Fact Check: တနင်္သာရီမှာ PDF တွေမိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၉၀၀ သေဆုံးတဲ့ ချဲ့ကားထားတဲ့ သတင်းမှား
မတ် ၁၁ ရက်က တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉၀၀ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့ခဲ့တာဟာ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ တကယ်တော့ မူရင်းက သတင်းဖော်ပြချက် စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး၊ ၂၀ ဦးဒဏ်ရာရသတင်းကို အရေအတွက်ချဲ့ကား ထားခြးဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ပို့စ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ “တနင်္သာရီမှာစစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉၀၀ ဦးသေဆုံး မတ် ၁၁ တနင်္သာရီမြို့နယ်က စစ်ကောင်စီယာဥ်တန်း မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။ မြိတ်မြို့ဘက်ကနေ စစ်ကားကြီးတစ်စီးအပါအဝင် စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကား ၃၀ စီးပါယာဥ်တန်း ပြည်ထောင်စုလမ်းအတိုင်းဆင်းလာချိန် မနက် ၁၀ နာရီလောက်မှာ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီးမှာတိုက်ခိုက်ခံရတာပါ။ တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်က ၉၀၀ ဦးသေဆုံးပြီး ၂၀၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မိုင်းဆွဲခံရပြီးနောက်စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့ပေမယ့် pdf […]
Continue Reading