Fact Check: ဒီဗွီဒီယိုက မကွေးတိုင်းက ကင်းမမီးလောင်မှုဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ

False နိုင်ငံရေး | Politics

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ကင်းမရွာမှာ လူငယ်တွေက မီးရှို့ခဲ့တဲ့ ဗွီဒီယိုဖိုင်ဆိုပြီးတော့ လူမှုကွန်ယက် မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ ဝါးထရံနဲ့ သစ်သားပုံတစ်ခုအပေါ်မှာ မိုလိုတော့ဗ်ကို လှမ်းပစ်လိုက်ပြီး မီးရှို့တဲ့ဖြစ်စဉ်နဲ့ အဝေးတစ်နေရာကနေ သေနတ်ပစ်သံအချို့ကြားရပြီးနောက် ထွက်ပြေးကြတဲ့ ပုံတွေ ပါဝင် ပါတယ်။ မကွေးတိုင်းပေါက်မြို့နယ် ကင်းမရွာမှာ ဇွန် ၁၅ ရက်ကစစ်တပ်ရောက်လာပြီးနောက် မီးရှို့ခံရတဲ့ သတင်းကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေရပါတယ်။

သို့သော် ဒီဗွီဒီယိုဟာ ပေါက်မြို့နယ်က မီးလောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ မုဒုံမြို့နယ်က ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

“ကင်းမရွာကို ဘယ်သူရှို့လည်း ထမိန်ခြုံထဲက ခေါင်းထွက်ကြည့်ကြ”စသည်ဖြင့် ရေးသားပြီး“Htet Khaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပို့စ်ကိုပြန်လည်မျှဝေမှု ၁ ထောင်ရှိပါတယ်။

ကင်းမရွာဖြစ်စဉ်အဖြစ် မျှဝေထားတာကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဒီလိုမျှဝေခဲ့တဲ့ ဗွီဒီယိုရဲ့ အောက်က မှတ်ချက်တွေမှာ ကင်းမဖြစ်စဉ်မဟုတ်ဘူးလို့ မှတ်ချက်ပေးထားတာ တွေလည်း တွေ့ရပါတယ်။ ဒေသခံတွေကလည်း ဒီဗွီဒီယိုဖိုင်ဟာ ကင်းမရွာက မြင်ကွင်းမျိုးမဟုတ်ဘူးလို့ Khit Thit Media ကို ပြောကြားထားပါတယ်။

 အဓိကျတဲ့ စကားလုံးအချို့အသုံးပြုပြီးရှာဖွေကြည့်ရာမှာ တူညီတဲ့ ဗွီဒီယိုကို ၂၀၂၁ ခုနှစ် ဧပြီ ၃ ရက်နေ့က Hsoe170 အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက tiktok မှာ မျှဝေထားတာတွေ့ရပါတယ်။  ဧပြီ ၂ ရက်နေ့မှာ “မုဒုံ”လို့ရေးသားပြီး ဒီဗွီဒီယိုကိုရဲ့ အစိတ်အပိုင်းတစ်ခုကို Hsoe170 အမည်နဲ့အကောင့်က စတင် မျှဝေထားပြီး ဧပြီ ၃ ရက်နေ့မှာ ပိုမိုရှည်လျားတဲ့ ၅၉ စက္ကန့်ကြာဗွီဒီယိုကို မျှဝေထားပါတယ်။

မူရင်းလင်ခ့် – hsoe170Archive link 

ကင်းမရွာမီးရှို့မှုအဖြစ် မျှဝေထားတဲ့ ၅၆ စက္ကန့်ကြာ ဗွီဒီယိုနဲ့ မုဒုံလို့ရေးသားပြီး Hsoe170 ကမျှဝေထားတဲ့ ၅၉ စက္ကန့်ကြာဗွီဒီယိုရဲ့ မြင်ကွင်းတွေကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကင်းမရွာက မီးရှို့မှုဖြစ်စဉ်အဖြစ် မျှဝေနေတဲ့ ဗွီဒီယိုဟာ ဧပြီ ၂ ရက်ကတည်း က အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိပြီး ကင်းမရွာနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။

Avatar

Title:ဒီဗွီဒီယိုက မကွေးတိုင်းက ကင်းမမီးလောင်မှုဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *