Archives

ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်ဆိုပြီး မျှဝေနေတဲ့ အန္တရာယ်ရှိသတင်းမှား

“မလေးရှားမှာ ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်ဆိုလို့ စားကုန်ကြပြီ ရုပ်သံဖိုင်”ဆိုပြီး Love H အမည်နဲ့အကောင့်တစ်ခုက “အထူးသတင်းစုံ”၊ “သတင်းစုံ”၊ “မှုခင်းသတင်းများ”စတဲ့ ဖေ့စ်ဘွတ် အုပ်စုတွေထဲမှာ မျှဝေထားတာတွေ့ရပါတယ်။  Fb link Fb link Fb link Archive link Archive link Archive link “အကိုတို့ ၊ အမတို့ရေ ဆပ်ပြာစားရင် ပျောက်တယ်တဲ့ မလေးရှားမှာ ဆပ်ပြာစားလို့ ပျောက်ကုန်ကြပြီတဲ့… မြန်မာပြည်က လူတွေသိအောင် ရှဲပေးဦး ဟာသအနေနဲ့ တင်တာနော်။တကယ်သွားမလုပ်နဲ့။ ဆပ်ပြာစားလည်း မပျောက်ဘူး..သေသွားလိမ့်မယ်..”ဆိုပြီးတော့ “သုတ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေထားတာပါတယ်။ Fb link Archive link “သုတ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေထားတာကို tatinhtoo အမည်နဲ့ ဝက်ဆိုဒ်က “မလေးရှားမှာ ဆပ်ပြာစားရင် […]

Continue Reading

ကွမ်းစားတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုတဲ့ သတင်းမှား

 ကွမ်းစားတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ကဲ ကွမ်းစားတဲ့ ညီနောင်တွေ ပျော်လို့ရပီ ကွမ်းယာမှာပါတဲ့ ထုံးဓာတ်Ca(OH)2 အယ်ကာလီက အဆီလွှာကို ပေါက်ပြဲပျက်စီးစေတာကြောင့် အဆီလွှာနဲ့ဖုံးအုပ်ထားတဲ့ ကိုဗစ် ပိုးကို သေကြေပျက်စီးစေပါတယ် မတော် တဆ ပါးစပ်ထဲရောက်လာတဲ့ ကိုဗစ် ပိုးဟာ ထုံးဓာတ်ကြောင့် သေကြေပျက်စီးပါတယ် တရုတ်ပြည်ဝူဟန်မှာ ထုံးအမှုန့် တွေဖြန်းပီးနောက်ပိုင်း ပိုးကူးစက်မှု ရပ်တန့်သွားကြောင်းအခု လက်ရှိ postive ဝေဒနာသည်တွေဟာ ကွမ်းမစား သူတွေဖြစ်ကြကြောင်း ထို့ကြောင့် ကွမ်းစားများတဲ့ အိန္နိယနဲ့မြန်မာမှာ ကူးစက်မှုနည်းနေကြောင်း ကွမ်းစားခြင်း ကိုအားပေးတာမဟုတ်ပေမဲ့ လက်ရှိတွေ့ရှိချက်တွေကို ထုတ်ပြန်ထားတာပါ တစ်ခုတော့ရှိပါတယ် ကျန်တဲ့ အပေါက် တွေက မဝင်အောင်တော့ အိမ်ထဲမှာပဲ နေ လက်ဆေးကြပေါ့ဗျာ ဒါပေမဲ့ ကွမ်းမစားသူထက်စာရင်တော့ ကွမ်းစားနေကြတဲ့သူတွေက ကူးစက်ခံရမှုမရှိသလောက်ဖြစ်နေ […]

Continue Reading

(၁၄) ကြိမ်မြောက် ထီ သိန်းတစ်သောင်းခွဲ ကံထူးရှင်ကိုလွဲမှားဖော်ပြနေ

လစဉ်လဆန်း ၁ ရက်မှာ ထီဖွင့်တိုင်း အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ် သိန်း ၁၅၀၀၀ ဆုကို ဘယ်တိုင်း ဒေသကြီးကပေါက်သလဲ၊ ဘယ်သူပေါက်သလဲဆိုတာဟာ စိတ်ဝင်စားစရာခေါင်းစဉ်တစ်ခုပါ။ ဒီလိုအခြေအနေမှာ “(၁၄) ကြိမ်မြောက် ထီ သိန်းတစ်သောင်း ခွဲ ကံထူးရှင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှ မလဲ့လဲ့မိုး သိန်း ၁၅၀၀၀ ဆု (ဗ ၄၉၄၅၇၈) ဖြင့် ထိုက်တန်စွာ ဆွတ်ခူးပေးလိုက်ပါပြီ… ထပ်တူ ဝမ်းသာမိပါသည်။ Credit… Linn Latt Thway”ဆိုပြီး ပုံစံတူပို့စ်တွေ လူမှုကွန်ယက်စာမျက်နှာအမြောက်အများက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီကနေ့ ဧပြီ(၁)ရက်နေ့မှာ ထွက်ရှိတဲ့ (၁၄)ကြိမ်မြောက် အောင်ဘာလေထီဆုကြီးရဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို […]

Continue Reading

COVID-19 လူနာနဲ့ထိတွေ့ခဲ့တဲ့ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ၁၄ ရက် self-quarantine လုပ်နေရဆိုတဲ့ သတင်းမှား

COVID-19 လူနာနဲ့ထိတွေ့ခဲ့တဲ့ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ၁၄ ရက်သီးခြားစောင့်ကြည့်နေရ ဆိုတဲ့သတင်းတစ်ခုကို “Aung Naing Htwe” အမည်နဲ့အကောင့်က ရေးသားထားပါတယ်။ “ဒေါ်စု ၁၄ ရက် Quarantine ဝင်နေပါတယ်လို့ ဆုတောင်းဖို့ သတင်းမှန်ပေးလည်း ငှက်တွေက ဆဲနေကြတယ်ဆိုတာ မြင်တဲ့ အတိုင်းပဲ..ထွီး”ဆိုပြီး အကောင့်မှာထပ်မံ ရေးသားထားပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှာ မည်သည့် Quarantine မှလုပ်ဆောင်ရခြင်း မရှိဘဲ ကျန်းမာရေး အထူးကောင်းမွန်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မတ် ၃၁ ရက် မွန်းလွဲပိုင်းမှာ မီဒီယာတွေကို ပြောကြားခဲ့တာအောက်ပါလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ “”နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ ကျန်းမာရေး […]

Continue Reading

အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီဖျက် သိမ်းဆိုတဲ့ သတင်းမှား

“အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီကို ယနေ့ ဖျက်သိမ်း” Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဒု-သမ္မတ (၁) ဦးဆောင်၍ ပြန်လည်ဖွဲ့စည်း”ဆိုပြီးတော့ “People Media”က လူမှုကွန်ယက်မှာမျှဝေလာပါတယ်။ Fb link Archive link နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဉီးဆောင်တဲ့ကော်မတီကို တကယ်ဖျက်သိမ်းခဲ့ပါသလား အချက်အလက်စိစစ်ချက် မတ် ၃၀ ရက်စွဲနဲ့ သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၅၃ /၂၀၂၀ အဖြစ် ယနေ့ မတ် ၃၁ ရက်မှာ ထုတ်ပြန်တဲ့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဖွဲ့စည်းခြင်းအမိန့်ကြော်ငြာစာအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Fb link Archive link ဒီအမိန့်ကြော်ငြာရဲ့ […]

Continue Reading

တမာရွက်စားလို့ မလေးရှားမှာ covid-19 ပျောက်တာအများကြီးရှိပြီဆိုတဲ့ သတင်းမှား

တမာရွက်စားလို့ မလေးရှားမှာ covid 19 ပျောက်တာ အများကြီးရှိပြီဆိုတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “တမာရွက် စားလို့ မလေးရှားမှာ covid 19 ပျောက်တာ အများကြီးရှိပြီတဲ့…ဝမ်းသာစရာပဲနော်…    ပြန်လည် Share ပေးခြင်းဖြင့် လူသားအသက်ကို ကယ်ကြပါစို့ခဗျာ… Covid-19.ရောဂါပိုး အတွက်သတင်းကောင်း တစ်ခုပါမလေးရှားနိုင်ငံရောက် မြန်မာပြည်ဖွား သားအဖ နှစ်ဦးစလုံး Coronavirus အကူးခံရပြီး အလွန်ချောင်းဆိုးကာ အသက်ရှူရ ကြပ်သည်အထိဖြစ်လာခဲ့လေသည်။ထိုသို့ အခြေအနေ၌ မလေးရှားနိုင်ငံ၏ ဆရာဝန်တစ်ဦးအား အကြောင်းကြားအိမ်သို့ ပင့်ခေါ်သော်လည်း ရောဂါကူး ခံရမည် အထင်ဖြင့် မရောက်ရှိ လာခဲ့ပေ”ဆိုပြီး “PTTK-Royal Online Shop Vlog”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသား ထားတာတွေ့ရပါတယ်။ Fb link Archive link “ရှုထောင့် […]

Continue Reading

COVID-19 ေပျာက်တဲ့ေဆး မြန်မာနိုင်ငံမှာ ေတွ့ရှိဆိုတဲ့ သတင်းမှား

“မြန်မာဆိုတာ ဒါမျိုး COVID 19 ကိုရိုနာ ရောဂါပျောက်ကင်းနိုင်တဲ့ ဆေးတစ်မျိုး မြန်မာနိုင်ငံ တွင်စတင်တွေ့ရှိ”ဆိုပြီး မျှဝေထားတာတွေ့ရပါတယ်”ဆိုပြီး “Bo Aung Din” အမည်နဲ့အေကာင့်က “မှုခင်းနှင့် သတင်းစုံ”၊ “သတင်းစုံ”စတဲ့ ေဖ့စ်ဘွတ်အုပ်စုေတွမှာ မျှေဝထားပါတယ်။ မျှေဝထားတဲ့ လင့်ခ်ကို ေထာက်ဖတ်ကြည့်မယ်ဆိုရင် “BPI (အင်းစိန်)၊ ဒီဆေးစက်ရုံက စက်မှု(၁)အောက်မှာရှိတဲ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံပါ။ ဆေး quality နဲ့အာနိသင် က အခုနိုင်ငံခြားကဝင်နေတဲ့ဆေးတေအားလုံးထက်သာပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုဆေးစက်ရုံတစ်ခုရှ်တာ တကယ်ကိုတန်ဖိုးရှိပါတယ်။ အခုပြောချင်တာက BPI ကနေ ငှက်ဖျားရောဂါအတွက်ထုတ်လုပ်ထားတဲ့ Chlorofos ဆိုတဲ့ဆေးက COVID 19 treatment အတွက် WHO ကနေစကာတင်ရွေးနေတဲ့အထဲပါတဲ့ဆေးပါ။ COVID 19 ကိုပျောက်ကင်းတယ်လို့လည်းကြားပါတယ်။ (အတည်မပြုရသေးပါ)။ အကယ်၍ ဒီဆေးကိုသာWHO က Recommend ပေးလိုက်ရင် […]

Continue Reading

အီတလီမှာ ကိုရိုနာဗိုင်းရပ်စစ်လူနာတွေ လမ်းပေါ်ထားရဆိုတဲ့ သတင်းမှား

အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုပါ။ မတ် ၂၉ ရက်အထိ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၀၀၀ ကျော်ရှိပြီဖြစ် တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက် ကူးစက်မှုနဲ့ သေဆုံးမှုပိုမိုများပြားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အီတလီနဲ့ပတ်သက်တဲ့ သတင်းတွေဟာ ရေပန်းစားခဲ့ပါတယ်။“ဆင်ဆင်ခြင်ခြင်နေကြဘို့ သတိထားဘို့ပါ..အီတလီ နိုင်ငံရဲ့ အခြေအနေ..ဆေးရုံတွေပေါ် ထားစရာ နေရာ မရှိတော့လို့ လမ်းတွေပေါ် ထားထားရတယ်..”ဆိုပြီး “Aung Hein Htet” အမည်နဲ့အကောင့်က “သီတဂူဆရာတော်ကြီးကို ကြည်ညိုကြသူများ”၊ “မူခင်းသတင်းစုံ”၊ “ဗဟုသုတ ၊ ပုံပြင် ၊ ဝတ္ထုများ ၊ မျှဝေကြမယ်” စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားပါတယ်။  Fb link Fb link […]

Continue Reading

ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ရောဂါထိန်းချုပ်ရေး အလှူရှင်တွေကို ပုံဖျက်ထားတဲ့ သတင်းမှား

“အတိုင်ပင်ခံနှင့် ကိုယ်ပျောက်ကြီးစာရင်းမတွေ့ရသေးဘူး ဘယ်တော့လဲ”ဆိုပြီးတော့ ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ရောဂါထိန်းချုပ်ရေး အလှူရှင်တွေစာရင်းတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ အလှူရှင်တွေထဲမှာ အရင်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစု၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်သမ္မတ(ငြိမ်း)ဉီးသိန်းစိန်စတဲ့ ပုဂ္ဂိုလ်တွေပါဝင်တာအောက်ပါအတိုင်းတွေ့ရပါတယ်။ ၂ ရက်အတွင်းမှာ ဒီပို့စ်ကို လူမှုကွန်ယက်သုံးစွဲသူ ၂ ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Fb link Archive link တကယ်ပဲ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ လှူဒါန်းခဲ့ပါသလား။ အချက်အလက်စိစစ်ချက် ဒီမျှဝေထားတဲ့ ဓာတ်ပုံကို ကြည့်မယ်ဆိုရင် အလှူငွေစာရင်းရဲ့ အပေါ်ဆုံးပိုင်းမှာ နောက်ခံအရောင်အနည်း ငယ်ဖြူနေတာတွေ့ရပါတယ်။ အလှူငွေစာရင်းတွေကို အစိုးရပိုင်သတင်းစာတွေမှာထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ မတ် ၂၆ ရက်နေ့ထုတ် ကြေမုံသတင်းစာ စာမျက်နှာ ၃ ပါပုံနဲ့ယှဉ်ကြည့်နိုင်ပါတယ်။ စာမျက်နှာသုံးမှာ အခုပုံကို တွေ့ရမှာဖြစ်ပါတယ်။ The Mirror မတ် ၂၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၁ […]

Continue Reading

Ygn ..48hrs အတွင်း LOCK DOWN ချပါမယ်ဆိုတဲ့ သတင်းမှား

မတ် ၂၉ ရက်အထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်တဲ့ covid-19 အတည်ပြုလူနာ ၈ ဉီးမှာ ၅ ဉီးဟာ ရန်ကုန်မှာဖြစ်ပါတယ်။ ပြည်တွင်းပထမဆုံး ကူးစက်လူနာအဖြစ် ဧည့်လမ်းညွှန်အမျိုးသမီးဖြစ်သူ လူနာအမှတ်(၈)ကလည်း ရန်ကုန်ကဖြစ်နေချိန်မှာ “Ygn ..48hrs အတွင်း LOCK DOWN ချပါမယ် Comfrim ဖြစ် ပါပြီ..မကြာခင် တရားဝင် ကြေငြာတော့မယ် …Crd# ကပ် ဆိုးဘေးဆိုးမှ ကင်းဝေးကြပါစေ…”ဆိုပြီးတော့ May Thazin Soe အမည်နဲ့အကောင့်က ရေးသားထားတာတွေ့ရပါတယ်။ Aung Kyaw Oo အမည်နဲ့အကောင့်ကလည်း “Current Affiars”အမည်နဲ့ ဖေစ့်ဘွတ်အုပ်စုထဲမှာ မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link […]

Continue Reading