
ဓာတ်ပုံ ၂ ပုံနှင့်အတူ ဧပြီ ၂ ရက်နေ့က မန္တလေးမှာ မိန်းကလေးတစ်ယောက်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။
ရဲဝတ်စုံနဲ့အမျိုးသားများက မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရတဲ့ ဓာတ်ပုံ ၂ ပုံနှင့် အတူမျှဝေထားတာဖြစ်ပါတယ်။
သို့သော်လည်း ဓာတ်ပုံမှတ်တမ်းတွေကို ပြန်လည်ရှာဖွေကြည့်ရာမှာ ရဲတပ်ဖွဲ့ဝင်အမျိုးသားတွေက အမျိုးသမီး တစ်ယောက်ကို မန္တလေးမှာဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက်ဟာ ဖေဖော်ဝါရီ ၉ ရက် ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။
“မန်းလေးမှာ ယနေ့ မိန်းကလေးတစ်ယောက်ကိုကြိုးကွင်းစွပ်ပီးခေါ်သွားတာ 2.04.2021 crd 😭😭😭😭😭 ကူရှယ်ပေးကြပါအုံး”လို့ရေးသားပြီး “K Khing”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေမှု ၈ ထောင်ကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဓာတ်ပုံတွေကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

အစောဆုံးမျှဝေမှုအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က “Naw Phaw Eh Htar” အမည်နဲ့ Twitter အကောင့်ကနေ ဒီဓာတ်ပုံတွေကိုမျှဝေထားတာတွေ့ရပါတယ်။ မန္တလေး ၃၈ လမ်းမှာ မိန်းကလေးတစ်ယောက်ကို ရဲတပ်ဖွဲ့ဝင်အမျိုးသားတွေက ဖမ်းဆီးနေပုံဖြစ်ပြီး ဒီလိုဖမ်းတာဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှု မြောက်တယ် လို့ရေးသားမျှဝေထားဖြစ်ပါတယ်။

မူရင်းလင်ခ့် – Naw Phaw Eh Htar | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မိန်းကလေးတစ်ယောက်ကို တပ်ဖွဲ့ဝင်အမျိုးသားတွေကဖမ်းဆီးနေတဲ့ ဓာတ်ပုံဟာ ဖေဖော်ဝါရီ ၉ ရက်က မန္တလေးမြို့ ၃၈ လမ်းမှာ ဖမ်းဆီးခံရစဉ်က ပုံတွေဖြစ်တာတွေ့ရပါတယ်။

Title:မန္တလေးမှာ မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးမှုဓာတ်ပုံ ဟောင်းကို ယနေ့အဖြစ်အပျက်အဖြစ်မျှဝေ
Fact Check By: Nayar MaungResult: Misleading