Archives

အီတလီမှာ ဖုန်းကာဗာကြောင့် လူ ၅၀၀၀ ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ခံရသလား

မတ် ၂၇ ရက် ဥရောပစံတော်ချိန် ည ၁၀ နာရီအထိ ထုတ်ပြန်တဲ့ စာရင်းအရ အီတလီနိုင်ငံမှာ လူပေါင်း ၈၀၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိခဲ့ပြီး လူပေါင်း ၆၀၀၀ ကျော်ထပ်မံကူးစက်ခံခဲ့ရပြီး လူနာ ၈၁၀၀ ကျော် ဒီကူးစက်ရောဂါကြောင့် သေဆုံးခဲ့ပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီလိုအခြေအနေကြောင့် အီတလီနိုင်ငံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုသတင်း ရေပန်းစားတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေပါတယ်။ “အီတလီနိုင်ငံတွင် သုတေသနပြုချက်အရ လက်ကိုင်ဖုန်း ကာဗာထဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးများ ခိုအောင်နေခြင်းကြောင့် ကူးစက်ခံရသူ ၅၀၀၀ ကျော်ရှိခဲ့ကြောင်းတွေ့ရပြီး.. လက်ကိုင်ဖုန်း ကာဗာများ ကို ဖြုတ်ခွာ သုံးစွဲလျင် ပို၍ ဘေးအန္တရာယ်ကင်းပါတယ်” ဆိုပြီး Aung Naing Htwe အမည်နဲ့အကောင့်က ရေးသားထားပါတယ်။ Fb link Archive link […]

Continue Reading

မြန်မာလူထုဟာ ကိုရိုနာဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိတဲ့ စားသောက်မှု ပုံစံရှိသတဲ့လား

မတ် ၂၄ ရက်က မြန်မာနိုင်ငံမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၂ ဉီးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်အပြီး ၄ ရက်အတွင်းမှာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်ခံရမှုအတည်ပြုလူနာ ၈ ယောက်ရှိခဲ့ပြီဖြစ်ပါတယ်။ မတ် ၂၈ ရက်မနက်အစောပိုင်း မှာ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၃ ဉီးထပ်မံတွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီလိုအချိန်မှာပဲ မတ် ၂၆ ရက်က မြန်မာလူထုဟာ ကိုရိုနာဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိတဲ့ စားသောက်နေထိုင်ရှိနေ တာကြောင့် စိတ်ပူစရာမလိုဘူးဆိုပြီး သူ့ကိုယ်သူ ဒေါက်တာတစ်ဉီးလို့ ပြောထားတဲ့ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ၅ မိနစ်ကျော်ရှည်ကြာတဲ့ ဒီဗွီဒီယိုထဲမှာ ငါးပိရည်နဲ့ အရွက်မျိုးစုံတို့၊ ထမင်းစားတဲ့ မြန်မာတွေအနေနဲ့ ကိုရိုနာဗိုင်ရပ်စ်ခုခံဖို့ အားရှိပြီးဖြစ်တယ်လို့ ပြောကြားထားပါတယ်။ Fb link Fb […]

Continue Reading

ကျုံပျော်မြို့နယ်မှာ အသုဘချတာရာမှာ ပြဿနာဖြစ်ပွားမှုကို ကိုရိုနာဗိုင်းရပ်စ်သံသယ ကြောင့်လို့ ဖော်ပြနေကြ

ကျုံပျော်မြို့နယ်မှာ အသုဘချရာကနေ ရွာသားအချင်းချင်း ပြဿနာဖြစ်ကြတာကို ကိုရိုနာဗိုင်းရပ်စ် သံသယကြောင့်ဖြစ်ရတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့နေပါတယ်။ POWER 50 LAW BLOGS အမည်နဲ့ စာမျက်နှာက “ထိုင်းမှ ပြန်လာသော ကိုရိုနာစောင့်ကြည့် လူနာ များပြားနေချိန်အတွင်း ကျုံပျော်မြို့နယ် ဇင်ပြွန်းကုန်း ကျေးရွာမှ သေဆုံးသွားသော အသုဘအား လူစုလူဝေးဖြစ်လာသဖြင့်  ရဲတပ်ဖွဲ့မှ တားဆီးရာမှ ပဋိပက္ခဖြစ်ပွားပြီးအရပ်သားတစ်ဦးသေဆုံး ရဲတပ်ဖွဲ့ဝင်ရှစ်ဦးဒဏ်ရာရ”ဆိုပြီး ခေါင်းစဉ်တပ်ရေးသားထားသလို ဖေ့စ်ဘွတ်မှာ ကိုရိုနာ၊ထိုင်းပြန်စတဲ့ # တွေအသုံးပြုပြီး ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ “လက်ရှိအခင်းဖြစ်ပွားရာနေရာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂၁၁ ဦး အထိရှိကြောင်းလည်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်းထံမှ သိရှိရပါသည်”လို့လည်း ရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် Google မှာ […]

Continue Reading

လျှက်ဆားနဲ့ ထုံးပွတ်ရှုရင် ကိုရိုနာဗိုင်းရပ်စ်သေစေတယ်ဆိုတဲ့ သတင်းမှား

လျှက်ဆားနဲ့ ထုံးပွတ်ရှုရင် ကိုရိုနာဗိုင်းရပ်စ်သေစေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “တစ်ကယ်ပြောက်နိုင်ပါတယ်ေနာ် ဝိုင်းဝန်းShareပေးကြပါအများသိအောင်လို့”ဆိုပြီး “Htwe Htwe” အမည်နဲ့ အကောင့်က ဗွီဒီယိုဖိုင်တစ်ခုကို မျှဝေထားပါတယ်။ မတ် ၂၄ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဖိုင်ဟာ ၂ ရက်အတွင်း လူ ၂ သိန်းနီးပါးက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ ၄၉ စက္ကန့်သာကြာမြင့်တဲ့ ဒီဗွီဒီယိုထဲမှာ စစ်စိမ်းရောင် စွပ်ကျယ်အင်္ကျီလက်ပြတ်ဝတ်ဆင်ထားတဲ့အမျိုးသားက လျှက်ဆားနဲ့ ထုံးပွတ်ရှုရင် ကိုရိုနာဗိုင်းရပ်စ် သေစေတယ်လို့ ပြောခဲ့သလို covid-19 ပိုးတွေ့ရှိတဲ့ လူနာနှစ်ယောက်ကို အခုဆေးနည်းနဲ့ကုမယ်ဆိုရင် ပြောက်ကင်းမယ်လို့ ပြောကြားထားပါတယ်။ Fb link Archive link  “ကိုရိုက်နာ ဗိုင်းရပ်စ်ကို သေစေနိုင်တဲ့ မြန်မာတိုင်းရင်းဆေးကို ပြောပြလာတဲ့ အမျိုးသား ဗီဒီယိုဖိုင် တစ်ကယ်ပြောက်နိုင်ပါတယ်နော် ဝိုင်းဝန်းShareပေးကြပါအများသိအောင်လို့”ဆိုပြီးတော့လည်း “Nay […]

Continue Reading

ရင်ထဲထိစေတဲ့ သားမိပုံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာလား

တကိုယ်လုံးနီးပါ ပလက်စတစ်အိတ်စွပ်တဲ့အမျိုးသမီးတစ်ဉီးက ကလေးငယ်လေးကိုပွေ့ချည်ထားတဲ့ ဓာတ်ပုံတစ်ပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ရင်ထဲထိစေတဲ့ အီတလီက သားမိပုံ၊ ကိုရိုနာကူးစပ်ခံထားရတဲ့အမေနဲ့ ၊အမေမှအမေဆိုပြီး ပူးကပ်နေတဲ့ သားငယ်”ဆိုပြီးတော့ “နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ”၊ “search Myanmar” နဲ့ “မြန်မာတိုင်းရင်းဆေးများ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေ အောက်ပါအတိုင်းမျှဝေထားပြီး ဖေ့စ်ဘွတ်သုံးစွဲသူတွေက ပြန်လည်မျှဝေတာများပြားခဲ့ပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link အမျိုးသမီးငယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာတကယ်လား။ အချက်အလက်စိစစ်ချက် Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ လင့်တွေကိုထောက်ကြည့်လိုက်တဲ့အခါမှာ ဒီပုံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်း အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပြီးဖြစ်ပါတယ်။ အစောဆုံး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ လင့်တွေကို ကြည့်ရင် တူရကီဘာသာနဲ့ ပျံ့နှံခဲ့တာတွေ့ရပါတယ်။အောက်ပါ လင့်တွေမှာ […]

Continue Reading

Arth Kelvin အကောင့်ကို အင်းစိန်က covid-19 တတိယလူနာအဖြစ်ပြောနေကြတဲ့ သတင်းမှား

“တတိယမြောက် လူနာဆိုတဲ့သူက ၂၀ ရက်ကတည်းက စဖျားပြီး ၂၁ ရန်ကုန်ရောက်တာ quarantine မမိဘဲ အင်းစိန်အိမ်ရောက်ပြီး သေတောင် quarantine မဝင်ဘူးလို့ post တင်လိုက်သေးတယ်၊ ပြန်မလာခင်လဲ လိုင်းပေါ်ကနေ စိတ်ပူနေတဲ့ မြန်မာပြည်သူတွေကို လလလလ တွေ ဆဲထားသေးတယ်…. ခု ၂၁ကနေ ၂၃ ကြား ဒင်းရောဂါ ဘယ်လောက်ဖြန့်ပြီးသွားပြီလဲ တွေးပြီး ဒေါသအလိပ်လိုက် ထွက်နေတယ် ဒီကောင် ဘာကြောင့် quarantine မမိဘဲ ဒီလိုလုပ်လို့ ရခဲ့တာလဲဆိုတော့ လေဆိပ်ကလူတွေ တာဝန်မကျေလို့ ပြောရရင် အစိုးရ အသုံးမကျလို့ဘဲ….. အခုတော့ ဒင်းက ပထမအကောင့်ဖျက်သွားတဲ့အပြင် နောက်အကောင့်မှာလည်း ရေးထားတာတွေအကုန်ဖျက်သွားပြီ Credit – Ko Shwe Htoo” ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ […]

Continue Reading

ဆီနီဂေါနိုင်ငံမှာ ကူညီကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုကို အီတလီနိုင်ငံအခြေ အနေအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယိုသတင်းမှား

အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုပါ။ ၂၄ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ မတ် ၂၄ ရက်အခြေအနေအရ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက် သေဆုံးမှုများပြားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “Ye Htet”အမည်နဲ့အကောင့်လည်း အီတလီအခြေအနေဆိုပြီးတော့ မတ် ၂၂ ရက်က အခုလိုမျှဝေထားရာမှာ လူမှုကွန်ယက်သုံးစွဲသူ ၆၀၀၀၀ ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ “ခြောက်ခြားစရာကောင်းလိုက်တာဗျာ၊လတ်တစ်လော အီတလီရှိ COVID-19 ရဲ့ ရက်စက်မှု”ဆိုပြီးတော့ “လောကချမ်းသာ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မတ် ၂၃ ရက်က မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link ဒီဗွီယိုဟာ တကယ်ပဲ အီတလီမှာဖြစ်ပျက်ခဲ့တာလား။ […]

Continue Reading

လွန်ခဲ့တဲ့ ၆ လက နာမကျန်းဖြစ်နေသော ကလေးပုံကို ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံနေရတဲ့ ကလေးအဖြစ်ပြန်လည်ဖော်ပြနေတဲ့ သတင်းမှား

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့ကူးစက်လာချိန်မှာ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်စ်ပိုးဟာ လူတွေကို စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဒီလို လူတွေ စိုးရိမ်ပူပန်ကြောင့် ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ရှာဖွေနေချိန်မှာ သတင်းအမှားတွေကလည်း လူမှုကွန်ယက်မှာ ကြီးစိုးလာနေပါတယ်။ အသက်ရှုပိုက်တွေ တပ်ထားရပြီး အသက်ရှုကျပ်နေဟန်တူသော နာမကျန်းဖြစ်နေတဲ့ ကလေးပုံနဲ့ ဗွီဒီယိုကို လူမှုကွန်ယက်မှာပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။  “သနားလိုက်တာ ကလေးလေးရယ်ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံနေရတဲ့ ကလေးနဲ့ လူကြီးတွေပါ စိတ်ခိုင်မှကြည့်ပါ”ဆိုပြီးတော့ “Khin Zin Htay” အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အခြားအကောင့်တစ်ခုဖြစ်တဲ့ “Joe Lay” က ဒီလိုပဲပြောပြီးမျှဝေထားပါတယ်။ Fb link Fb link […]

Continue Reading

ရန်ကုန်ဆေးရုံကြီးမှာ ကိုရိုနာ ရောဂါကူးစက်ခံရသူ (၃၃)ယောက်ရှိပြီလို့ပြောလာတဲ့ အသံဖိုင်သတင်းမှား

“ရန်ကုန်ဆေးရုံကြီးမှာတင် ၃၃ ရှိနေပြီ ဒါပေမဲ့ အစိုးရအဖွဲ့က တိုင်ပင်ပြီးတော့မှ အများကြီး တခါတည်း ကြေညာလိုက်ရင်လို့ရှိရင် panic buying တွေ အကုန်ဒုက္ခရောက်ကုန်မှာစိုးလို့ ဒီနှစ်ယောက်က စဖော်မယ်ဆိုပြီးတော့မှ ပြောတယ်နော်။ အဲတော့ ရှိနေတာက ၃၃ ယောက် နည်းနည်းချင်း နည်းနည်းချင်းစီ စဖော်မယ်ဆိုပြီးတော့မှ ပြောသွားတယ်နော်”ဆိုပြီး အမျိုးသမီးတစ်ယောက်ပြောကြားထားတဲ့အသံဖိုင် တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။၂၁ စက္ကန့်ရှည်လျားတဲ့ ဒီအသံဖိုင်ကို ဘယ်သူက စတင်လိုက်တယ်ဆိုတာတော့ မသိရပါဘူး။ Herry Ye အမည်နဲ့အကောင့်က ဒီအသံဖိုင်ကို မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link pro7media အမည်နဲ့ ဝက်ဆိုဒ်ကလည်း ပြန်လည်ဖော်ပြထားတာတွေ့ရပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် မတ် […]

Continue Reading

ကျေးဇူးတော်နေ့မှာ ဘရာဇီးသမ္မ ငိုကြွေးတဲ့ပုံကို အီတလီဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကြောင့် ငိုကြွေးတဲ့ပုံအဖြစ်ဖော်ပြနေတဲ့ သတင်းမှား

ကမ္ဘာတစ်လွှာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု မြင့်တက်နေချိန်မှာ အီတလီနိုင်ငံဟာ အဆိုးရွားဆုံးနဲ့ ရင်ဆိုင်နေရပါတယ်။ ဗိုင်းရပ်စစ်ကြောင့် သေဆုံးမှုမှာ အီတလီနိုင်ငံဟာ ဗိုင်းရပ်စ်စတင်ရာ တရုတ်နိုင်ငံထက် ပိုမိုများပြားလာပြီး မတ် ၂၂ ရက်အထိ စုစုပေါင်း သေဆုံးသူ ၅၀၀၀ ဝန်းကျင်နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အီတလီတာဝန်ရှိသူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေဟာလည်း လူမှုကွန်ယက်မှာရေပန်းစားနေပြီး အီတလီဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငိုကြွေးတဲ့ပုံအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက်မှာ ဖြန့်ဝေမှုများပြားခဲ့ပါတယ်။ Khin Zin Htay အမည်နဲ့အကောင့်က “သတင်းစုံ”၊ “မှု့ခင်းနှင့်သတင်းစုံ”စတဲ့ ဖေ့စ်ဘွတ်အုပ်စုတွေ မျှဝေထားတာတွေ့ရပါတယ်။ မျှော်လင့်ချက်မဲ့နေသည့် အီတလီဝန်ကြီးချုပ် မိန့်ခွန်းပြောရင်း ငိုကြွေးဆိုပြီးတော့လည်း ရေးသားထားပါတယ်။ Fb link Fb link Archive link Archive link  “မှု့ခင်းနှင့်သတင်းစုံ”စတဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ Shwe […]

Continue Reading