Archives

Fact Check: နေပြည်တော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

နေပြည်တော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်လို့ စစ်ကောင်စီက နေပြည်တော်ကို လက်လွတ်ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ ဗွီဒီယိုယူကျူ့ချန်နယ်တခုက ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၁၃ရက်နေ့ မအလပြေးပြီ နေပြည်တော်တစ်မြို့လုံးလက်လွှတ်လိုက်ရပြီဟေ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ အလံ စိုက်ထူလိုက်ပြီ ရန်ကုန်ခေတ်သစ်တရားဝင်အတည်ပြုပြီ ”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Yotube link | Archive link ဒီယူကျူ့ချန်နယ်ကပဲ နေပြည်တော်လေတပ်ဌာနချုပ် ရဟတ်ယာဉ်ကွင်းကို  ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ရဟတ်ယာဉ် ၅ စီးမီးလောင်ပြာကျသွားပြီ၊ ရန်ကုန်စစ်ဌာနချုပ် ညကအင်အား အလုံးအရင်းနဲ့ ဝင်သိမ်း လိုက်ပြီးစသည်ဖြင့် ရေးသားဖြန့်ဝေထားရာမှာ အများအပြားက ဒီဗွီဒီယိုတွေကို ကြည့်ရှူ့ထားပါတယ်။ ဒီနေရာနဲ့ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်တွေ သေဆုံးမှု သတင်း‌ခေါင်းစဉ်တု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆေးရုံမှာ သေဆုံးမှု၊ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရမှုစသည်ဖြင့် ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၁၄)ရက်နေ့  တနိုင်ငံလုံးကခုန်လို့ရပြီဟေ့ သတင်းထူးကြီးဗျို့ ညက ကာချုပ်ကြီးမင်းအောင်လှိုင်အရေးပေါ် ဆေးရုမှသေပြီဟေ့အ‌လောင်းထုတ်ပြီဗျို့ ရန်ကုန်ခေတ်သစ်တရားဝင်အတည်ပြုပြီ” မူရင်းလင်ခ့် – Youtube link | Archive link ထို့အတူ သေဆုံးမှု၊ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရတယ်၊ စစ်တပ်ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်‌ဇော်မင်းထွန်း မိသားစု ၃ ဦးပစ်သတ်ခံရတယ်စသည်ဖြင့်လည်း ဒီချန်နယ်က ဖြန့်ချိထား ပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ […]

Continue Reading

Fact Check: ရှေ့တန်းကတပ်မှူးတွေ အရေးကြုံရင် လက်နက်ချဖို့ ဒု-ချုပ်စိုးဝင်း အမိန့်ပေးတဲ့ သတင်းတု

ရှေ့တန်းကတပ်မှူးတွေ အရေးကြုံရင် လက်နက်ချဖို့ ဒု-ချုပ်စိုးဝင်း အမိန့်ပေးအပြီးမှာ တပ် ၉၉ တပ်ရင်းမှူး အပါဝင်အားလုံးအညံ့ခံတယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာ တွေ့ရတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထာတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ရှေ့တန်း တပ်မှူးတွေအရေးကြုံရင် လက်နက်ချဖို့ ဒုချုပ် စိုးဝင်း အမိန့်ပေးအပြီး တပ် ၉၉ တပ်ရင်းမှူးအပါဝင်အာလုံး အညံ့ခံ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းဖော်ပြချက်တွေကို နားလည် မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ချိတာတွေ့ရပါတယ်။ တကယ်တော့ ဗွီဒီယိုဟာ ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ ယူကျူ့ချန်နယ်မှာ နိုဝင်ဘာ ၁၁ ရက်မှာဖော်ပြခဲတဲ့ “Khit Thit သတင်းဌာန၏ […]

Continue Reading

Fact Check: NUG ကိုတရားဝင်အစိုးရအဖြစ်ကုလသမဂ္ဂထုတ်ပြန်ကြေညာတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို တရားဝင်အစိုးရအဖြစ်ကုလသမဂ္ဂထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ  ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဒီဇင်ဘာ ၅ ရက်က ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။   “နိုင်ငံတကာအသိမှတ်ပြုခံရပြီဟေ့ NUGကိုတရားဝင်အစိုးရအဖြစ် ဒီနေ့ပဲ ကုလမှ အတည်ပြု ထုတ်ပြန် ကြေညာပြီ”စသည်ဖြင့်ရေးသားထားပါတယ်။ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Yotube link | Archive link ဒီဇင်ဘာ ၆ ရက်မှာတော့ ဒီယူကျူ့ချန်နယ်ကပဲ အလားတူတဲ့ရေးသားမျှဝေတခုထပ်မံမျှဝေခဲ့ပါတယ်။ ဒီအခါမှာတော့  NUG ကို ကမ္ဘာကအသိအမှတ်ပြုသင့်ပြီလို့ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်က ထုတ်ပြောတယ်လို့ ဆိုထားပါတယ်။  ဒီနေရာမှာကြည့်ပါ။ ဒီဗွီဒီယိုဟာလည်း ကြည့်ရှူ့မှုပေါင်း ၁ သိန်း ၂ သောင်းကျော်ရှိပါတယ်။ […]

Continue Reading

Fact Check: KFC က ကြက်ကြော် အလကားပေးနေတယ်ဆိုတဲ့ လိမ်လည်လှည့်စားထား တဲ့ စာမျက်နှာ

KFC က ဖေ့စ်ဘွတ်ပို့စ်ကို မျှဝေတဲ့သူတိုင်းကို ကြက်ကြော်တွေ အလကားပေးနေပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ KFC နာမည်နဲ့ အမှတ်တံဆိပ်အသုံးပြုပြီး လိမ်လည်လှည့်စားထားခြင်းသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ၁၉ နာရီအတွင်း ဒီပို့စ်ကို မျှဝေမှုပေါင်း ၆၀၀၀ ရှိပါတယ်။  “ဒီနှစ် ဒီဇင်ဘာလအတွက် KFC မှာ ထူးထူးခြားခြား လုပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်တွေက ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ KFC မှာ လူတိုင်းကို ကြက်တစ်ပုံး (အခမဲ့) ကျွေးချင်တယ်။ ဒီပို့စ်ကို မျှဝေသူတိုင်းနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ကြက် ၁၂ ကောင်ပါတဲ့ ပုံးတစ်ပုံးကို ပို့ပေးပါမယ်။ (​နောက်​​နေ့ပို့​ပေးပါတယ်​)” မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: NUG ကိုတရုတ်က လေယာဉ် ၃၃ စီးထောက်ပံ့မှုနဲ့ လေယာဉ်တွေ လက်ခံရရှိနေမှုသတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို တရုတ်က လေယာဉ် ၃၃ ကူညီမှု၊ မြန်မာစစ်တပ်ဘက်က လေယာဉ် တွေနဲ့ CDM  ပြုလုပ်လာမှုဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ သတင်းမှားတွေသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “NUG ကို လေယဉ် (၃၃)စီး ကူညီမယ်ဟု တရုတ်အစိုးရ ကြေငြာ”စသည်ဖြင့် ဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်မှာ ရေးသားထားသလို ဗွီဒီယိုခေါင်းစီးစာသားမှာလည်း “6 December 2023,တရုတ်အစိုးရက NUG ကို မြန်မာအစိုးရတဲ့။ မင်းအောင်လှိုင်သွေးတိုးနိုင်။ လေယဥ်၃၃စီးရပီ”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Yotube link | Archive link တူညီတဲ့ရေးသားမျှဝေမှုကို ဒီယူကျူ့ချန်နယ်ရဲ့  ဒီနေရာနဲ့ဒီနေရာမှာလည်းပါတယ်။ NUG ဆီကို လေတပ်က လေယာဉ်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတာကြောင့် လေယာဉ် ၁၁ […]

Continue Reading

Fact Check: လက်ရှိပဋိပက္ခအတွင်း KNDF ဒုတိယစစ်ဦးချုပ်မာဝီ ဒဏ်ရာရတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF)ဒုတိယစစ်ဦးစီးချုပ်မာဝီ မြန်မာစစ်တပ် က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရထားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု လူမှုကွန်ယက် မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ထို့အပြင် ၁၇ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ စစ်ဝတ်စုံဝတ်အမျိုးသားတဦး ခြေထောက်မှာ ဒဏ်ရာရရှိထားပြီး သွေးထွက်နေတာကို အခြားသော လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းဝန်းပြုစုနေပါတယ်။  အလားတူတဲ့ ရေးသား မျှဝေမှုကို တယ်လီဂရမ်ရဲ့ ဒီနေရာနဲ့ ဒီနေရာ၊ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ဖြန့်ဝေထားတာတွေ့ရပြီး KNDF ဒုစစ်ဦးစီးချုပ်ဟာ ဒီဇင်ဘာ ၁ ရက်မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လ်ကနက်ကြီး ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။ “ကယားမှာ ချီးယားနော် အကြမ်းဖက်သမား မာဝီ ဆိုတဲ့ကောင်ကို တပ်မတော်က ဗျင်းထည့်လိုက်တာ… […]

Continue Reading

Fact Check: NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်မှာ အဖမ်းခံရတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်မှာ အဖမ်းခံရတဲ့ ဗွီဒီယိုလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာမှာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ တကယ်တော့ ဒေါ်ဇင်မာအောင် ဂျပန်မှာ ဂျပန်ရောက်မြန်မာတွေနဲ့ မြန်မာအရေးဆွေးနွေးပွဲအပြီး ပြန်လည်ထွက်ခွာသွားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အခမ်းအနားတခုကနေ လုံခြုံရေး တာဝန်ယူထားတဲ့သူတွေနဲ့  ဝိုင်းရံပြီး ဒေါ်ဇင်မာအောင် ထွက်ခွာသွားတဲ့ ဗွီဒီယိုနဲ့အတူ ဒီလိုရေးသားမျှဝေထားတာဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းပါတယ်။ “NUG အကြမ်းဖက်အဖွဲ ခေါင်းဆောင်တဦးဖြစ်တဲ့ (ဇင်မာအောင်ဆိုသူအမျိုးသမီး ) ဂျပန်မှာ စကားပြောပွဲလုပ်နေစဉ် ဂျပန်လျှိုဝှက်ရဲတပ်ဖွဲက ဝင်ရောက်ဖမ်းဆီးပြီး ဂျပန်နိူင်ငံကနေ နှင်ထုတ်လိုက်တယ်လိုသိရပါတယ်။😮😮😮 မှိုင်းဝေ https://t.me/hminewai/42467 https://t.me/hminewai/42467” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် NUG […]

Continue Reading

Fact Check: NUG ကို နိုင်ငံ ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းမှား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို နိုင်ငံပေါင်း ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းပါတယ်။ “1 ရက်နေ့ ဒီဇင်ဘာလ (မအလ ပေါက်ကွဲနေ) နိုင်ငံ ၄၀ ကျော် NUG ကို အစိုးရဟု သတ်မှတ် စစ်တပ်ကို အရက်စက်ဆုံး အကြမ်းက်ဟု စတင်ကြေညာ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ချိနေတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က သတင်းတွေကို သတင်းခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ အခုရက်ပိုင်းမှာ ယူကျူ့နဲ့ဖေ့စ်ဘွတ် စာမျက်နှာ တွေက ပြန်လည် ဖြန့်ဝေလာပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်တယ်။ မီဒီယာအချို့က သတင်းတွေ ပြန်လည်ကူးယူပြီး ခေါင်းစဉ်လွဲတပ်မျှဝေထားတဲ့ ဗွီဒီယိုတွေသာဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ဒီလိုပြောဆို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ အလားတူရေးသား မျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Local News Tv”ယူကျူ့ချန်နယ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က သတင်းတွေကို ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် ခေါင်းစဉ်တုတွေတပ်ပြီး ပြန်လည် ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ခလရ(၁၂၅)တပ်ရင်းမှူးက အလံဖြူ […]

Continue Reading