
ယခုရက်ပိုင်းအတွင်းမှာ မဲစာရင်းနဲ့ မဲစာရွက်အထောက်အထားတွေ မီးရှို့ဖျက်ဆီးတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေမှုအားကောင်းနေတာတွေ့ရပါတယ်။ ယင်းတို့အထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၁၅ရွေးကောက်ပွဲက မဲလက်မှတ်တွေနဲ့ စာရွက်စာတမ်းတွေကို ထိန်းသိမ်းဖို့နေရာအခတ်ခဲရှိတာကြောင့် ဇန်နဝါရီလ ၆ ရက်နေ့က မီးရှို့ဖျတ်ဆီးရာမှာ ၂၀၂၀ရွေးကောက်ပွဲက မဲလက်မှတ်တွေနဲ့ စာရွက်စာတမ်းတွေကို ရောပြီး ဖျက်ဆီးလိုက်တယ် ဆိုတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။
ဒီပို့စ်မှာ”***ရွှေမြင်သာအမှိုက်ကျင်း ကတောက်ခေါက်သံ***စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် **ဝက်လက်မြို့**
6-1-2021 နေလည် ဆယ့်တစ်နာရီ ကျော်မှာ ရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၁၅ရွေးကောက်ပွဲ မဲလက်မှတ်များ မီးရှော့ဖျတ်စီးရာတွင် မဲလက်မှတ်များထည့်ထားသော ပီနံအိပ် ၃၂၇ အိပ်ထဲမှ ၂၀၂၀ ရေးထိုးထားသော ချိတ်ပိတ်ထားသည့် ပီနံအိပ် ၂၈ အိပ်ပါဝင်နေပါသည်။ အသည်းကြားကမဲတစ်ပြားပေါင်းများ စွာထည့်ထားတဲ့ ဒီအိတ်ကြီးတွေက သူဟာသူ ကားပေါ်၊်ခုန်တက်ကြ လေသလားဗျာ”လို့ရေးသားထားပို့စ်ကို screenshotရိုက်ထားတဲ့ပုံနဲ့အတူ မဲစာရွက်အိတ်တွေကို မီးရှို့နေတဲ့ ပုံတွေကို “ချိတ်ပိတ် ထားသော ၂၀၂၀ ပီနံအိတ် ၂၈ အိတ်ပါ မီးရှို့ သော အိတ်များထဲ တွင် ပါဝင် လျှက်ရှိ”လို့ အညွှန်းတပ်ထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြာ့်ရှူ့နိုင်ပါတယ်။ ဒီပို့စ်ကိုပဲ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်ကူးယူ ဖော်ပြနေတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဒီလိုရေးသားနေတာတွေနဲ့ပတ်သက်ပြီး ရွှေဘိုခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ အတွင်းရေးမှူး ဦးအောင်မင်းဦးကို Fact Crescendo Myanmarက ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ “၂၀၂၀က မဲထုတ်တွေပါသွားတဲ့အထိတော့ မှန်တယ်ဗျ၊ နောက်ပိုင်းကိုတော့ ကိုယ်လိုရာကို ရေးကြတာနဲ့တူပါတယ်။ အမှန်က အလုပ်သမားငှားပြီး ဒီအထုတ်တွေကားပေါ်တင်တော့ ၂၀၂၀နဲ့ ၂၀၁၅အထုတ်တွေက ဟိုဘက်တပုံ ဒီဘက်တပုံ ပုံထားတော့ အလုပ်သမားတွေက မှားပြီး ကားပေါ်တင်သွားတာပါ၊ သက်ဆိုင်ရာမြို့နယ်ကော်မရှင်ရဲ့ အားနည်းချက်တွေလည်းပါတာပေါ့၊ မီးမရှို့ခင် အထုတ်တွေကို ဓာတ်ပုံရိုက်မှတ်တမ်းတင်တော့မှ ဒီလိုတွေပါလာ ပါလားဆိုပြီး ပြန်ရွေးကြ ပြီးတော့ ကော်မရှင်ရုံးကို ပြန်ပို့ကြ၊ ဆက်လုပ်ကြရတာပေါ့လေ၊ ဒီလိုမီးရှို့ခါနီး ဖြစ်စဉ်တစ်ခုလုံးကိုလည်း ပါတီတွေက ကိုယ်စားလှယ်တွေ၊ မြို့နယ်ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့ ဒီလိုမျိုးအများကို ဖိတ်ပြီး အများရှေ့မှာပဲလုပ်တာပါ။ မှားပါလာတာကိုသာ ဓာတ်ပုံရိုက်ထားတာတွေရှိတော့ ဖွချင်တဲ့သူတွေက အဲ့အပိုင်းထိပဲ ရေးတင်ကြတာ၊ နောက်ပိုင်းဖြစ်စဉ်ကို ချန်ထားခဲ့ကြတာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဉပဒေ ၈၆ (ခ)အရ ရွေးကောက်ပွဲမဲစားရင်းနဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းတွေကို နောက်တကြိမ်အထွေထွေရွေးကောက်ပွဲပြီးချိန်ထိ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၄ရက်နေ့က ထုတ်ပြန်ကြေငြာထားတာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဝက်လက်ရွေးကော်က ၂၀၂၀မဲလက်မှတ်တွေကို ၂၀၁၅မဲလက်မှတ်တွေနဲ့ ရောပြီး မီးရှို့ဖျက်ဆီးလိုက်တဲ့သဘောမျိုးရေးသားနေတာဖြစ်ပါတယ်။

Title:ဝက်လက်ရွေးကော်က ၂၀၂၀မဲလက်မှတ်တွေကို ၂၀၁၅မဲလက်မှတ်တွေနဲရောပြီး ဖျတ်ဆီးလိုက်တယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: Exapliner