
Covid 19 ရိုက်ခတ်မှုကို အလူးလဲခံစားနေရတဲ့အိန္ဒိယနိုင်ငံရဲ့ လက်ရှိအခြေအနေအဖြစ် လမ်းတွေပေါ်မှာ လူအတော်များများလဲကျခဲ့တဲ့အခြေအနေ၊ ကူညီကယ်ဆယ်ရေးကားသံတွေပါဝင်တဲ့ ဗွီဒီယိုဖိုင်နဲ့ အတူ ရေးသားမျှဝေလျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။
၂ မိနစ်နဲ့ ၈ စက္ကန့်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ သွားရင်းလာရင်းနဲ့ လူတွေလမ်းမပေါ်မှာ လဲကျနေပုံကို ရိုက်ပြထားပြီး ကူညီကယ်ဆယ်ရေးကားြသဆွဲသံတွေ လူအများအပြားမြေပြင်မှာလဲကျနေတဲ့ အချို့ပါဝင်ပါတယ်။
သို့သော်လည်း ဒီဖြစ်စဉ်ဟာ ကိုဗစ်ကပ်ရောဂါပိုးနဲ့သက်ဆိုင်ခြင်းမရှိဘဲ အိန္ဒိယမှာ ပလက်စတစ်စက်ရုံက ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူအများအပြား မူးဝေလဲကျခဲ့ခြင်းဖြစ်စဉ်ကို ရိုက်ပြထားတဲ့ ဗွီဒီယိုဖိုင် ဖြစ်ပါတယ်။
“Covid 19 ဒုတိယလှိုင်း ရိုက်ခတ်မှုကို အလူးလဲခံစားနေရတဲ့ ယခုလက်ရှိအိန္ဒိယနိုင်ငံရဲ့ အခြေအနေ။ (မူရင်းအရေးအသား)”လို့ “T Media”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၃ ရာ ဝန်းကျင်ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီဗွီဒီယိုဟာ အန္ဒိယနိုင်ငံမှာ မေ ၇ ရက်က Andhra Pradesh ပြည်နယ် Visakhapatnam မြို့က ပလက်စတစ် စက်ရုံမှာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ထက်မနည်းသေဆုံးပြီး လူပေါင်းများစွာဆေးရုံတင်ခဲ့ရတဲ့ သတင်းဖော်ပြချက်ဗွီဒီယိုဖြစ်ပါတယ်။
မူရင်းလင်ခ့် – The Times of India | Archive link
၂၀၂၀ ခုနှစ် မေလထဲမှာလည်း ဒီဗွီဒီယိုဖိုင်ဟာ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် လဲကျနေပုံအဖြစ် မျှဝေခဲ့ဘူးပြီး Fact Crescendo Myanmar အချက်အလက်စိစစ်ဖူးပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
ဒီဗွီဒီယိုဟာ အိန္ဒိယနဲ့ သီရိလင်္ကာမှာလည်း ကိုဗစ်ကြောင့် လဲကျသေဆုံးတဲ့မြင်ကွင်းအဖြစ် မျှဝေခဲ့ပြီး အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း တွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ Covid 19 ရိုက်ခတ်မှုကို အလူးလဲခံစားနေရတဲ့အိန္ဒိယနိုင်ငံရဲ့ အခြေအနေအဖြစ် မျှဝေနေတဲ့ဗွီဒီယိုဖိုင်ဟာ ၂၀၂၀ ခုနှစ် မေ ၇ ရက်က Andhra Pradesh ပြည်နယ် Visakhapatnam မြို့က ပလက်စတစ်စက်ရုံမှာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားပြီး လူတွေ မူးလဲကျခဲ့ ပုံကိုရိုက်ပြထားတဲ့ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။

Title:Fact Check: အိန္ဒိယမှာ ကိုဗစ်ကြောင့်လဲကျနေတဲ့မြင်ကွင်းမဟုတ်ပါ။ Vizag ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူတွေမူးလဲကျတဲ့မြင်ကွင်းဖြစ်ပါတယ်
Fact Check By: Nayar MaungResult: False