
ဒေါ်အောင်ဆန်းစုကြည်ရဲ့၂၀၁၁၁ ခုနှစ်က ဒါရိုက်တာမင်းထင်ကိုကိုကြီးကိုရေးပေးခဲ့တဲ့ကဗျာလေလံနဲ့ ပတ်သက်ပြီး သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ဦးမောင်ဝိတ် ( Myanmar Imperial Vega) ဦးရှိန်ဝင်း (တက်လမ်း ) ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းတို့က သိန်း ၂၄၀၀ ကို စုပေါင်းကျခံပြီး မောင်မောင်အေးတို့ကို ပေးချေ သွားမှာဖြစ်ပါ တယ်”စသည်ဖြင့်ရေးသားထားပြီး နိုင်ငံရေးအရလည်း တိုက်ခိုက်ရေးသားထား တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဒီလို ပို့စ်တွေ ပျံနှံ့ခဲ့ပြီးနောက်မှာ ဒီလေလံနဲ့ပတ်သက်ပြီး လေလံပွဲကို ဦးစီးဆောင်ရွက်ခဲ့တဲ့ ကိုမောင်မောင်အေးက အောက်ပါအတိုင်းရှင်းလင်းထားတာတွေ့ရပါတယ်။
“အမေစု ကဗျာလေလံအောင်သွားသူသည် ယခုအွန်လိုင်းတွင်ဖွနေသော ဦးရှိန်ဝင်းရော … ဦးမောင်ဝိတ်ရော လုံးဝ ( လုံးဝ ) မဟုတ်ပါခင်ဗျာ…မည်သည့် အိုအိုင်စီနဲ့မှလည်း ပတ်သက်ဆက်နွယ်ခြင်းမရှိပါ.. သို့သော် အမှန်တကယ် လေလံအောင်သူ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားလေးစားသောအားဖြင့် မည်သူဖြစ်သည်ဆိုတာကို ကာယကံရှင်ရဲ့ဆန္ဒ ခွင့်ပြုချက် မရရှိမချင်း public တွင် အသိပေးမည် မဟုတ်ပါ…လူသားအချင်းချင်း ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားလေးစားနိုင်ကြပါစေခင်ဗျာ….”လို့ရေးသားပြီး မျှဝေခဲ့တာတွေ့ရပါတယ်။
အလားတူ လေလံအောင်သူရဲ့ ဓာတ်ပုံကိုလည်း စက်တင်ဘာ ၁၀ ရက်မှာ ထပ်မံဖော်ပြခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာလေလံအောင်သူတွေဟာ ဦးရှိန်ဝင်းနဲ့ ဦးမောင်ဝိတ်ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ကို အချက်အလက်အမှား အဖြစ်သတ်မှတ်ပါတယ်။

Title:ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဗျာလေလံနဲ့ပတ်သက်တဲ့ သတင်းမှားပျံ့နှံ့
Fact Check By: Nayar MaungResult: False