Archives

Fact Check: တမူးမှာပစ်သတ်ခံရတဲ့ လူငယ် ၄ ဦးကို သေဒဏ်ကျခံရတဲ့ ညီအကို ၄ ဦးအဖြစ်ဖော်ပြ

သေဒဏ်ကျခံထားရတဲ့ ညီအစ်ကို လေးယောက်ကို သတ်ပစ်လိုက်ပြီလို့ ရေးသားပြီး လူငယ် ၄ ယောက်ရဲ့ နာရေး အခမ်းအနားတစ်ခုဓာတ်ပုံနဲ့အတူ မျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက မျှဝေလျက် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်က စစ်တပ်ရဲ့ သေဒဏ်ပေးခံရတဲ့ ညီအကို ၄ ယောက် အကြောင်းဟာ လူအများအကြားရေပန်းစားခဲ့တဲ့ သတင်းတစ်ပုဒ်ပါ။  သို့သော်လည်း  အခု သေဒဏ်ကျခံရတဲ့ ညီအကို ၄ ယောက်ကို သတ်လိုက်ပြီးဆိုတဲ့ ဒီဓာတ်ပုံဟာ စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ စစ်တပ်ကပစ်သတ်ခြင်းခံရတဲ့ လူငယ် ၄ ယောက်ရဲ့ နာရေးအခမ်းအနားဖြစ်ပါတယ်။ “Rip. ပါအကိုတို့ရာ😭😭😭😭 ကောင်းရာဘုံဘဝရောက်ပါစေ🙏🙏 Crd”လို့ရေးသားပြီး “The Note News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဖေ့စ်ဘွတ်ပို့စ် screenshot တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: လောက်သေရွက်က ကိုဗစ်ကို ကုသနိုင်သလား- လုံလောက်တဲ့ အထောက်အထားမရှိပါ

လောက်သေရွက်ကြိုသောက်ရင် ကိုဗစ်-၁၉ ပျောက်တယ်လို့ရေးသားထားတဲ့ ပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူအမြောက်အများက မျှဝေလျှက်ရှိပါတယ်။  “ရေဆေးပြီး လောက်သေရွက်ကို ၁၀ သားချိန်ရွယ်ပြီး တစ်နေ့၃ကြိမ် ၃ခွက်၁ခွက်တင်ကြိုပြီသောက်ပါ။ တစ်ရက်အတွင်း ကိုဗစ် ပိုးတွေအကုန်သေပြီး ရောဂါလုံးဝကိုသက်သာပါတယ်လို့ … ကိုဗစ်ဖြစ်ပြီးလို့ လောက်သေရွက်ကြိုသောက်တဲ့ သူတွေပြောပြလို့သိရသလို ဘုန်းဘုန်းလည်း ကိုယ်တိုင် ကိုဗစ်ထိ၍ ကိုယ်တိုင်သောက်၍ ကိုယ်တိုင်ပျောက်ခဲ့ပါတယ်။’’လို့စသည်ဖြင့် ရေးသားပြီး “အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဖေ့စ်ဘွတ်ပို့စ်ကို တစ်ရက်အတွင်း ပြန်လည်မျှဝေမှု ၁ သောင်းဝန်းကျင်ရှိပါတယ်။ ဒီလိုတွေ့ရှိတဲ့သူအဖြစ် အရှင်သုဇန(မဟာမြိုင်-မန္တလေး)09440055117 ဆိုပြီတော့ လည်းရေးသားထားပါတယ်။  ဒီပို့စ်ကို “Phyo Wai Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည် မျှဝေမှုပေါင်း ၁ သောင်း ၂ ထောင်ရှိပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ […]

Continue Reading

Fact Check: ဗီယက်နမ်မှာ လက်ဖက်ရည်ထဲမှာ သံပုရာရည်ထည့်သောက်တဲ့အတွက် ကိုဗစ်ဗိုင်းရပ်စ်နဲ့ သေဆုံးသူမရှိဆိုတဲ့ သတင်းမှား

ဗီယက်နမ်မှာ လက်ဖက်ရည်နဲ့ သံပုရာရည်သောက်တဲ့အတွက် ဗိုင်းရပ်စ်အသစ်(ကိုဗစ်-၁၉)ကြောင့် သေဆုံး သူမရှိဘူးလို့ ရေးသားပြီး သတင်းမှားတစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေလျှက်ရှိပါတယ်။ အမှန်တကယ်မှာ ဗီယက်နမ်နိုင်ငံမှာ ဇူလိုင် ၂၁ ရက်အထိ ကိုဗစ်ကြောင့် သေဆုံးမှုအရေအတွက် ၃၃၄ ယောက်ရှိပြီး လက်ဖက်ရည်နဲ့ သံပုရာရောသောက်တာဟာ ကိုဗစ်ကို ကာကွယ်နိုင် ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “အခုဗိုင်းရပ်စ်အသစ်မှာ သေဆုံးသူလုံးဝမရှိတဲ့ ဗီယက်နမ်နိုင်ငံမှ ဆေးနည်းကောင်း”လို့ ခေါင်းစဉ်တပ်ထားပြီး တူညီစွာရေးသားမျှဝေထားတဲ့ သက်ဆိုင်ရာဝက်ဘ်ဆိုဒ်စာမျက်နှာအသီးသီးကို ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဝက်ဘ်ဆိုဒ်စာမျက်နှာက သတင်းကို ဝင်ရောက်ဖတ်ရှု့မယ်ဆိုရင် “Vietnam ဗီယက်နမ်နိုင်ငံတွင် ဗိုင်းရပ်စ်သစ် သည်သေဆုံးနှုန်းလုံးဝသုညရှိသည်။သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာလူများသည်စူပါနိုင်ငံဗီယက်နမ်၏လျှို့ဝှက်ချက်ကိုရရှိခဲ့ကြသည်။ သင်သည် ဗိုင်းရပ်စ်အသစ်နှင့်အတူကူးစက်ရင်တောင်သေမှာမဟုတ်သည်မှာ သေချာသည်။ အချက်အလက်များစွာကဖော်ပြချက်သည်အလွန်ရိုးရှင်းသည်ဟုသက်သေပြသလိုလည်းအထူးသဖြင့်ထိရောက်မှုရှိသည်။ အပြည်ပြည်ဆိုင်ရာစူပါကုထုံး၏လျှို့ဝှက်ပုံသေနည်းမှာအောက်ပါအတိုင်းဖြစ်သည် – ၁။ လက်ဖက်ရည်ကြမ်းကိုရေပွက်ပွက်ဆူတွင်ပြုလုပ်ပါ။ ၂။ သံပုရာဖျော်ရည်ကိုရောစပ်ပြီးနောက်လက်ဖက်ရည်ပူသောက်ပါ။ ၃။ ဤလျှို့ဝှက်ချက်သည် ဗိုင်းရပ်စ်သစ်ကိုချက်ချင်းသေစေနိုင်သည်။ […]

Continue Reading

Fact Check: ကွမ်းရွက်၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဆားရောနှောစားရင် ကိုဗစ်ပျောက် သလား-အထောက်အထားမရှိပါ

ကွမ်းရွက်ကို နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဆားရောပြီး စားရင် ကိုဗစ်-၁၉ ရောဂါပျောက်စေတယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေလျှက်ရှိပါတယ်။ သို့သော်လည်း ဒီပါဝင်ပစ္စည်းတွေဟာ ကိုဗစ်-၁၉ ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ အထောက်အထား Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။  “သတင်းကောင်းပါ…နောက်တမျိုးဆေး ကိုဗစ်ဖြစ်နေသူရော…ကိုဗစ်ကာကွယ်သူရော အထူးဆေးရ ပါပြီ. …အခုနည်းပြထားတဲ့…အတိုင်းပြုလုပ်ပါ……ဆား…စနွန်းမှုန့်….ကြက်သွန်ဖြူ…..အဲဒိသုံးမျိုးကိုထဲ့ပြီး….စားပါ….အရည်ကို…..မျိုချပါ…..မနက်…တစ်….နေလယ်…တစ်…ညတစ်ခါ…တစ်နေ့…..သုံးချိန်မီဝဲသုံးဆွဲပါ ကြာကြာ ငုံပြီး….အရည်ကိုမျိုချပေးရင်…ပို၍ ထိယောက်ပါတယ်…….. ယုံယုံကြည်ကြည်နဲ့……ပြုလုပ်ပါ…. ကိုဗစ်ရောဂါ………၃…ရက်ဆို….ပြောက်ကင်းပါသည်……၃..ရက်ဆို….ပိုးသေသွားပြီ တကယ်သေခါပေါက်… ပိုသေတယ်ဗျ…”စသည်ဖြင့် ရေးသားထားတဲ့ပို့စ်ကို “Kyaw Htet Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ ပျံ့နှံ့မှူအားကောင်းတဲ့ တူညီတဲ့ အရေးအသားနဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization- […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သားတွေရှိရာ ပြန်လိုတယ်လို့ တောင်းဆိုခဲ့ကြောင်းတယ်ဆိုတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေ လျှက်ရှိပါတယ်။ ဒီလိုမျှဝေရာမှာ 7day သတင်းဌာနက ၂၀၂၁ ခုနှစ် ဇူလိုင် ၁၆ ရက်ကမျက်နှာဖုံးအဖြစ် ပုံနှိပ်ဖော်ပြထားတယ်ဆိုတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒေါ်အောင်ဆန်း စုကြည်က အင်္ဂလန်သို့ အပြီးပြန်လိုတယ်လို့လည်း ပြောကြောင်း ရေးသားထားပါတယ်။ “ဆိုလိုတာက စစ်တပ်ကိုအာဏာရအောင်လုပ်ပေးခဲ့ပေးပြီ၊ (၅)နှစ်တာကာလ ရသမျှလည်းစုဆောင်းခဲ့ပြီးပီ ဆိုတော့ အပြီးပြန်တော့မယ်ပေါ့ ပြည်သူတွေကတော့ ခံကြပေဦးပေါ့”လို့ ရေးသားပြီး “ေစာ ေဒ ဝီ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဒီဗွီဒီယိုက စစ်တပ်ကဆောက်လုပ်ထားတဲ့ Quarantine စင်တာမှာ တုတ်နဲ့ ရိုက်နှက်နေတဲ့ဗွီဒီယိုမဟုတ်ပါ

မြန်မာနိုင်ငံက စစ်တပ်ဆောက်လုပ်ပေးထားတဲ့ Quarantine စင်တာမှာ စောင့်ကြည့်ခံနေရသူတွေကို တုတ်နဲ့ ရိုက်ပြီး အဖြစ်ပေးနေတဲ့ ဗွီဒီယိုအဖြစ် ဗွီဒီယိုဖိုင်တစ်ခုကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ပေါင်းများစွာမျှဝေ လျှက်ရှိပါတယ်။ စက္ကန့် ၃၀ ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ “လာ နောက်တစ်ယောက်လာ။ မင်းတို့ငါ ကောင်းကောင်း မွန်မွန်ထားတာ သိလား”စတဲ့ မြန်မာဘာသာနဲ့ စကားပြောသံလည်းကြားရပါတယ်။ ဒီဗွီဒီယိုကို ” စ က စ ဆောက် လုပ် ပေး တဲ့ Q centar  အ ခြေ အ နေ  😳😳😳 DNB “လို့ ရေးသားပြီး “Hugawng Tawba”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၄ သောင်း ၆ ထောင်ရှိပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading

Fact Check: ကိုဗစ်ကုသရေးပစ္စည်းတွေ တင်သွင်းခွင့် ပိတ်ပင်တာဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ဆိုတဲ့ သတင်းတု

ကိုဗစ်-၁၉(COVID-19)ကုသရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို တင်သွင်းခွင့် ပိတ်ပင်မှုဟာ အကြမ်းဖက်စစ်ကောင်စီက လူမျိုးတုန်း သတ်ဖြတ်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တယ်ဆိုပြီးတော့ screenshot ဓာတ်ပုံပို့စ် တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  ဒီသတင်းဟာ မှားယွင်းပါတယ်။ ကုလသမဂ္ဂက ဒီလိုထုတ်ပြန်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရဘဲ မျှဝေနေတဲ့ screenshot ဟာလည်း ကုလသမဂ္ဂရဲ့ တွစ်တာစာမျက်နှာကို တုပထားတဲ့ စာမျက်နှာတစ်ခု သာဖြစ်တာတွေ့ရပါတယ်။ “ကုလသမဂ္ဂမှထုတ်ပြန်ထားပြီ ကိုဗစ်၁၉ နဲ့ပါတ်သတ်ပြီး ဆေးဝါး အထောက်အကူပြုအသုံးအဆောင် တွေကိုတားဆီးပိတ်ပင်ခြင်းဟာ လူမျိုးတုန်းသတ်ဖြတ်ခြင်းနဲ့ အကျုံးဝင်တယ်လို့ထုတ်ပြန်”လို့ ရေးသားပြီး “ဦးအောင် ဇော်” အမည်နဲ့ ဖေ့စ် ဘွတ်အသုံးပြုသူက ဇူလိုင် ၁၂ ရက်က ဒီဓာတ်ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁ထောင်ဝန်းကျင်ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ […]

Continue Reading

Fact Check: ဆိုင်ကယ်ပေါ်မှာ အောက်စီဂျင်ပေးပြီးခေါ်သွားတဲ့ ဒီကလေးပုံက မြန်မာ နိုင်ငံက မဟုတ်ပါ

ဆိုင်ကယ်တစ်စီးပေါ်မှာ အောက်စီဂျင်အိုးတင်ကာ ကလေးငယ်ကို အောက်စီဂျင်းပေးပြီး အမျိုးသမီး တစ်ယောက် က ပွေ့ချီလျှက် ဆိုင်ကယ်စီးသွားတာတဲ့ဓာတ်ပုံကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်သဖွယ်မျှဝေထားရာမှာ ဖေ့စ်ဘွတ် အသုံးပြုထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့လည်းသက်ဆိုင်ခြင်းမရှိသလို လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သက်ဆိုင်ခြင်းမရှိပဲပါဘူး။ “မင်းအောင်လှိုင်ရယ် မင်းမြေးလေးတွေ ကျမ္မာပါစေကွာ”လို့ ရေးသားပြီး “Khin Maung Htay” အမည်နဲ့ ဖေ့စ် ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက်  ၁ သောင်း ၁ထောင်ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီပို့စ်ရဲ့အောက်က မှတ်ချက်တွေကို […]

Continue Reading

Fact Check: မူးယစ်ဆေးဖြစ်စေတာကြောင့် ထန်းသီးတွေကို မီးရှို့နေပုံလား-မဟုတ်ပါ

ထန်းသီးဟာ မူးယစ်ဆေးအမျိုးမျိုးရဲ့ အရင်းအမြစ်အဖြစ် တွေ့ရှိရတဲ့အတွက် ရဲတပ်ဖွဲ့၊မီးသတ်နဲ့ သစ်တော ဦးစီး ဌာနတို့ ပူးပေါင်းပြီး ထန်းပင်နဲ့ ထန်းသီးတွေကို မီးရှို့ဖျက်စီးနေတဲ့ပုံလို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြု ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီလိုမျှဝေထားတဲ့ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလထဲမှာ သာပေါင်းမြို့နယ်မှာ မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်နေခြင်းဖြစ်ပါတယ်။ “မူးယစ်ဆေးအစ ထန်းရည်ကဖြစ်လို့ ထန်းသီးများကို သစ်တောဦးစီးမှမီးရှို့ဖျက်စီး ******************************************** မူးယစ်ဆေးများဖြစ်ကြသော WY၊ ၈၈၊ တစ်ခုလို၊ ရေခဲ၊ အသီး၊ ကြယ်သီး၊ ရာမ၊ ရာဘ၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ ၉၂၊ ၉၄၊ ‌မြင်းဆေး၊ ဆေးခြောက်နှင့်အခြား စိတ်ကြွဆေးအမျိုးမျိုး အစရှိသည်တို့ကို လူငယ်များသုံးစွဲမှုလျော့နည်းလာစေရန်နှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိုပိုမိုထိရောက်လာစေရန်အတွက် သစ်တောဦးစီးဌာနမှ မူးယစ်ဆေးအမျိုးမျိုးတို့၏ ဇာတ်မြှစ်ကိုသုသေသနပြုစမ်းသပ်လေ့လာကြည့်ရာ ထန်းသီးမှထွက်သောထန်းရည်ဖြစ်နေကြောင်းကိုသိရှိခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ […]

Continue Reading

Fact Check: ကချင်အရက်ကကိုဗစ်ပျောက်တယ်ဆိုတာ မဟုတ်ပါ

ကချင်မီးတောက် အရက်သောက်ရင် ကိုဗစ်-၁၉(COVID-19)ရောဂါပိုးသေစေတဲ့အတွက် ကိုဗစ်ရောဂါကို ကုသနိုင်တယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြု ထောင်ဂဏန်းက မျှဝေလျက်ရှိပါတယ်။ ကချင်မီးတောက် အရက်မှာ အရက် ၅၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ဒီပြင်းအားကြောင့် ပိုးသေစေတာလို့လည်း ရေးသားထားပြီး ဒီပို့စ်မှာပဲ အရက်မသောက်ချင်ရင်လည်း သံပုရာသီးနဲ့ ဂျင်းရောပြီးသောက်တာဖြစ်စေ၊ ဆားနဲ့ပလုပ်ကျင်း တာဖြစ်စေလုပ်ခြင်းအားဖြင့် ပိုးသေစေတယ်လို့ ရေးသားထားပါတယ်။ ဖော်ပြထားတဲ့ နည်းလမ်းတွေဟာ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းစေတယ်ဆိုတာမဟုတ်ပါဘူး။ ဒီပစ္စည်းတွေဟာ ကိုဗစ်ပျောက်ကင်းစေတယ်ဆိုတဲ့ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(World Health Organization- WHO)က အတည်ပြုထားပြီးဖြစ်ပါတယ်။ “ကချင်မီးတောက် အရက်မှာ Alchohol around 50%ပါဝင်ပါတယ်။grand မှာ ဆိုရင်တော့ around 40 % လောက်ဖြစ်မယ်ထင်တယ်။ အဲ့ဒါကြောင့် အရက်ပြန်လို handgel နဲ့ပြန်ရောထားတဲ့ alchohol […]

Continue Reading