Archives

Fact Check: မြွေကိုက်ခံရရင် သဘာဝအပင်တွေအသုံးပြုကာ ဆေးမီးတို ကုသနိုင်တယ် ဆိုတာ လုံလောက်တဲ့ အထောက်အထားမရှိပါ

သခွပ်ပင်အခေါက်စားတာအစ၊ ကျီးအာသီးဥစားတာအလယ်၊ အာတာလွတ် ဥစားခြင်းအဆုံး မြွေကိုက်ခံရရင် ကုသမှုနည်းလမ်းအဖြစ် မျှဝေထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအား ကောင်းခဲ့ပါတယ်။ တကယ်တော့ ဒီနည်းလမ်းတွေဟာ သိပ္ပံနည်းကျ သုတေသနပြုချက်တွေ မဟုတ်သလို ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ပို့စ်က ရယူထားခြင်းဖြစ်တယ်။ လင့်ခ်ကိုဝင်ရောက် ဖတ်ကြည့်မယ်ဆိုရင်တော့ အာတာလွတ်ဥ သို့မဟုတ် အပင်ကို ဝါးစားခြင်းအားဖြင့် ပိုးထိ(မြွေကိုက်)လူနာကို အကောင်းပကတိအတိုင်းဖြစ်စေကြောင်းရေးသားထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Fb link | Archive link အခြား ပြောဆိုချက်ကတော့ မြွေပွေး၊မြွေဟောက်ကိုက်ခံရပါက သခွပ်ပင်အ‌ခေါက်ကို ဝါးစားခြင်းအားဖြင့် ပျောက်ကင်းတယ်ဆိုပြီးတော့ဖြစ်တယ်။ ဒီနေရာမှာ ကြည့်ပါ။  ထို့အပြင် ကျီးအာသီးပင်က မြွေဆိပ်ပြေစေနိုင်တယ်ဆိုပြီးတော့လည်း ဖြန့်ဝေခဲ့တာရှိပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် တကယ်တော့ အထက်ပါပြောဆိုချက်အားလုံးဟာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ရုတ်တရက်သေဆုံးကြောင်းထုတ်ပြန်ကြေညာတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(န.စ.က ဥက္ကဌ) ရုတ်တရက်သေဆုံးကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ထုတ်ပြန်ကြေညာတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၂၄)ရက်နေ့ နစက ဥက္ကဌ ရုတ်တရက်သေဆုံး ခုပဲ MWD သတင်းဌာန စိတ်မကောင်းစွာနဲ့ အတည်ပြုကြေညာ လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ဗွီဒီယိုမှာ သတင်း‌ခေါင်းစဉ်တုတွေတပ်ပြီး ဖြန့်ဝေနေတာဖြစ်တယ်။ (အချက်အလက်စိစစ်မှုတွေကို ဒီမှာ ကြည့်ပါ။) အခု ဗွီဒီယိုထဲမှာလည်း စစ်ခေါင်းဆောင်သေဆုံးတဲ့အကြောင်းမပါဝင်သလို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ […]

Continue Reading

Fact Check: ဘီဟာပြည်နယ်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် သောက်သုံးခဲ့တဲ့ရေတွင်း ဓာတ်ပုံလား-မဟုတ်ပါ

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်သောက်သုံးခဲ့တဲ့ရေတွင်းလို့ဆိုထားတဲ့ ဓာတ်ပုံပို့စ်တခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ဒီဓာတ်ပုံ ဟာ အိန္ဒိယနိုင်ငံ လက်ဒူ(Latur)ဒေသမှာ ရေရှားမှုအကြောင်းဖော်ပြထားတဲ့ ဓာတ်ပုံတပုံကို လိုအပ်သလို ရေးသားမျှဝေထားခြင်း သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်သောက်သုံးခဲ့သည့်ရေတွင်းပါ။ နုစ်ပေါင်းနုစ်ထောင့်ငါးရာခြောက်ဆယ့်ခွန် (2567) ယနေ့တိုင်အောင် တည်ရှိပါသည်တဲ့။” (မူရင်းအရေးအသား) တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို အွန်လိုင်းမှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံကို သမိုင်းတန်ဖိုးနဲ့ ဘာသာရေးအကြောင်းထက် အိန္ဒိယနိုင်ငံမှာ ရေရှားပါးမှုဖြစ်စဉ်နဲ့ ပတ်သက်နေတာကိုတွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းက ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အိန္ဒိယက ပြည်နယ်အချို့မှာ ရေရှားပါးပြတ်တောက်မှုဖြစ်ခဲ့စဉ်မှာ ဒီဓာတ်ပုံ […]

Continue Reading

Fact Check: ရန်ကုန်မှာရှိတဲ့ အပန်းဖြေစခန်းက ဓာတ်ပုံတွေလား – မဟုတ်ပါ

ရန်ကုန်တိုင်း  သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာအထွက် မေတ္တာချောင်းက အပန်းဖြေစခန်းလို့ဆိုထားပြီး ဓာတ်ပုံ ၅ ပုံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတာ နားလည်မှု လွဲစေနိုင်တာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်ပြီး ထိုင်းနိုင်ငံက အပန်းဖြေနေရာတခုရဲ့ ဓာတ်ပုံ တွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နာမည်ကြီးနေသော ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာအထွက်က မေတ္တာချောင်း မှာ ဒီလိုမျိုးတွေရှိတာ ဘယ်သူမှသိပ်မသိကြဘူး။ နေလုံး၀မထိုး ရေကူးလို့လည်ရ တောကောင်သားတွေလည်းရ Heinekenဘီယာတစ်လုံးမှ ၂၅၀၀ ကျပ် ဖျော်ရည်မျိုးစုံလည်းရပါတယ် ။ လိပ်စာအတိအကျကတော့ သံလျင်မြို့ မေတ္တာလမ်းအဆုံး သစ္စာလမ်းအလယ်အရောက်မှာ ညာချိုးသွားရင် ဘုရားကုန်းကျေးရွာအထွက်လမ်း အတိုင်း မိနစ်20လောက်ကားမောင်းပြီးရင် ဘုရားကုန်းကျေးရွာနားမရောက်ခင်လေးမှာပါ။ လမ်းညွှန်ဆိုင်းဘုတ်ကနေ မြေနီလမ်းကလေးကို ဖြတ် လမ်းလျှောက်သွားရင်တောင် အလွန်လှပပြီးစျေးသက်သာတဲ့ စမ်းချောင်း Resort ကိုရောက်ပြီး […]

Continue Reading

Fact Check: R2P အရ မြန်မာနိုင်ငံကို UN တပ်တွေစေလွှတ်ပြီဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံကို အကာအကွယ်ပေးရေးအစီအစဉ်(R2P)အရ ကုလသမဂ္ဂ(UN)က တပ်တွေစေလွှတ်လိုက်ပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့နဲ့ စစ်ကောင်စီတပ်တွေ ရှေ့တန်းကနေ ပြန်ဆုတ်ဖို့ အမိန့်ထုတ်လိုက်ပြီ ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ D-Day Media အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုက ရယူ ထားခြင်းဖြစ်တယ်။  “၂၂ ရက် R2P စေလွှတ်ပြီ အမေစုနဲ့ သမ္မတကြီးကိုချက်ချင်းလွှတ်ပေးပြီး ရှေ့တန်းတပ်တွေ တပ်ပြန်ဆုတ်ဖို့ကုလအမိန့်ထုတ်ပြီ” စသည့်ဖြင့် ဗွီဒီယိုထဲမှာရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ သတင်းဟာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ “People’s Spring” […]

Continue Reading

Fact Check: ဩဇာသီးနဲ့သံပုရာရည်တွဲစားမိရင်သေတယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

ဩဇာသီးနဲ့သံပုရာရည်တွဲမိရင်သေနိုင်တယ်လို့ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအား ကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ယုံတမ်းစကားတခုသာဖြစ်တယ်။ Fact Crescendo Myanmar အနေနဲ့ အစားအသောက်နှစ်ခုတွဲစားမိရုံနဲ့သေတယ်ဆိုတာ မဟုတ်ကြောင်း အချက်အလက်စိစစ်ဖော်ပြပြီး ဖြစ်ပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “သတိ ..! ဒီရာသီမှာ အထူးသတိထားပါ 👽☠💀  ဩဇာသီး​ လေး ငါးလုံးစားပြီး နည်းနည်း ခေါင်းမူးလာလို့ သံပုရာရည်သောက်လိုက်တဲ့ မိတ်​ဆွေ သံပုရာရည်တောင် မကုန်သေးဘူး နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။ သိဖို့က ဩဇာသီးနဲ့သံပုရာရည်တွဲမိရင် သေတတ်ပါတယ် ။ Source. ဆရာမောင် page” မူရင်းလင်ခ့် – Fb link | Archive […]

Continue Reading

Fact Check: ထားဝယ်က လူမှုကူညီရေးအသင်းခေါင်းဆောင်ကို PDF ဖမ်းဆီးသတ်ဖြတ် ဆိုတဲ့ သတင်းမှား

ထားဝယ်အခြေစိုက် ဇမ္ဗူသီရီ အရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ DVB သတင်းဌာန သတင်းဖော်ပြချက် စခရင်ရှော့ဓာတ်ပုံနဲ့အတူ အောက်ပါအတိုင်းရေးသား ဖြန့်ဝေထားပါတယ်။  “NUG အကြမ်းဖက်အဖွဲ့က တော်တော်ကိုယုတ်မာနေပြီ ထား၀ယ်မြို့က ဇမ္ဗူသီရီ လူမှုကူညီရေးအသင်းခေါင်းဆောင်ကို NUG လက်အောက်ခံ အကြမ်းဖက်PDFများမှ ရက်ရက်စက်စက်သတ်ဖြတ်သွားကြောင်းသိရ အပြစ်မဲ့ပြည်သူ လူမှု၀န်ထမ်းတွေကို သတ်ဖြတ်တာဟာ တော်တော်လေးကို ယုတ်မာအောက်တန်းကျပါတယ် လက်နက်မကိုင်ထားတဲ့ပြည်သူကို အကြမ်းဖက် သတ်ဖြတ်တဲ့ PDFများ မြန်မြန်ဝဋ်လည်ပါစေ မှိုင်းဝေ ” မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: စစ်ကောင်စီတိုက်လေယာဉ် KIA ပစ်ချတဲ့ သတင်းတု

စစ်ကောင်စီရဲ့ လေယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ပစ်ချလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေယူကျူ့မှာ ဆက်တိုက်ဖြန့်ဝေနေရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “KIA ကတော့ လက်စွမ်းပြလိုက်ပြီ MIG-26 ပစ်ချ”စသည်ဖြင့် ရေးသားပြီး ယူကျူ့မှာဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အခြားသောပြောဆိုချက်ကတော့ “ဒေါဖုန်းယမ်ကို ဗုံးကြဲတဲ့လေယာဉ် KIA တပ်တော် ပစ်ချလိုက်ပြီ”ဆိုပြီးတော့ စက်တင်ဘာ ၁၈ ရက်က ဖြန့်ဝေမှုဖြစ်တယ်။ ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ် ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲဖြစ်တဲ့သတင်းနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ လိုင်လွမ့်အောင်ဂျာတဝိုက်မှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တွေ အကြားတိုက်ပွဲအကြောင်းတွေသာပါဝင်တယ်။  ဒီသတင်းတွေဟာလည်း သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေဖြစ်ပြီး ခေါင်းစဉ်လွဲ သို့မဟုတ် […]

Continue Reading

Fact Check: စစ်ကောင်စီကို တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီးပြောပြီး သံတမန် အဆက်အသွယ်ဖျက်တဲ့ သတင်းတု

စစ်ကောင်စီကို တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီးချုပ်သစ်ကပြောပြီး သံတမန်အဆက်အသွယ်ဖြတ်တောက် လိုက်တယ်ဆိုတဲ့ ယူကျူ့ဗွီဒီယိုဟာ သတင်းခေါင်းစဉ်တုတပ်ထားခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်(Srettha Thavisin)ဓာတ်ပုံနဲ့အတူ “စစ်ကောင်စီဟာ တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီး အသစ် ပြောလိုက်ပြီ သံတမန်ရေးဖြတ်တောက်ကုန်ပြီဝေ့”စသည်ဖြင့် ရေးသားဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ သတင်းတွေဟာ မီဒီယာအချို့မှာဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး လိုအပ်သလို သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။  ဗွီဒီယိုပါသတင်းဟာ လွတ်လပ်တဲ့အာရှအသံ သတင်းဌာန က မြန်မာဘာသာနဲ့ စက်တင်ဘာ ၁၆ ရက်ကဖော်ပြခဲ့တဲ့ “မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ပြော”ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားတာတွေ့ရပါတယ်။ မြန်မာ့အရေး အတွက် လိုအပ်ရင် […]

Continue Reading

Fact Check: ရှေးဟောင်းမြသိန်းတန်စေတီကို PDF က မိုင်းထောက်ဖောက်ခွဲမှုဆိုတဲ့ သတင်းတု

ရှေးဟောင်းမြသိန်းတန်စေတီကို PDF က မိုင်းထောက်ဖောက်ခွဲတိုက်ခိုက်ပြီး သာသနာကို တိုက်ခိုက်နေတယ် လို့ဆိုထားတဲ့ ပို့စ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဩဂုတ် ၂၈ ရက်ကဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကဖြစ်တယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းကို ဩဂုတ်လ ၁၅ ရက်နေ့က ABSDF နဲ့ PDF ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မင်းရွာ၊ မြစ်သာမြစ် မြောက်ဘက်အခြမ်းက အလောင်းစည်သူမင်းတည်ထားခဲ့တဲ့ ရှေးဟောင်းမြသိန်းတန်စေတီ အပါအဝင် အခြားဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံများ […]

Continue Reading