Fact Check:  á€á€”င်ယသဏရဎမသဏ PDF တွေမိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၉၀၀ သေဆုံးတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

မတ် ၁၁ ရက်က တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉၀၀ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့ခဲ့တာဟာ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ တကယ်တော့ မူရင်းက သတင်းဖော်ပြချက် စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး၊ ၂၀ ဦးဒဏ်ရာရသတင်းကို အရေအတွက်ချဲ့ကား ထားခြးဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ပို့စ်မှာ  အောက်ပါအတိုင်းဖြစ်ပါတယ်။  “တနင်္သာရီမှာစစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉၀၀ ဦးသေဆုံး  မတ် ၁၁  တနင်္သာရီမြို့နယ်က စစ်ကောင်စီယာဥ်တန်း မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။  မြိတ်မြို့ဘက်ကနေ စစ်ကားကြီးတစ်စီးအပါအဝင် စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကား ၃၀ စီးပါယာဥ်တန်း ပြည်ထောင်စုလမ်းအတိုင်းဆင်းလာချိန် မနက် ၁၀ နာရီလောက်မှာ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီးမှာတိုက်ခိုက်ခံရတာပါ။  တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်က ၉၀၀ ဦးသေဆုံးပြီး ၂၀၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  မိုင်းဆွဲခံရပြီးနောက်စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့ပေမယ့် pdf […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းမှား ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ မိုးကောင်းမှာ ဗိုလ်ကြီးတစ်ယောက် PDF ရဲ့ ပစ်ခတ်ခံရပြီး သေဆုံးမှုသတင်း ကို လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစုနာရေးသတင်းစစ်တပ်ထုတ်ပြန်။သေချာလားစုံစမ်းနေဆဲပါ”လို့ ရေးသားပြီး “Was was” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေခဲ့တာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာလည်း “ဒေါ်စုသေပြီဟု စစ်တပ်ဘက်ကထုတ်ပြန် တကယ်လားစုံစမ်းနေဆဲပါ”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၈၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ချိရာမှာ ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်လို့ ရေးသားထားပေမဲ့ ဒီလိုမျိုးသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မတွေ့ရသလို စစ်တပ်ထိန်းချူပ်ထားတဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မတွေ့ရပါဘူး။  ထို့အပြင် ဗွီဒီယိုကိုလေ့လာရာမှာ […]

Continue Reading

Fact Check: အတုအယောင်နဲ့ အချက်အလက်မှားများအသုံးပြုပြီး ကြော်ငြာနေတဲ့ မျက်စဉ်းဆေး

မြန်မာကျောင်းသားတီထွင်တဲ့ မျက်စဉ်းဆေးက ခွဲစိတ်စရာမလိုဘဲ အမြင်အာရုံပြန်ရတယ်လို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေရဲ့အကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံလိုင်းက သတင်းကြေညာသူ ဓာတ်ပုံနဲ့အတူ ခွဲစိတ်စရာမလိုဘဲ အမြင်အာရုံပြန်ရစေတဲ့ နည်းလမ်းအသစ်ကို ကျောင်းသားလေးက တီထွင်လိုက်ပြီလို့ရေးသားမျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီမျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါ လင့်ခ်ကို ဖွင့်ကြည့်ရာမှာတော့ Crystalix အမည်နဲ့ မျက်စဉ်းဆေးကို မြန်မာ ထူးချွန်ကျောင်းသား ခိုင်ဝေက တီထွင်ခဲ့တာဖြစ်ပြီး ဒီမျက်စဉ်းဆေးကို အသုံးပြုပေးရုံနဲ့ အမြင်အာရုံကို ပြန်ရစေတယ်လို့ဆိုထားပြီး တီထွင်သူ မြန်မာကျောင်းသားဆိုသူရဲ့ ဓာတ်ပုံကိုလည်း ဖော်ပြထားပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။မသက်ဆိုင်တဲ့ ဓာတ်ပုံကို အသုံးပြုထားသလို မျက်စဉ်းဆေးခပ်ရုံနဲ့ အမြင်အာရုံပြန်ရတယ်ဆိုတာလည်း မှန်ကန်ခြင်းမရှိပါဘူး။ မူရင်းလင်ခ့် – Web link |  Archive […]

Continue Reading

Fact Check: တရုတ်ကကန့်ကွက်လို့ မြန်မာစစ်တပ်ကကျင်းပမယ့်ရွေး‌ကောက်ပွဲ ရွှေ့ဆိုင်းဆိုတဲ့ သတင်းခေါင်းစဉ်တု

တရုတ်ကကန့်ကွက်တာကြောင့် မြန်မာစစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲနောက်ဆုတ်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရပြီ” စသည်ဖြင့်ရေးသားပြီး “A Sone Thi”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို Khit Thit Journal အမည်နဲ့ ယူကျူ့ချန်နယ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တရုတ်က ကန့်ကွက်လို့ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရတယ်လို့ ရေးသားဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည် လျားတဲ့ ဗွီဒီယိုတစ်ခုလုံးမှာ တရုတ်ထိပ်တန်းခေါင်းဆောင်တွေဖြစ် ဝမ်ယိနဲ့ ဝန်ကြီးချုပ် လီခကျန် ဓာတ်ပုံတွေ အသုံးပြုထားတာကလွဲလို့ တရုတ်အကြောင်း၊ ရွေးကောက်ပွဲအကြောင်းတစ်စုံတစ်ရာမပါဝင်ပါဘူး။  ဗွီဒီယိုတစ်ခုလုံးဟာ မီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ […]

Continue Reading

Fact Check: အိမ်တွေကို မီးရှို့ခဲ့တယ်လို့ NUG သမ္မတက ဝန်ခံခဲ့တာလား- မဟုတ်ပါ

အိမ်တွေကို မီးရှို့ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ယာယီသမ္မတကဝန်ခံလိုက်ပြီး ဒီလိုဝန်ခံတဲ့ အတွက် သမ္မတကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုက ဝေဖန်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင် သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာ ၂ ခုဟာ မတူညီတဲ့အချိန် မတူညီတဲ့အကြောင်းအရာအဖြစ်အပျက် ၂ ခုအပေါ်ပြောဆို ချက်ကို အဖြစ်အပျက်တစ်ခုထဲကို ဖော်ညွှန်းသယောင်ဖော်ပြထားခြင်းဖြစ်ပါတယ်။  â€œá€Ąá€™á€źá€„á€şá€™á€žá€”á€şá€›á€œá€­á€Żá€ˇá€á€”á€şá€á€śá€á€Źá€€á€­á€Ż အိမ်တွေကို သူတို့ NUG က မီးရှို့ဖျက်ဆီးကြောင်း ဝန်ခံလိုက်တဲ့ သမ္မတရူးကို ပန်ဆယ်လိုတင်းပြီးဆဲတာ အနှစ်ကြီး” စသည်ဖြင့်ရေးသားပြီး “ကိုခန့်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် NUG သမ္မတဒူဝါလရှီးလပြောကြားချက်ဗွီဒီယိုဟာ […]

Continue Reading

Fact Check:‌ အမေရိကန်သမ္မတဟာ ခရစ်ယာန်ဖြစ်ရမယ်လို့ ပြဌာန်းမထားပါ

အမေရိကန်ရဲ့အခြေခံဥပဒေမှာ သမ္မတနဲ့ ဒုသမ္မတဟာ ခရစ်ယာန်ဘာသာဝင်သာဖြစ်ရမယ်လို့ ပြဌာန်းထား တယ်လို့ဆိုပြီး  ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။ မျှဝေလျက်ရှိတဲ့ ပို့စ်မှာ အမေရိကန်အခြေခံဥပဒေမှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာ ဝင်သာဖြစ်ရမှာဖြစ်သလို သမ္မတအိမ်ဖြူတော်မှာ ခရစ်ယာန်ကလွဲလို့ အခြားဘာသာဝင်တွေ တာဝန်ထမ်းဆောင် ခွင့်မရှိဘူးဆိုပြီး “Saw Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၅၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီအချက်အလက်မှား ပျံ့နှံ့ခဲ့ဘူးပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ တကယ်တော့ အမေရိကန်ဖွဲ့စည်းပုံအခြေခဥပဒေတစ်ခုလုံးမှာ “ဘာသာရေး”လို့ မြန်မာလို ပြန်ဆိုနိုင်တဲ့ “religion”ဆိုတဲ့ စကားလုံး ၂ လုံးသာပါဝင်တာတွေ့ရပါတယ်။  […]

Continue Reading

Fact Check: NLD နာယကဦးတင်ဦးအပါအဝင် ဗဟိုကော်မတီဝင်တွေကို ထုတ်ပယ် ဆိုတဲ့ ကြေညာချက်အတု

NLD နာယကဦးတင်ဦးအပါအဝင် ဗဟိုကော်မတီဝင်တွေကို ထုတ်ပယ်ကြောင်း ကြေညာချက်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ကြေညာချက်အတုဖြစ်တာတွေ့ရပါတယ်။  ပျံ့နှံ့နေတဲ့ NLD ပါတီရဲ့ ကြေညာချက်ထဲမှာ နာယကဦးတင်ဦး၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်စုစုလွှင်၊ ဒေါက်တာ တင်မျိုးဝင်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးဇွဲ့ဘွဲ့တို့ကို ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်ပြီး ‌စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက် နေတဲ့အတွက် အခုလို ထုတ်ပယ်လိုက်တာဖြစ်တယ်လို့လည်းဖော်ပြပါတယ်။  ဖေ့စ်ဘွတ်အသုံးပြုသူတစ်ယောက်မျှဝေထားတဲ့ ဒီထုတ်ပြန်ချက်အတုကို အောက်ပါအတိုင်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီထုတ်ပြန်ချက်ဟာအတုဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်က အောက်ပါ အတိုင်းပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။  “ဒီစာကလဲ ကလိန်ကကျစ် ဖက်စစ် စစ်တပ်ရဲ့ အကြံကုန် ဂဠုန်ဆားချက် […]

Continue Reading

Fact Check: CRPH၊ NUG တာဝန်ရှိသူတွေရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပြောစကားအတုတွေ ပျံ့နှံ့

CRPH၊ NUG တာဝန်ရှိသူတွေရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ ပြောစကားများ အဖြစ်ဖေ့စ်ဘွတ်မှာဖြန့်ဝေနေတဲ့ ပို့စ်အချို့ဟာ ကာယကံရှင်တွေက ပြောကြားခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပြီး သတင်းတုဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။  ပျံ့နှံ့နေတဲ့ ပို့စ်တွေမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUG ပြောခွင့်ရ ဦးနေဘုန်းလတ် တို့ရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးနဲ့ပတ်သက်ပြီးပြောကြားချက်တွေပါဝင်ပြီး ဒီပြောဆိုချက်တွေဟာ အတုသာဖြစ်တယ်လို့ ကာယကံရှင်တွေက အတည်ပြုပါတယ်။ အောက်ပါ စခရင်ရွှတ်ကတော့ ဦးအောင်ကြည်ညွှန့်ပြောစကားများအဖြစ် ဖြန့်ဝေထားတဲ့ ပို့စ်တစ်ခုရဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဦးအောင်ကြည်ညွှန့် ဓာတ်ပုံနဲ့အတူ “ဗမာပြည်နယ်တွေ ဖက်ဒရယ်ဖွဲ့စည်းပုံတွေဆိုတာ အမေစုမပါဘဲ ကျွန်တော်တို့သဘောနဲ့ ဆုံးဖြတ်ချက်မချရဘူး အဲ့တော့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ချင်ရင်  တိုင်းရင်း သားအားလုံးက အမေစု ပြန်လွတ်လာအောင် စစ်တိုက်ပေး”လို့ရေးသား ဖြန့်ချိထားပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ […]

Continue Reading

Fact Check:  NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တရုတ်ပြောတဲ့သတင်းမှား

NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တရုတ်ပြောပြီး စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “တရုတ်က ငြင်းပယ်လိုက်ပြီ NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ အပြတ်ပြော” စသည်ဖြင့်ရေးသားပြီး “N G V”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ရဲ့ အဖွင့်စာသားနေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ၊တရုတ်ဝန်ကြီးချုပ် လီခကျန်းဓာတ်ပုံတွေနဲ့အတူ NLD မပါတဲ့ရွေးကောက်ပွဲ တရုတ်ငြင်းပယ်လို့ တရုတ်ဘက်က အပြတ်ပြောပြီလို့ ဆိုထားပေမဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာမပါဝင်ဘူး။ ဒီလို တရုတ်က မြန်မာစစ်တပ်က […]

Continue Reading

Fact Check: KNUခေါင်းဆောင်တွေအကုန်အဖမ်းခံဆိုတဲ့သတင်းမှား

ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်တွေ အဖမ်းခံရပြီလို့ နိုင်ငံခြားရေးတာဝန်ခံဖြစ်တဲ့ ပဒိုစော တာနီးကထုတ်ပြန်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ရှိခဲ့ပါ တယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်အဖွင့်မှာ “ပြသနာတက်ကုန်ပြီ‌‌‌‌‌ဟေ့၊မင်းအောင်လှိုင်ဘောမနေတဲ့ KNUခေါင်းဆောင်တွေ အကုန်အဖန်းခံရပြီ၊ပဒိုစောတောနီးထုတ်ပြန်လာပြီဗျို့“လို့ စသည် ဖြင့် ရေးသားကာ “အကုန်သိသတင်းဌာန” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် –Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါဝင်တဲ့ “KNUခေါင်းဆောင်တွေ အကုန်အဖမ်းခံရပြီ၊ပဒိုစောတောနီး ထုတ်ပြန် လာပြီ ဗျို့”ဆိုတဲ့ သတင်းအကြောင်းအရာနဲ့ ပတ်သက်လို့  မပါ ဝင်ပါဘူး။  ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေ အဖမ်းခံရခြင်းနဲ့ […]

Continue Reading