Archives

လူများမိမိအိမ်အတွင်းတွင်သာနေထိုင်ရန် ကျားနှင့်ခြင်္သေ့အကောင် ၈၀၀ အား မြို့များသို့စေလွှတ်ခဲ့တဲ့ရုရှားတယ်ဆိုတဲ့ သတင်းမှား

လူများမိမိအိမ်အတွင်းတွင်သာနေထိုင်ရန် ကျားနှင့်ခြင်္သေ့အကောင် ၈၀၀ အား မြို့များသို့စေလွှတ်ခဲ့တဲ့ရုရှားဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ရုရှားနိုင်ငံ တွင် သမ္မ ပူတင်မှ လူတွေ အပြင်မထွက်စေရန် ကျား နှင့် ခြသ့်။ ‌အကောင် (၈၀၀) လမ်းတွေ မှာ ချထားလိုက်တယ်။”လို့ MMcities အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ Fb link Archive link Sai Tin အမည်နဲ့အကောင့်က “ကျောက်စိမ်း လုံးခွင်လိုင်း”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ အခုလိုမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် လက်ရှိကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်လွှာက နိုင်ငံအတော်များများမှာ အပြင်မထွက်ရအမိန့်ထုတ်ပြန်ပြီး ကူးစက်ရောဂါပိုးကိုထိန်းချုပ်ဖို့ဆောင်ရွက်နေပေမဲ့ သတင်းဖော်ပြချက်ဟာ ယုံကြည်ဖို့ခက်ခဲ့တဲအတွက် ဓာတ်ပုံကို Google Reverse Image Search ကို သုံးပြီးရှာကြည့်တဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ […]

Continue Reading

အသက်ရှုကြပ် ဝေဒနာကြောင့် အေးဝတ်ရည်သောင်း အရေးပေါ် ဆေးရုံတင်ထားရသလား

အသက်ရှုကြပ် ဝေဒနာကြောင့် သရုပ်ဆောင် အေးဝတ်ရည်သောင်း ဆေးရုံတင်ထားရတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ဘယ်လိုဖြစ်ရတာလဲ မအေးသောင်းရယ် အမြန်ဆုံးသက်သာပါစေ အသက်ရှုကြပ် ဝေဒနာကြောင့် အရေးပေါ် ဆေးရုံတင်ထားရတဲ့ မအေးသောင်း ရုပ်သံ”ဆိုပြီး “ဂီတစာဆို ဗိုလ်အောင်ဒင်”အမည်နဲ့အကောင့်က “သတင်းစုံ”ဖေ့စ်ဘွတ်အဖွဲ့မှာ မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အခြားသောဖေ့စ်ဘွတ်စာမျက်နှာတွေဖြစ်တဲ့ “မြန်မာ့သတင်း”၊ “KBZ Media” နဲ့ “M.N.T” တို့မှာလည်း ဒီဗွီယိုကို ပြန်လည်မျှဝေတာတွေ့ရပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link အချက်အလက်စိစစ်ချက် သတင်းမှာဖော်ပြထားတဲ့ လူပမာပုံကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပုံဟာ ၂၀၁၉ ခုနှစ် […]

Continue Reading

မင်္ဂလာဒုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ ၃ဦး ဖမ်းမိတဲ့ဆိုတဲ့ ဗီဒီယိုဖိုင်သတင်းအမှား

“Breaking News မင်္ဂလာဒုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ ၃ဦး ဖမ်းမိတဲ့ ဗီဒီယိုဖိုင်”ဆိုပြီးတော့ လူမှုကွန်ယက်မှာ ပို့စ်တစ်ခုကို ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ အမျိုးသားနှစ်ဉီးနဲ့ အမျိုးသမီးတစ်ယောက်စကားပြောနေတာတွေ့ရပြီး အချိန် ၁ မိနစ် ၂၄ စက္ကန့်ရိုက်ကူးထားတာတွေ့ရပါတယ်။ စက္ကန့် ၃၀ နဲ့ ၄၆ စက္ကန့်ကြားမှာ ကားပေါ်က အမျိုးသမီးက အောက်ပါအတိုင်းစကားပြောခဲ့ပါတယ်။ “အစ်မကြီးမှုံ မင်္ဂလာဒုံကတော့ သတင်းထူးပြီ။ မင်္ဂလာဒုံမှာ ရောဂါတွေ့လို့တဲ့ ၃ ယောက်တဲ့ ။သမီးတို့ကားကိုရပ်ထားတယ်သိလား။ ရှေ့မှာ ambulance ကြီးနဲ့ ဆင်းလာတာလည်းအများကြီးပဲ ဟုတ်တယ်။ အိမ်ထဲမှာနေတာ စုစုပေါင်း ၁၁ ယောက်တဲ့။ လူက ၃ ယောက်ကူးတာတဲ့”ဆိုပြီး ပြောကြားထားပါတယ်။ Nay Myo Thu အမည်နဲ့အကောင့်က “သတင်းစုံ”ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပြီး “ဂီတစာဆို […]

Continue Reading

ရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင်ပေါ်ထွန်းဆိုတဲ့ သတင်းမှား

ရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင်ပေါ်ထွန်းတယ်ဆိုတဲ့ သတင်းကို လူမှုကွန်ယက်မှာ မျှဝေမှုများပြားခဲ့ပါတယ်။  “တိုင်းပြည်ပေါကြွယ်တမယ့် နမိတ်ပဲ ရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင် ပေါ်ထွန်းလို့လာပါပြီ………!!!”လို့ Pa Pa Hlaing အမည်နဲ့အကောင့်က “စိတ်အားငယ်တိုင်းဖတ်ဖို့စာစုများ”အမည်နဲ့ ဖေ့စ်ဘွတ်အဖွဲ့ထဲမှာ မျှဝေထားရာမှာ နာရီ ၂၀ အတွင်းမှာ ဖေ့စ်ဘွတ် သုံးစွဲသူ ၂၀၀၀ ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ ထိုနည်းတူစွာပဲ Thiri Kyaw အမည်နဲ့  အခြားဖေ့စ်ဘွတ်သုံးစွဲသူတစ်ဉီးကလည်း “ဟာသ ဗဟုသုတ သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အဖွဲ့ထဲမှာ မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link “ဦးသန်းရွှေလက်ထက် (၂၀၀၁)ခုနှစ်လောက်မှာ ဆင်ဖြူတော် (၃)ကောင်ပေါ်ထွန်းခဲ့ဘူးတယ်၊ ရခိုင်ရိုးမထဲကပေါ့ ၊အခုလည်း သမ္မတကြီး ဦးဝင်းမြင့်ရဲ့ လက်ထက်မှာလည်းရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင် ပေါ်ထွန်းလို့လာပါပြီ၊ဘုန်းကံတွေ မြင့်မားလာလို့ […]

Continue Reading

သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပြီဆိုတဲ့ သတင်းမှား

မတ် ၁၉ ရက်အထိ ကမ္ဘာတစ်လွှာက နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၁၆၈ အခုအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံခဲ့ပြီး လူပေါင်း ၂ သိန်းကျော်လောက်ကူးစက်ခံထားရပြီး လူပေါင်း ၉၀၀၀ နီးပါးသေဆုံးခဲ့ရချိန်မှာ မြန်မာနိုင်ငံအနေနဲ့လည်း စောင့်ကြည့်လူနာ ၁၇၇ ကျော်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “မကွေး/ကျိုင်းတုံ / မိုင်းဖြတ်မှ စောင့်ကြည့် ကိုရိုနာ လူနာ သုံးဉီးလုံး ယနေ့ သေဆုံးသွားပါပြီ…ဝန်ခံဖို့ အချိန်တန်ပါပြီ ဧကရီ…သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပါသတဲ့ဗျာ..ဝန်ခံသင့်ပါပြီ  သို့မှ ပိုတိုးပြီး သတိထား ဆင်ချင်နိုင်ဖို့ ဖြစ်လာမှာပါ” ဆိုပြီး Aung Naing Htwe အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။ Fb link Archive […]

Continue Reading

ခွေးကြောင်းများနှင့် အနီးကပ်နေရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်လား

မတ် ၁၉ ရက်မှာ ကမ္ဘာတစ်လွှာမှာနိုင်ငံပေါင်း ၁၆၆ နိုင်ငံအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံခဲ့ပြီး လူပေါင်း ၂ သိန်းကျော်လောက်ကူးစက်ခံထားရပြီး လူပေါင်း ၉၀၀၀ နီးပါးသေဆုံးခဲ့ရချိန်မှာ ဟောင်ကောင်က ခွေးတစ်ကောင်ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသံသယနဲ့ ဖေဖော်ဝါရီလထဲမှာ သီးသန့်စောင့်ကြပ်ကုသမှု ခံယူမှုပြီးမြောက်ပြီး ၂ ရက်အကြာမှ  သေဆုံးခဲ့ပါတယ်။ ဒီလိုမျိုးအချိန်မှာ “ခွေးကြောင်များနှင့် အနီးကပ်မနေပါနဲ့ COVID/19 ဒီအချိန်ခွေးကြောင်မျောက်တွေနဲ့ ဝေးဝေးနေပါ သင့်တမိသားစုလုံးအတွက် အခုချက်ချင်းသတိပြုပါ”ဆိုပြီး kokomg အမည်နဲ့အကောင့်က လူမှုကွန်ရက်မှာ ပို့စ်တစ်ခုမျှဝေလာပြီး ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ခွေးတစ်ကောင်ဟောင်ကောင်မှာကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသံသယနဲ့ ဖေဖော်ဝါရီလထဲမှာ သီးသန့်စောင့်ကြပ်ကုသမှု ခံယူမှုပြီး ၂ ရက်အကြာမှာသေဆုံးမှုဖြစ်ခဲ့တယ်လို့ မတ် ၁၆ ရက်က သေဆုံးမှုဖြစ်ခဲ့တဲ့ သတင်းကို South […]

Continue Reading

ဗိုက်တာမင်(စီ)က ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်လား

“အထူးသတင်း၊(COVID-19)နှင့်လျှို့ဝှက်ထားသောတရုတ်လက်နက်”ဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ရှည်လျားပြီး စွဲဆောင်မှုရှိရှိရေးသားထားတဲ့ စာထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြောင်းလည်းပါသလို ဗိုက်တာမင်စီအကြောင်းနဲ့ မြန်မာနိုင်ငံအကြောင်လည်းပါဝင်ပြီး နိဂုံးချုပ်ခါနီးမှာ “အခုတရုတ်ပြည်မှာ(COVID-19) ကိုထိန်းချုပ်နိုင်သွားပါပြီ။ဘယ်လိုထိန်းချုပ်သလဲဆိုတော့ ဖေဖေါ်ဝါရီလလယ်မတိုင်ခင်လေးမှာ(Vitimin C high dose)နှင့်စတင်စမ်းသပ်ကုသဖို့(High dose vitamin C clinical trials) တွေကိုစတင်စမ်းသပ်ကုသခဲ့ပါ တယ် လို့တရုတ်ပြည်ကဆရာဝန်(Doctor Richard Cheng)ကိုယ်တိုင်ဝန်ခံသွားပါ တယ်။မယုံရင်အောက် ကလင့်ခ်မှာဗီဒီယိုဖိုင်ဝင်ကြည့်လိုက်ကြပါ”လို့လည်း Kelvin Albert Power အမည်နဲ့အကောင့်က ရေးသားထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ Google မှာ “vitamin c covid-19”လို့ ရိုက်ရှာကြည့်တဲ့အခါမှာ vitamin c က ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်သလားဆိုတဲ့မေးခွန်းတွေနဲ့အတူ ကုသပေးနိုင်တာမဖြစ်နိုင်တာကိုရေးသားထားတဲ့ သတင်းနဲ့ ဆောင်းပါးတွေ၊အချက်အလက်စိစစ်ချက်တွေ တွေ့ရပါတယ်။ […]

Continue Reading

အစားအသောက်နဲ့ COVID-19 ကာကွယ်ကုသနိုင်လား

COVID-19 ကာကွယ်ရေးဆိုပြီးတော့ “သံပုရာရည်သောက်၊ ဂျင်းများများစား၊ ဟင်းလျာမှာ နနွင်းပါစေ၊ ဟင်းရည်ပူပူငြုပ်ကောင်း၊ ငါးဟင်းစား၊ ကြက်သွန်ဖြူ/နီစား၊ ရေနွေးကြမ်းပူပူသောက်၊ နေထွက်စမှာလမ်းလျှောက်”ဆိုတဲ့ အချက် ၈ ချက်ပါတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ဝူဟန်ဗိုင်းရပ်စ်”ကာကွယ်ကုသရာမှာ ထိရောက်တယ်လို့ ပြောနေကြတဲ့ ဆေးတွေရဲ့အာနိသင်သဘောတရားက ကိုယ်ရဲ့အနီးမှာပါ” (လက်ဆေးဘို့လည်းမပျင်းနဲ့)” ဆိုပြီးတော့ U Win Tin အမည်နဲ့ အကောင့်က မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ကမ္ဘာ့ကျန်းမားရေးအဖွဲ့က လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ပြောကြားထားပါတယ်။ အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေးမီတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ပျောက်အောင်ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာမတွေ့ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ အနောက်တိုင်းဆေးအပါအဝင် […]

Continue Reading

ကိုရိုနာ ဗိုင်းရပ်စ်ကို အောင်နိုင်သွားသည့် တိုင်းရင်းဆေးပင်ဆိုတဲ့ သတင်းမှား

“ဒီနေ့ မတ်လ ၁၆ရက် (၂၀၂၀)မှာ ထိုင်းနိုင်ငံ ကူးဆက်ရောဂါပိုး တိုက်ဖျက်ရေးအဖွဲ့က ကိုဗစ်ရောဂါပိုးတွေကို သေ​ေစနိုင် ကာကွယ်နိုင်တဲ့ ဖါထလိုင်ကျွန်  ​ေဆးဖက်၀င် ฟ้าทะลายโจร  အပင်ဟာ  ထိုင်းပြည်သူအတွက် အသင့်တော်ဆုံး ရောဂါပိုးတိုက်ဖျက်နိုင်ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။ ဆေးခါးကြီးပင်အခေါ် Green chiretta (穿心莲) ကို ငရုတ်ခါး၊ကရင်ဆေးခါးဟု အရပ်ဒေသကိုလိုက်ပြီး  ခေါ် ကြပြီး ရုက္ခဗေဒအမည်မှာ A n d r o g r a p h i s P a n i c u l a t a N e e s ဖြစ်ပြီး […]

Continue Reading

ဆားရေဖြင့် ပလုပ်ကျင်းရင် corona ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်တယ်ဆိုတဲ့ တစ်ဝက်မှန် တစ်ဝက်မှားသတင်း

ဆားရေဖြင့် ပလုက်ကျင်းရင် corona ဗိုင်းရပ်စ်ကိုဖယ်ရှားနိုင်တယ်ဆိုတဲ့ ပို့စ်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။  “Corona ဗိုင်းရပ်စ်သည် အဆုတ်သို့မရောက်မီလည်ချောင်းထဲ၌  ၄ ရက်နေရသည်။ ဤအချိန်တွင် လူသည် ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းများစတင်ဖြစ်ပွားခဲ့သည်။ အကယ်၍ သူသည်ရေကို များများစားစားသောက်ခြင်း၊ ရေနွေးနဲ့ ဆားကို ပလုပ်ကျင်းခြင်းသည် ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်ပါသည်။ သင်အချက်အလက်နှင့်အတူ တစ်စုံတစ်ဉီးကိုကယ်တင်နိုင်သောကြောင့် ဤအချက်အလက်ကို ဖြန့်ဝေပေးပါ” ဆိုပြီးတော့  Htain Lin အမည်နဲ့အကောင့်က မျှဝေထားတာတွေ့ရပါတယ်။ “ဆားရေနဲ့ အာလုပ်ကျင်းပါ”လို့လည်း ရေးသားထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာရေပန်းစားနေတဲ့ ကောလာဟလတွေကို ရှင်းလင်းထုတ်ပြန်ထား တာတွေ့ရပါတယ်။ ရိုးရိုးအအေးမိဖျားနာတာ တွေမှာတော့ နှာခေါင်းကို ဆားရေနဲ့ဆေးကြောပေးတာကြောင့် မြန်မြန်နေကောင်းလာတယ်ဆိုတဲ့ အထောက်အထားအနည်းငယ်တော့ရှိပါတယ်။ သို့သော်လည်း အသက်ရှုလမ်း […]

Continue Reading