
NUGနဲ့ PDF တံဆိပ်ဒရုန်းယာဉ်တွေဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါ တယ်။
သို့သော် မျှဝေထားတဲ့ ဓာတ်ပုံတွေကို ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာတွေ့ရပါတယ်။
“မအလရယ် ဘာတတ်နိုင်သေးလဲ ခုတော့ဒရုန်းတောင်မှ၊NUG&PDFစာလုံးတွေပါတဲ့ဒရုန်းတဲ့သေချာလဲကြည့်အုံးနော်
တို့စိုးရကိုလေလိုင်းကစိုးရတဲ့၊
ရူ့စားတော်မူပါလော့
အဘဘောမတစ်သိုက်နဲ့
မအလအပေါင်းပါတွေမကြာခင်
ခများတို့အုပ်စုပြေးပေါက်မရှိတော့ဘူးခု
ကတည်းက ပြေးပေါက်ရှာထားတော့နော်
အကောင်းပြောတာ
နောက်နေတာဟုတ်ဘူး နော် သိဖို့ 😄😄😄”လို့ရေးသားပြီး “Ko Htun” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၅၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
Tineye မှာပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ တူညီတဲ့ ဓာတ်ပုံကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က The Verge မီဒီယာမှဖော်ပြတဲ့ဆောင်းပါးတစ်ပုဒ်မှာ သုံးစွဲထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – The Verge | Archive link
နောက်ထပ် ဓာတ်ပုံတစ်ပုံကိုလည်း Digital Photography Review ဝက်ဘ်ဆိုက်မှာ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၂ ရက်က “ဒရုန်းအကြောင်းမိတ်ဆက်ခြင်း အပိုင်း (၂)- ပထဆုံးအကြိမ် ဒရုန်းကို ဘယ်လိုရွေးချယ်မလဲ”လို့ ဘာသာပြန်ဆိုနိုင်တဲ့ ဆောင်းပါးတစ်ပုဒ်မှာ တွေ့ရပါတယ်။
မူရင်းလင်ခ့် – Digital Photography Review | Archive link
NUG၊ PDF စကားလုံးပါတဲ့ ဒရုန်းပုံနဲ့ The Verge နဲ့ Digital Photography Review ကဓာတ်ပုံတွေကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်းက ဒရုန်းအကြောင်းရေးသားထားတဲ့ ဆောင်းပါးပါ ဓာတ်ပုံတွေကို NUG PDF စကားလုံးတွေနဲ့ ပြုပြင်ဖန်တီးထားခြင်းဖြစ်ပါတယ်။

Title:Fact Check: PDF နဲ့ NUG တံဆိပ်ဒရုန်းယာဉ်လား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Altered