းခွင့် ပိတ်ပင်မှုဟာ အကြမ်းဖက်စစ်ကောင်စီက လူမျိုးတုန်း သတ်ဖြတ်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ တရားဝင်စာမျက်နှာက ထုတ်ပြန်ထားတယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:ကိုဗစ်ကုသရေးပစ္စည်းတွေ တင်သွင်းခွင့် ပိတ်ပင်တာဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *