Archives

Fact Check: မန္တလေး အိုးဘိုထောင်ကို PDF တွေ ဝင်စီးတဲ့ သတင်းတု

မန္တလေး အိုးဘိုထောင်ကို PDF တွေ ဝင်စီးပြီး ထောင်သားအားလုံးလွတ်လာတယ် ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ “မနက်အထူးသတင်းကြီး မန္တလေးအိုးဘိုထောင် PDF မီးရှို့ပြီ ထောင်မှူးနဲ့ရဲခွေးတွေကိုလည်ပင်းကြိုးစွပ်ပြီး ထောင်ပေါက်ဝမှအကုန်ချိတ်ဆွဲထားလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆိုရင် မီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့  သတင်းတွေကို သတင်းခေါင်းစဉ်တု ဒါမှမဟုတ် ခေါင်းစဉ်လွဲတွေတပ်ကာ ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီချန်နယ်ဟာ စလော့ဂိမ်းတွေကို ကြော်ငြာပေးတဲ့နေရာအဖြစ် ပြောင်းလဲထားပါတယ်။  ဩဂုတ် ၅ ရက်မှာ ဖြန့်ဝေခဲ့တဲ့ […]

Continue Reading

Fact Check: ရုရှားကို စစ်ကူတောင်းတဲ့ USDP ဥက္ကဌ ဦးခင်ရီကို အမေရိကန် ပြင်းပြင်းထန်ထန် သတိပေးဆိုတဲ့ သတင်းမှား

ရုရှားကို စစ်ကူတောင်းတဲ့ USDP ဥက္ကဌ ဦးခင်ရီကို အမေရိကန် ပြင်းပြင်းထန်ထန် သတိပေးတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုမှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ပါ စာသားကို အောက်မှာကြည့်ပါ။   “အမေရိကန် အမိန့်လာပြီ  USDP ဥက္ကဌ ခင်ရီက ရုရှားကို စစ်ရေးအကူအညီတောင်းခံမှု အမေရိကန် ပြင်းထန်သတိပေး/NUG အောင်ပွဲခံဖို့နီးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်း ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ ပြောထားသလို စစ်တပ်လိုလားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဌက တော်လှန်ရေး အဖွဲ့တွေနဲ့ နိုင်ငံအနှံ့မှာ […]

Continue Reading

Fact Check: ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သားထောက်ပံ့မယ်လို့ စစ်ကောင်စီ ကြေညာဆိုတဲ့ သတင်းတု

ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သားထောက်ပံ့မယ်လို့ စစ်ကောင်စီက ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု  ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ပါ စာသားကို အောက်မှာကြည့်ပါ။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ “ယုံတောင်မယုံနိုင်ဘူးဟေ့ ပြည်သူတိုင်းကို ငွေ (၁၀)သိန်းနဲ့ ရွှေ (၂)ကျပ်သား ကူညီထောက်ပံ မယ်လို့စစ်ကောင်စီကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ရုပ်ကတ်မှာ ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သား ကူညီထောက်ပံ့မယ်လို့ စစ်ကောင်စီကြေညာလို့ ဆိုထားပေမဲ့ လွတ်လပ်တဲ့ မီဒီယာတွေအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဒီသတင်းကို […]

Continue Reading

Fact Check: လားရှိုးမှာ ကလေးတွေ လက်နက်ကိုင်ကျောင်းတက်ရတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

လားရှိုးမှာ ကလေးသူငယ်တွေ လက်နက်ကိုင်ကျောင်းတက်ရတဲ့ ဓာတ်ပုံလို့ဆိုလိုထားပြီး ဓာတ်ပုံတခု ဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဆိုင်ကယ်တစီးပေါ်မှာ ကလေး ၂ ယောက် ဆိုင်ကယ် စီးသွားတာကိုရိုက်ကူးထားပြီး နောက်ခုံမှာထိုင်နေတဲ့ကလေးဟာ သေနတ် ၂ လက်ကိုင်ထားတာကို ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ် ချက်ဖြစ်ပါတယ်။  “လားရှိုးမြို့လို့ပြောတဲ့ FB ဓါတ်ပုံတွေထဲမှာဒီပုံဟာအထူးခြားဆုံးဘဲ ..  ဟုတ်ရောဟုတ်ပါ့မလား.. အရုပ်သေနတ်လေးတွေဖြစ်မှာပါ..😟” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မတ်လ ဝန်းကျင်ကတည်းက အခြားသော ဘာသာစကားအသုံးပြုတွေ အကြားမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။  ဒီဓာတ်ပုံရိုက်ကူးထားတဲ့နေရာဟာ […]

Continue Reading

Fact Check: အသိမ်းခံရတဲ့ လားရှိုး စစ်ဌာနချုပ်တိုင်းမှူးသေဒဏ်ပေးခံရလို့ ကျန်တိုင်းမှူး အားလုံးနုတ်ထွက်စာတင်ဆိုတဲ့ သတင်းတု

အသိမ်းခံရတဲ့ လားရှိုး စစ်ဌာနချုပ်တိုင်းမှူးသေဒဏ်ပေးခံလို့ ကျန်တိုင်းမှူး အားလုံးနုတ်ထွက်စာတင်ကုန် တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “လားရှိုးမြို့စစ်ဌာနချုပ် အသိမ်းခံရမှုနဲ့ တိုင်းမှူးကို သေဒဏ်ကြေငြာလို့ တိုင်းမှူးအားလုံး နှုတ်ထွက်စာတင် မန္တ‌လေးတိုင်းမှူးပါ ပျောက်ဆုံးသွားပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် လုပ်ကြံသတင်းတွေနဲ့ ရောနှော ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: နေပြည်တော်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်တိုက်ပြီဆိုတဲ့ သတင်မှား

တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ဗိုလ်ချုပ်တွေခိုအောင်းရာနေပြည်တော်ကို ဝင်တိုက်ပြီလို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေပြီး ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ရုန်းထဖို့ လိုပြီဟေ့ စစ်ဗိုလ်ချုပ်များခိုအောင်းရာနေပြည်တော်ကိုဝင်တိုက်ပြီ တော်လှန်ရေးပူးပေါင်းတပ်များ ပွဲကပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူး ယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါဘူး။ အခုလည်း ၉ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားခဲ့တဲ့ “ရုန်း […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်က ကယ်ထုတ် ဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ အထူးတပ်ဖွဲ့တွေ ကယ်ထုတ်ပြီး ထောင်တခု လုံးကိုဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာဟာ သတင်းတု တခုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “အမေစုကို ကယ်ထုတ်လာကြပြီ  နေပြည်တော်အကျဉ်းထောင်ဗုံးခွဲဖျက်ဆီး အမေစုတို့ကု အထူးတပ်များကကယ်ထုတ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြရာမှာ လုပ်ကြံသတင်း‌‌ခေါင်းစဉ် ဒါမှမဟုတ် ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်း စဉ်တပ်ပြီးဖော်ပြပါတယ်။ ဒီယူကျူ့ချန်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။  […]

Continue Reading

Fact Check: ပ‌ဟေဠိဖြေနိုင်သူတွေကို Apple ကုမ္ပဏီက iPhone အမှတ်တံဆိပ် ဖုန်းတွေပေးမယ်ဆိုတဲ့ သတင်းတု

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Apple ကုမ္ပဏီက iPhone အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှာတခုသာဖြစ်တာတွေ့ရတယ်။  မတ် ၃ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း ၆၀၀၀ ကျော်ရှိထားတယ်။ ဒီတူညီတဲ့ရေးသားမျှဝေမှုကိုပဲ ဇူလိုင် ၁၃ ရက်က ထပ်မံ ဖြန့်ဝေခဲ့ရာမှာတော့ ပြန်လည်မျှဝေမှုပေါင်း ၁၄၀၀ကျော်ရရှိခဲ့တယ်။ ဒီနေရာမှာလည်းတွေ့ရတယ်။  “{29} မှလွဲ၍ အခြားနံပါတ်တစ်ခုကို ရှာတွေ့ပါက iPHONE မှ အံ့သြဖွယ်လက်ဆောင်တစ်ခု ရရှိမည်ဖြစ်သည်။ မှတ်ချက်- ဤဝန်ဆောင်မှုသည် ကျွန်ုပ်တို့ထံမှ လက်ဆောင်မရရှိဖူးသူများအတွက် ရည်ရွယ်ပါသည်။ ကံကောင်းပါစေ ❤️ @pengikut” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို ဖမ်းစီးကာ ဒုတိယစစ်ခေါင်းဆောင်က အာဏာသိမ်း ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုတိယစစ်‌ခေါင်းဆောင် စိုးဝင်းက ဖမ်းဆီးပြီးပြီး အာဏာလုယူ လိုက်တယ်လို့ ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ဖေ့စ်ဘွတ်မှာတွေ့ရတဲ့ ပို့စ်က ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ ဒီဗွီဒီယိုဟာ ယူကျူ့မှာ ကြည့်ရှုမှုပေါင်း ၂ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။ “နေပြည်တော်ကိုပိတ်ချလိုက်ပြီ  စိုးဝင်းအာဏာသိမ်းလိုက်ပြီ သိန်းစိန်သမ္မတဖြစ်လာမှာကိုလက်မကြိုက်လို့ မင်းအာင်လှိုင်ကိုဖမ်းဆီးကာအာဏာလုယူ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Radio”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်း သို့မဟုတ် အတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တု၊ […]

Continue Reading

Fact Check: ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်ဆိုတဲ့ သတင်းမှား

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်လို့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ယခုအချိန်အထိ 498 မှလွဲ၍ အခြားနံပါတ်ကို မည်သူမျှ မတွေ့ရသေးသော်လည်း 2024 Toyota Hilux တွင် ဆွတ်ခူးနိုင်သည့် တိုယိုတာ ၁၀ စီး ကျန်ရှိနေသေးသည်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံက တိုယိုတာဖြန့်ချိနေတဲ့ ကုမ္ပဏီအပါအဝင် တိုယိုတာကုမ္ပဏီရုံးချုပ်အနေနဲ့လည်း ဒီလိုကြေညာ ချက်မရှိပါဘူး။  အခုလို ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်ဆိုတဲ့ စာမျက်နှာဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်(ဇူလိုင် ၁၉) […]

Continue Reading