Fact Check: ဦးဝါသဝအုပ်စုနဲ့ စစ်တပ်တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်း ဗုံးမှားကြဲလို့ ၆၀ ကျော် သေဆုံးတဲ့ သတင်းမှား
ဘုန်ကြီးဝတ် ပျူစောထီးခေါင်းဆောင် ဦးဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကိုဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုမှာ “ဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကို ဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ MyanmarHot News အမည်နဲ့ ယူကျူ့ချန်နယ်က ၁၈ ရက်က ဗွီဒီယိုကို ဖြန့်ဝေထားပုံဖြစ်ပါတယ်။ ဒီဗွီဒီယိုကို လက်ရှိအချိန်အထိ ၁၇၀၀၀ ကျော်က ကြည့်ရှု့ထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်လေ့လာကြည့်ရာမှာ ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က ရန်ကုန်ခေတ်သစ်သတင်း ဌာနကဖော်ပြခဲ့တဲ့ […]
Continue Reading