Archives
Fact Check: ဟား ၅ ကောင်အလင်းဝင်ဖို့ပြောကြားမှု ဝါဒဖြန့်သတင်းမှားဗွီဒီယိုသာ ဖြစ်တယ်
ဟားငါးကောင်က အလင်းဝင်ရောက်လိုကြောင်း ပြောကြားချက်ဗွီဒီယိုဆိုပြီးတော့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ “ဟားငါးကောင်က အလင်းဝင်ရောက်လိုကြောင်း ပြောပြီ။” စသည်ဖြင့် ရေးသားပြီး “Verity News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားပါတယ်။ ၅၅ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ဟာသလူရွှင်တော် တိုင်းကျော်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦးက “အရင်တုန်းက တကယ်ကိုလည်းမကြိုက်ခဲ့ပါဘူး။ မကြိုက်လို့လည်း ကျွန်တော်တို့တွေ စစ်ကောင်စီကို တွန်းလှန်မယ်ဆိုပြီးတော့ တော်လှန်မယ်ဆိုပြီးတော့ ကျွန်တော်တို့တွေ တော်ခုခဲ့ပါတယ်။ လွတ်မြောက် နယ်မြေကို ကျွန်တော်တို့တွေ ရောက်အောင်လာခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ အနုပညာသမားတွေက မြို့ပေါ်မှာ ပွဲလမ်းသဘင်တွေလုပ်နေကြတယ်။ ကနေကြတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေ အများကြီးပဲ ကနေကြတယ်။ အဲတာသူတို့ကို တွေ့တော့ ကျွန်တော်တို့လည်း ကချင်တာပေါ့ဗျာ။ ကျွန်တော်လည်း အနုပညာသမားလေဗျာ။ ကချင်တာပေါ့။ အခုကျွန်တော်တို့ နားလည်သွားပါပြီ။ […]
Continue Reading
Fact Check: KNPP က တောင်သူတွေရဲ့ ယာခင်းတွေမှာ မိုင်းထောင်နေတယ်လို့ သတင်းမှားဖြန့်ဝေ
KNPPအကြမ်းဖက်အဖွဲ့တွေဟာ ပြည်သူများတောင်ယာလုပ်ကိုင်နေတဲ့ နေရာများတွင် မိုင်းထောင်နေသော မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူအချို့က မျှဝေထားတာတွေ့ရပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ မိုင်းရှင်းလင်းနေတဲ့မြင်ကွင်းအဖြစ် KNDF B-02 က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ “KNPPအကြမ်းဖက်အဖွဲ့များမှ ပြည်သူများတောင်ယာလုပ်ကိုင်သည့် နေရာများတွင် မိုင်းများထောင်နေသော မြင်ကွင်းဖြစ်ပါသည်… #ဒေသခံတွေအထူးသတိပြုရန်” စသည်ဖြင့် ရေးသားပြီး “Min Mahar”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုတွကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် အဓိကကျကတဲ့စကားလုံးအချို့ အသုံးပြုပြီး ဓာတ်ပုံကိုရှာဖွေကြည့်ရာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တင်ရင်း ၂ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ “Karenni Nationalities Defense […]
Continue Reading
Fact Check: ၂၀၁၉ခုနှစ်က မူးယစ်ဆေးဝါးမှုနဲ့ UWSA က ဖမ်းဆီးခံရသူ ၃ ဦးပုံကို လက်နက်ခိုးလို့ဖမ်းခံရတဲ့ PDF လို့သတင်းမှားဖြန့်ဝေ
Continue Reading
Fact Check: AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ပတ်သက်တဲ့ သတင်းတု
PDF တွေနဲ့ပတ်သက်တဲ့ AAစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြားချက်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ PDFတွေဟာ စစ်ကောင်စီကိုတော်လှန်နေတာမဟုတ်ဘဲ လက်နက်မဲ့တဲ့ပြည်သူတွေကိုသတ်ဖြတ်နေတာဖြစ်လို့ AA အနေနဲ့ ပူးပေါင်းမှာမဟုတ်ဘူးလို့လည်း ဒီပို့စ်မှာရေးသားထားပါတယ်။  အောက်ပါစာသားကတော့ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါ ကောက်နှုတ်ချက်အချို့ဖြစ်ပါတယ်။ “PDFအဖွဲ့တွေဟာစစ်ကောင်စီကိုတော်လှန်တာမဟုတ်ပဲလက်နက်မဲ့အရပ်သားတွေကိုတော်လှန်နေတာ ဟုAAစစ်ဦးစီးချုပ်ထွန်းမြတ်နိုင်မှပြောကြားလိုက်ပါတယ် လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေဟာဗမာတပ်မတော်နဲ့ဗမာစစ်သွေးကြွ PDFတွေဖြစ်နေတာမဟုတ်ပဲလက်နက်မဲ့တဲ့ပြည်သူတွေကိုသတ်ဖြတ်နေတာကတော်လှန်ရေးမဟုတ်ဘူး ဒါကတော့ လူမှုရေးကိစ္စတွေကိုမကျေနပ်လို့ဒလန်ဆိုပြီးသတ်နေကြတာ၊ကျွန်တော်တို့ရခိုင့်တပ်တော်အနေနဲ့အခုချိန်ထိလက်နက်မဲ့တဲ့ပြည်သူကိုမသတ်ဖူးဘူး။ စစ်ကြောင်းတွေကျူးကျော်လာရင်တော့ဖြစ်တာကလူမျိုးရေးတိုက်ပွဲမဟုတ်ဘူး။ဒါကAA တပ်တော်နဲ့ဗမာတပ်မတော်ဖြစ်တဲ့တိုက်ပွဲတွေ၊ဒါကတိုက်ပွဲအစစ် လက်ရှိPDFဆိုတာကကျွန်တော်တို့ ရခိုင်ပြည်မှာနေရာမပေးဘူး။ဒီကောင်တွေကတော်လှန်ရေးလုပ်တာမှမဟုတ်တာဒီကောင်တွေက အကြမ်းဖက်နေတာဒီပုံစံအတိုင်းသာ PDF တွေကို လွတ်ထားရင်တော့ကြာလာလေ ဗမာအချင်းချင်းသတ်ပြီးတော့မျိုးတုံးဖို့ပဲရှိတော့တယ်။-” စသည်ဖြင့် ရေးသားပြီး “Aerial Aerial”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ရက္ခိုင့်တပ်တော်(Arakan Army)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ တွစ်တာ(twitter)အကောင့်ကို ဒီနေရာမှာ […]
Continue Reading
Fact Check: ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ အသက်အန္တရာယ် စိုးရိမ်ရဆိုတဲ့ လှည့်စားထားတဲ့ သတင်းတု
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုပြီး သတင်းမှားတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိပါတယ်။ သို့သော် ဒီသတင်းဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစု ကျန်းမာရေးအခြေနေမှာ အသက်အန္တရာယ် ထိ စိုးရိမ်နေရ စစ်ကောင်စီမှ ကုသပေးခြင်း မရှိ”လို့ ရေးသားပြီး “NUG CRPH PDF CDM Support”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မတ် ၂၆ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်ဆိုပြီး ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်က သီးသန့်နေရာတစ်ခုမှာထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အချိန်နဲ့တပြေးညီသိရှိဖို့မဖြစ်နိုင်တာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ စစ်တပ်က ရွေးကောက်ပွဲမသမာမှုအကြောင်းပြချက်အပြင် […]
Continue Reading
Fact Check: ထိုင်းဘက်ခြမ်းကနေ ကရင်ပြည်နယ်ကို ရောက်လာတဲ့ မြန်မာစစ်ကား တွေလား-မဟုတ်ပါ
ထိုင်းဘက်အခြမ်းကနေ ကရင်ပြည်နယ်ကိုဝင်လာတဲ့ မြန်မာစစ်တပ်က စစ်ကားတွေဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူအချို့ကမျှဝေလျက်ရှိပါတယ်။ သို့သော် ဒီဓာတ်ပုံဟာ ဗြိတိန်စစ်တပ်ကယာဉ်တွေ အက်စတိုနီးယားနိုင်ငံကို ရောက်လာတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “ထိုင်း..မြန်မာ.တပ်မတော်.၂ရပ်နားလည်မှု့နဲ့.KNDO..DKBA.(908)..KNLA.6..လက်ခံထားရှိတဲ့PDF..တွေကိုရှင်းဖို့ထိုင်းနိုင်ငံထဲကမြန်မာတပ့်မတော်..စစ်ကြောင်းတွေ..စစ်ကားတွေ..ဒီနေ့.30-3-22ဂက်နေ့မှာဖြတ်သန်းခွင့်ပြုလိုက်ပါတယ်ကရင်ပြည်နယ်.ထိုင်းနယ်စပ်ကနေထိုးစစ်စတင်လိုက်တာနဲ့ကျိုက်ဒုမ်ကြာအင်းဆိပ်ကြီးလမ်းပေါ်ကိုမောင်းချမှာမို့.တိုက်ပွဲတွေပြင်းထန်ရက်ပါလိမ့်မယ်ဝေါလေ မှာ မြန်မာ့တပ်မတော်နှင့် KNU.KNLA.PDFပူးပေါင်းအဖွဲ့ တိုက်ပွဲပြင်းထန်နေခဲ့ရာမှ ယနေ့ မြဝတီဘက်မှထိုင်းနိုင်ငံနယ်စပ်ထဲကို စစ်ကား ၄၃ စီးဝင်ပြီး သောင်းရင်းမြစ်ရိုးတစ်လျှောက် မင်းလက်ပန် အင်ကြင်းမြိုင်ကိုဖြတ်ပြီးဝေါလေနောက်ကြောကို သွားပိတ်နေပါတယ်”စသည်ဖြင့် စချီရေးသားပြီး “Nga Htwar”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မတ် ၃၀ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။  ထို့အပြင် “# ပုံ >> ဝေါလေစခန်းအနောက်ဘက်သို့ ထိုင်းနယ်စပ်အတွင်းမှ ဖြတ်သန်းခွင့်ပေးသဖြင့် စစ်ကား၄၃ စီးဖြင့် ချီတက်ဝင်ရောက်လာပုံမကြာမီ..နာရီပိုင်းအတွင်း..တိုက်ပွဲတွေ..ပြင်းထန်လာပါလိမ့်မယ် ”လို့လည်း ၎င်းက ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အလားတူရေးသားမျှဝေမှုတွေကို […]
Continue Reading
Fact Check: ဒီဓာတ်ပုံတွေက စစ်ကိုင်းတိုင်း ပုလဲက မီးရှို့ခံရတဲ့ ဓာတ်ပုံဖြစ်တယ်
မီးတောက်များစွဲလောင်နေသည့် မြင်ကွင်းဓာတ်ပုံ  ၂ ပုံကို ကယားဖြစ်စဉ်အဖြစ် ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုအချို့က ပြန်လည် မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံ ၂ ပုံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “ကယားရေ😓💔ရင်နာလိုက်တာ” စသည်ဖြင့် ရေးသားပြီး “Wa Na Kyaw Htain”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ အတိုင်းမျှဝေထားပြီး လိုက်ခ် ပြုလုပ်ထားသူပေါင်း ၂ ထောင်ကျော်နဲ့ ပြန်လည်ဖြန့်ဝေထားသူ ၂ ရာကျော်ရှိတာ တွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ပထမဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ Eleven […]
Continue Reading
Fact Check: နွေဦးတော်လှန်ရေးမှ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်ဆိုတဲ့ သတင်းတုသတင်းမှား
နွေဦးတော်လှန်ရေးမှာ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်လို့ ဒေါက်တာဇော်ဝေစိုးပြော တယ်ဆိုပြီး”NUG CRPH PDF CDM Support”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေလျက်ရှိပါတယ်။ သို့သော် ဒီသတင်းဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “နွေဦးတော်လှန်ရေးတွင်မပါသော AAအပါ အဝင် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ကို ဥပဒေနဲ့အညီအရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုး ပြောကြား။ နွေဦးတော်လှန်ရေးမှာမပါတဲ့ရခိုင့်တပ်မတော်အပါအဝင်လက်နက်ကိုင်အဖွဲ့၅ဖွဲ့ကိုဥပဒေနဲ့အရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုးက Video Call ကနေတဆင့်ပြောကြားခဲ့သည်။ ဒေါက်တာဇော်ဝေစိုးကိုဆက်သွယ်မေးမြန်းရာတွင် ဒေါက်တာဇော်ဝေစိုးက ‘အခုနွေဦးတော်လှန်ရေးမှာမပါတဲ့AAနဲ့တခြားအဖွဲ့ ၅ ဖွဲ့ အားလုံးပေါင်း ၆ ဖွဲ့ကို ကျွန်တော်တို့ ဥပဒေနဲ့အညီ အရေးယူပြီးသွားတာနဲ့ လက်နက်ဖျက်သိမ်းခိုင်းမှာပါ၊ လက်နက်မဖျက်သိမ်းရင်တော့ နိုင်ငံတော်ပုန်ကန်မှုနဲ့သူတို့တွေကို တရားစွဲပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးသွားမှာပါ’ဟု ဆိုခဲ့သည်။ လက်ရှိအချိန်တွင် NUGဦးဆောင်သောPDFတပ်ဖွဲ့ဝင်များသည်အရေအတွက်အားဖြင့်၅သိန်းခန့်ရှိကာမြန်မာ့တပ်မတော်ပြီးလျှင်လက်နက်အင်အားအတောင့်တင်းဆုံးအဖွဲ့ဖြစ်ပြီးနိုင်ငံတကာအသိမှတ်ပြုသောတစ်ခုထဲသောမြန်မာနိုင်ငံရှိအစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့စည်းဖြစ်သည်။ #voiceofchina_myanmar Mar 26,2022”လို့ ရေးသားပြီး “NUG CRPH PDF […]
Continue Reading
Fact Check: ဒီဓာတ်ပုံကထောင်ကျသွားတဲ့ ၃ နှစ်အရွယ်ကလေးငယ်ရဲ့ ပုံမဟုတ်ပါ
တန်းစီလျှောက်နေတဲ့ လူတွေရဲ့အရှေ့မှာ “FREE OUR  LEADER” စာတန်းပါဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံဗီနိုင်း ကို ကိုင်ဆောင်လမ်းလျှောက်နေတဲ့ ကလေးတစ်ဉီးကို မတ်လ ၂၄ ရက်နေ့က ထောင် ၃ နှစ်ကျခံလိုက်ရတဲ့ အသက် ၃ နှစ်အရွယ် မဆုမြတ်ဇော်အဖြစ် ဖေ့စ်ဘွတ်အသုံးပြုအချို့က ပြန်လည်မျှဝေလျက်ရှိပါတယ်။ ဓာတ်ပုံပါ ကလေးငယ်မှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်က အသက် ၅ နှစ်အရွယ် မိန်းကလေး ငယ်တဉီးရဲ့ ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။ “ကမ္ဘာ့ အသက်ငယ်ဆုံး အကျဉ်းသူ မဆုမြတ်ဇော် အသက် ၃ နှစ်… (ထောင်ဒဏ် ၃နှစ်) တဲ့ဗျာ…😢😔 What is justice? For Myanmar people” စသည်ဖြင့် ရေးသားပြီး “Lin Yaung Chi”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ […]
Continue Reading
Fact Check: ယခုနှစ် တပ်မတော်နေ့အခမ်းအနားတက်လာတဲ့ အိန္ဒြာကျော်ဇင်နဲ့ ချမ်းမြေ့မောင်ချို ဓာတ်ပုံလား-မဟုတ်ပါ
သရုပ်ဆောင် အိန္ဒြကျော်ဇင်နဲ့ အဆိုတော်ချမ်းမြေ့မောင်ချိုတို့ ယခုနှစ် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာတဲ့ ဓာတ်ပုံအဖြစ်ဖေ့စ်ဘွတ် အသုံးပြုအချို့က ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၃ နှစ်ကဓာတ်ပုံသာဖြစ်ပါတယ်။ “နင်….. နင်တို့ လုပ်ရက်လိုက်တာ မောင်ချို နဲ့ အူဝဲရာ 🤧🤧”လို့ ရေးသားပြီး “Aung Myat Thu”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေနဲ့ ပတ်သက်ပြီးတော့ အဆိုတော် ချမ်းမြေ့မောင်ချိုက သူမရဲ့ လူမှုကွန်ယက်အကောင့် က တစ်ဆင့်ရှင်းလင်းထားတာတွေ့ရပါတယ်။ “နေ့ချင်းညချင်းတော့ […]
Continue Reading