Fact Check: ကုလသမဂ္ဂက မြန်မာကိုစစ်ကြေညာလိုက်ပြီဖြစ်လို့ ရိက္ခာစုဆောင်းခိုင်း တဲ့သတင်းမှား

False နိုင်ငံရေး | Politics

ကုလသမဂ္ဂက စစ်ကြေညာလိုက်ပြီး ပြည်သူတွေ ရိက္ခာစုဆောင်းထားဖို့ဆိုပြီး သတင်းမှား ပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။

“ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့အစမှာရေးသားပြီး “Khit Thit Journal”အမည်နဲ့ ယူကျူ့ချန်နယ်မှာ အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃၅၀၀၀ ကျော်ရှိတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – YoutubeArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

“ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံမှာရေးသားထားပေမဲ့ ၈ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ဒီလိုကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် စစ်ကြေညာတဲ့အကြောင်းမပါဝင်ပါဘူး။ ယူကျူ့ ရဲ့အမည်ကိုလည်း နာမည်ရှိတဲ့ မီဒီယာလုပ်ငန်းတစ်ခုဖြစ်တဲ့ Khit Thit Media ရဲ့ အမည်နာမကို ယူသုံးထားပြီး တကယ်တော့ သက်ဆိုင်ခြင်းမရှိတာလည်းတွေ့ရပါတယ်။ Khit Thit Media ကို ဒီမှာကြည့်ပါ။

ဗွီဒီယိုပါအကြောင်း အရာဟာ “ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို”၊“မင်းအောင်လှိုင်၊ မဘသ၊ အမျိုးသားရေး အစွန်းရောက်၊ အယောင်ဆောင် သ င်္ကန်း ဝတ်များ နှင့်  အဖွဲ့များ၏ စစ်အာဏာသိမ်းရေး ဆက်နွယ် လှုပ်ရှား မှုများ ကို ဖော်ထုတ်ခြင်း” စတဲ့အကြောင်းအရာတွေကို ဖတ်ကြားနေခြင်းဖြစ်သာဖြစ်ပါတယ်။ 

သုံးသပ်ချက်

မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တု အကြောင်း အရာမှားတွေကို အသုံးပြုဖော်ပြနေခြင်းဖြစ်ပါတယ်။ ကုလသမဂ္ဂက စစ်ကြေညာတယ် ဆိုတာမဟုတ်ပါဘူး။

Avatar

Title:Fact Check: ကုလသမဂ္ဂက မြန်မာကိုစစ်ကြေညာလိုက်ပြီဖြစ်လို့ ရိက္ခာစုဆောင်းခိုင်း တဲ့သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *