Fact Check: ဆက်ကြေး​​ကောက်ခံတာမရလို့ နတ်ချောင်းရွာကို PDF ကမီးရှို့ တယ်ဆိုတဲ့သတင်းမှား

Misleading နိုင်ငံရေး | Politics

ဆက်ကြေးကောက်ခံတာမရလို့ နတ်ချောင်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကမီးရှို့ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ လွတ်လပ်တဲ့မီဒီယာအများ အပြားမှာဖော်ပြချက်နဲ့ကွဲလွဲပြီး အထောက်အထားမရှိပါဘူး။

“ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါလမ်းမပေါ်မှာ ရှိတဲ့

နတ်ချောင်းကျေးရွာက ပညာဗမ္မာန်ကိုယ် ပိုင်အထက်တန်းကျောင်းအပါအဝင် 

လူနေအိမ် ၁၀၀ နီးပါးကို PDF အဖွဲ့မှ 

ဆက်ကြေးကောက်ခံမှုမရရှိသောကြောင့်

တစ်ရွားလုံးကိုမီးရှို့ရာ အိမ်ခြေတစ်ချို့

မီးလောင်ဆုံးရှုံးခဲ့ကြောင်းသတင်းရရှိပါတယ်။”စသည်ဖြင့်ရေးသားပြီး “Aung Htoo San”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၄ ပုံနှင့်အတူအောက်ပါအတိုင်းမျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အဓိကျတဲ့ စကားလုံးအချို့အသုံးပြုပြီး Facebook(ဖေ့စ်ဘွတ်)နဲ့ Google မှာအကြောင်းအရာကို ရှာဖွေကြည့်ရာ မှာ ကလေးမြို့နယ် နတ်ချောင်းရွာဟာ စစ်တပ်ရဲ့ အကြိမ်ကြိမ်မီးရှို့တာခံခဲ့ရတာကို လွတ်လပ်တဲ့ မီဒီယာအများ အပြားမှာ ဖော်ပြချက်တွေ့ရပါတယ်။ နတ်ချောင်းရွာကို စစ်တပ်က မီးရှို့တဲ့ သတင်းတွေကို ဒီလင့်ခ်၊ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။

“RFA Burmese လွတ်လပ်တဲ့အာရှအသံ”သတင်းဌာနက“စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နတ်ချောင်းရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ဧပြီလ ၁ဝ ရက်နေ့က ရောက်လာပြီး နေအိမ် ၁၅၀ လောက်ကို မီးရှို့သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ မတ်လတွေကလည်း နှစ်ကြိမ်တိုင်တိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၁၂ဝ လောက် မီးလောင်ကျွမ်းခဲ့ရပါတယ်။”လို့ ရေးသားပါတယ်။

https://www.youtube.com/watch?v=JA1bvtEqn7Q

ယခုလို ပျံ့နှံ့ခဲ့တဲ့ PDF တွေက မီးရှို့တယ်ဆိုတဲ့ ဓာတ်ပုံထဲ ဓာတ်ပုံတစ်ပုံကိုလည်း ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ဘာသာနဲ့ တွစ်တာအကောင့်ဖြစ်တဲ့ The Irrawaddy (Eng) မှာ ဧပြီ ၁၂ ရက်က တင်ထားတာတွေ့ရပါတယ်။

ဧပြီ ၁၂ ရက်စွဲနဲ့ အင်္ဂလိပ်လို့ သတင်းဖော်ပြချက်မှာ ဧရာဝတီသတင်းဌာနကအောက်ပါအတိုင်းရေးသား ထားပါတယ်။

“စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာကို စစ်အစိုးရက တနင်္လာနေ့က ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေကို လုယက်ခဲ့ပါတယ်။ ပြီးခဲ့သည့် စီးနင်းတိုက်ခိုက်မှုနှစ်ခုတွင် အိမ်ခြေ ၁၂၀ ကျော် မီးလောင်ခဲ့ပြီး ဒီဇင်ဘာလအတွင်းက လေကြောင်းက တိုက်ခိုက်မှုတွင် အနည်းဆုံး ရွာသား ၁၀ ဦး သေဆုံးခဲ့သည်။

#မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲ။”

မူရင်းလင်ခ့် – The Irrawaddy(Eng)Archive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ နတ်ချောင်းရွာကို PDF က မီးရှို့တယ်ဆိုတဲ့အထောက်အထားမတွေ့ရပါဘူး။ လွတ်လပ်တဲ့မီဒီယာအများအပြားမှာ စစ်တပ်က မီးရှို့တယ်လို့ ဖော်ပြရေးသားပါတယ်။

Avatar

Title:Fact Check: ဆက်ကြေး​​ကောက်ခံတာမရလို့ နတ်ချောင်းရွာကို PDF ကမီးရှို့ တယ်ဆိုတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *