Archives

Fact Check: ဖိလစ်ပိုင်မှာရေကြီးနစ်မြုပ်မှုမှ ကလေးငယ်ကယ်ဆယ်မှု မှတ်တမ်း ဓာတ်ပုံကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်မျှဝေ

မြန်မာနိုင်ငံက ရေဘေးဒုက္ခတစ်ခုမှာ ဖခင်ဟာ သူ့ရဲ့ကလေးကို ဇလုံတစ်ခုထဲမှာထည့်ပြီး သယ်ဆောင် လာတဲ့ဓာတ်ပုံဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ ဒီလို ဓာတ်ပုံပျံ့နှံ့ လာချိန်ဟာ မြန်မာနိုင်ငံမှာ ဇူလိုင်လကုန်ပိုင်းမှာ နေရာအတော်များများ ရေကြီးနစ်မြှုပ်မှု အချို့ဖြစ်ပေါ်ခဲ့ချိန်နဲ့ ကိုက်ညီနေပြီး လူအများအကြာရေပန်းစားခဲ့တာဖြစ်ပါတယ်။ သို့သော် ဒီဓာတ်ပုံဟာ မြန်နိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းက ဖိလစ်ပိုင်ရေကြီးမှု ဖြစ်စဉ်က ဓာတ်ပုံဖြစ်ပါတယ်။ “မြန်မာနိုင်ငံရေဘေးဒုက္ခတွေကြားက ဖခင်တစ်ယောက်ရဲ့ဖြူစင်လှပလွန်းတဲ့ ပေးဆပ်သော ချစ်ခြင်း မေတ္တာ….Photo crd”လို့ရေးသားပြီး “စွယ်စုံသုတ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၂၀၀ ဝန်းကျင် ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်နဲ့ အမေရိကန်သမ္မတနဲ့တွေ့ဆုံတဲ့သတင်းတု ဖြန့်ဝေ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ မြန်မာအိမ်စောင့်အစိုးရဝန်ကြီးချုပ် ဦးမင်းအောင်လှိုင် အွန်လိုင်းကနေတွေ့ဆုံခဲ့ တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ အမေရိကန်သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။  “အိမ်ဖြူတော်၏ ဖိတ်ကြားချက်အရ ယနေ့မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ၊ အမေရီကန်စံတော်ချိန် ည ၁၁:၃၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင် နှင့် အမေရီကန်သမ္မတ ဂျိုးဘိုင်ဒန် တို့ဟာ Video conference စနစ်ဖြင့် တစ်နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။  အဆိုပါ တွေ့ဆုံဆွေးနွေးမူ့တွင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေနေအား အဓိကထား ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမူ့များအား စီစစ်တွေ့ရှိခဲ့ရတာကြောင့် တပ်မတော်မှ မလွဲမရှောင်သာ၍ အာဏာထိန်းလိုက်ရခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက် သွင်းဖို့ အားလုံးပါဝင်တဲ့ […]

Continue Reading

Fact Check: WWE နပန်းသမား John Cena ကိုဗစ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန် တယ်ဆိုတဲ့ သတင်းမှား

WWE နပန်းသမားဂျွန်ဆီနာ(John Cena)ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုပြီးတော့ လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်များအတွင်း အကြောင်းအရာ အမျိုးမျိုးနဲ့ ပျံ့နှံ့လျက်ရှိခဲ့တဲ့ ပုံဟောင်းတွေဖြစ်ပါတယ်။ “John Cena သည် ပြီးခဲ့သောရက်သတ္တပတ်တည်းက Covid 19ရောဂါ ကူးစက်ခံစားနေခဲ့ရခြင်းဖြစ်သည်။ 11.8.2021 ညနေ ၆နာရီချိန်တွင် NewYork အထွေထွေဆေးရုံကြီး၌ဆေးကုသမှုခံယူရင်းရုတ်တရက် အောက်ဆီ ဂျင်ကျကာ နှလုံးရပ်တံ့သေဆုံးသွားခဲ့သည်။”လို့ရေးသားပြီး “Aung Soe Paing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၂ ထောင် ၂ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  […]

Continue Reading

Fact Check: အမေရိကန်စစ်သည်တွေ ပဲခူးတိုင်းတစ်နေရာကို ချီတက်လာတယ်ဆိုတဲ့ သတင်းမှား

အမေရိကန်စစ်သည်တွေ ပဲခူးတိုင်းတစ်နေရာကို ချီတက်လာတဲ့ဓာတ်ပုံဆိုပြီးတော့ လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ြသဂုတ် ၅ ရက်က အမေရိကန် လေထီတပ်ဖွဲ့ အင်ဒိုနီးရှားမှာ လေထီး ခုန်စဉ်က ပုံတွေဖြစ်ပါတယ်။ “မြန်မာနိုင်ငံ ပဲခူးတိုင်းတနေရာ လေကြောင်းချီလာတဲ့ မေရိကန် စစ်သည်များ”လို့ရေးသားပြီး “မြန်မာ့သတင်းစုံ ဗဟုသုတ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဘလော့ဂ်ပို့စ်တစ်ခုကို ပြန်လည်မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အရေအတွက် ၈ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ အမေရိကန် လေထီတပ်ဖွဲ့တစ်ခုဖြစ်တဲ့ (82nd Airborne Division) စာမျက်နှာမှာ […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က ပုဂံမင်းနန်သူရွာ ဘုန်ကြီးကျောင်းမီးလောင်မှုပုံကို ပုဂုံမှာ ဘုရားကို ဗုံးခွဲဖျက်ဆီးမှုအဖြစ်ဖော်ပြ

ပုဂံဘုရားတွေကိုမိုင်းခွဲသွားတာတဲ့ မြင်ကွင်းဆိုပြီးတော့ ဘုရားတစ်ဆူအနီးမှာ မီးလောင်နေတဲ့ မြင်ကွင်း ဓာတ်ပုံတစ်ခုကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်က ပုဂံမြို့သစ်  မင်းနန်သူ ရွာဘုန်းကြီးကျောင်းအတွင်း မီးလောင်မူဖြစ်ပွားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “ယနေ့..နေ့လည် ပုဂံ ဖြစ်ပွားခဲ့တဲ့ဖြစ်ရက်😭 အရမ်းဝမ်းနည်းမိတယ်.. ပုဂံဘုရားများ..မိုင်းခွဲသွားတာ😭💔 မြန်မာမှာပုဂံဆိုတာဘုရားစေတီအပေါဆုံနေရာ….ဒါလေးမှမupရင်လည်း…မင်းတိုကမြန်မာမဟုတ်တော့ဘူး😊🖕🏻 #Up #savemyanmarplz #crdphoto #crd”လို့ရေးသားပြီး “San Myint Aye” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအရေအတွက် ၈ ထောင် ၄ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ […]

Continue Reading

Fact Check: မင်္ဂလာဒုံလေဆိပ်မှာဆင်းသက်ခဲ့တဲ့ UN တံဆိပ်ပါလေယာဉ်လား- မဟုတ်ပါ

မင်္ဂလာဒုံလေဆိပ်မှာဆင်းသက်ခဲ့တဲ့ UNအလံပါလေယာဉ်တစ်စီးအဖြစ် ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ တောင်ဆူဒန်နိုင်ငံက ဂျူဘာ(Juba)လေဆိပ်မှာရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။ “TMHlaing” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၅၇ ကြိမ်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Tineye မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံပျံ့နှံ့ခဲ့ပုံကို ပြန်လည်ရှာဖွေကြည့်ရာမှာ ဇူလိုင် ၂၁ ရက်မနက်ပိုင်းက ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆင်းသက်လာတဲ့ UN လေယာဉ်အဖြစ်ဖော်ပြနေတဲ့ ပုံဟာ ၂၀၁၂ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။  ဒီဓာတ်ပုံတွေကို တောင်ဆူဒန်နိုင်ငံ ဂျူဘာမြို့အကြောင်းရေးသားထားတဲ့ဝီကီပီဒီယားက ဆောင်းပါးက ဆောင်းပါးတစ်ပုဒ်မှာ  အစောတွေ့ရှိရပြီး ဂျူဘာမြို့နဲ့အခြားသော […]

Continue Reading

Fact Check: ဇူလိုင် ၂၉ ရက်က ပြင်းအား ၈ ဒသမ ၂ ရှိတဲ့ အလက်စကာငလျင်အပြီး ပျက်စီးမှုဓာတ်ပုံလား- မဟုတ်ပါ

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ဇူလိုင် ၂၉ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈ ဒသမ ၂ ရစ်ချ်တာ စကေးရှိတဲ့ ငလျင်က အပျက်အစီးအဖြစ် ထက်ပိုင်းကျိုးနေတဲ့ လမ်းမထက်မှာ ကားတစ်စီး ရပ်လျှက်တင်နေတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ် အလက်စကာငလျင်က ဓာတ်ပုံဖြစ်ပါတယ်။ အလက်စကာမှာ ရစ်တာစကေး ၈ ဒသမ ၂ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ကားတစ်စီးဟာ ထက်ပိုင်းကျိုးနေတဲ့ လမ်းပေါ်မှာ တင်ကျန်နေခဲ့တဲ့ပုံအဖြစ် “Win Htein” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၂၃၉ ကြိမ်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: မန္တလေးမှာ အောက်စီဂျင်လာယူတဲ့သူတွေကို NLD ပါတီဝင်တွေက တားဆီးပုံလား- မဟုတ်ပါ

မန္တလေးမှာ အောက်စီဂျင်လာယူတဲ့သူတွေကို NLD ပါတီဝင်တွေက တားဆီးပုံအဖြစ် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  “ဒီည မန္တလေး ၅၁ လမ်းမှာ အစိုးရကပေးနေတဲ့ အောက်စီဂျင်ကို အသက်ရှင်ဖို့သေရေးရှင်ရေးအတွက် အရေး တကြီးလိုနေတဲ့ ပြည်သူတွေမရအောင် တာနီဘန် NLD တွေက အောက်စီဂျင်သပိတ်ဆိုပြီး အောက်စီဂျင် လာယူ တဲ့ ပြည်သူတွေကို မယူဖို့ တားဆီးတာတွေပြုလုပ်ကြတယ်။ သွေးပျက်အောင် အံသြမိတယ်။”လို့ ရေးသားပြီး “Ye Htoo Yt”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဇူလိုင် ၁၈ ရက်အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ပြည်တွင်းမှာသေဆုံးသူတွေကို မြှုပ်နှံသဂြိုဟ်ပုံလား-မဟုတ်ပါ

ပြည်တွင်းမှာသေဆုံးသူတွေကို မြှုပ်နှံသဂြိုဟ်နေရမှုအခြေအနေအဖြစ် သေဆုံးသူတွေကို သဂြိုဟ်နေဟန်ရှိတဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။  ပြည်တွင်းမှာ ကိုဗစ်ကြောင့် သေဆုံးမှု အဆမတန်မြင့်တက်လာနေပြီး ရန်ကုန်က သုဿန်တွေမှာ ရုပ်အလောင်း တွေကို ဖြစ်က တတ်ဆန်းကထားရှိတာ၊ မနိုင်မနင်း သဂြိုဟ်နေရတာတွေကို ပြည်တွင်းသတင်းမီဒီယာတွေ မှာဖော်ပြထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။ သို့သော်လည်း ဒီလိုမျှဝေထားတဲ့ ဓာတ်ပုံတစ်ချို့မှာ မြန်မာနိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးရသူတွေကို နေရာတစ်ခုမှာ စနစ်တကျ စုစည်းသဂြိုဟ်နေပုံတွေဖြစ်ပါတယ်။ “ပြည်ပမဟုတ်ဖူးနော် ပြည်တွင်း”လို့ ရေးသားပြီး “Aung Than”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ၂ ရက်အတွင်း ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၁ သောင်း ၂ ထောင်ရှိ ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ သတင်းတုသတင်းမှား

အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေ ထွက်ပြေးတယ်လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာ၊ ယူကျူ့(youtube)စာမျက်နှာနဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ အခြားလွတ်လပ်သော သတင်းဌာနတွေမှာ ဒီသတင်းကို မတွေ့ရပါဘူး။  “ပညာ ပန်း ခင်း”ဖေ့စ်ဘွတ်အသုံးပြုသူက အထက်ပါဆိုလိုရင်းပါတဲ့ ဘလော့ပို့စ်တစ်ခုကို အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၁၂ ကြိမ်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  “Myanmar Life Channel” အမည်နဲ့ youtube စာမျက်နှာမှာလည်း “အင်းစိန်ထောင် လောင်ပြီ ထောင်သားတွေ ထွက်ပြေး”လို့ ရေးသားပြီး ဇူလိုင် ၂၃ ရက်က ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီဗွီဒီယိုကို […]

Continue Reading