Archives

Fact Check: ရန်ကုန်မှာ စက်သုံးဆီဆိုင်တဆိုင် တန်းစီစနစ်နဲ့ရောင်းချစဉ် ဗုံးခွဲတိုက်ခိုက် ခံရပြီး အများအပြားသေဆုံးတဲ့ သတင်းတု

ရန်ကုန်မြို့မှာ တန်းစီစနစ်နဲ့ ရောင်းနေတဲ့ ဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရပြီး ပြည်သူအများအပြားသေဆုံးတယ်လို့ဆို တဲ့ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ ရုပ်ကတ်ပါစာသားကိုလည်း ကြည့်ပါ။ “(၂၆)ရက် အရေးပေါ်သတင်း ရန်ကုန်မြို့တွင်တန်းစီစနစ်ဖြင့် ရောင်းနေတဲ့ဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရ ပြည်သူအများအပြားသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တန်းစီနေစဉ် ဆီဆိုင်တဆိုင် ဗုံးခွဲတိုက်ခိုက်ခံရလို့ အများအပြားသေဆုံးတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရတဲ့ သတင်းအရင်း အမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကိုပဲ ပြန်လည် ကူးယူဖော်ပြပြီး […]

Continue Reading

Fact Check: ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရဆိုတဲ့ သတင်းတု

ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ ရန်ကုန်လေဆိပ်မှာ လေယာဉ်‌ပေါ်အတက် မိုင်းခွဲခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ် တယ်။ အောက်မှာ စာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၅ ရက်ကဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု အကြိမ်အရေ အတွက် တသိန်း ခုနှစ်သောင်းဝန်းကျင်ရှိထားပြီဖြစ်တယ်။ “ရန်ကုန် လေဆိပ် ပွတ်လောရိုက်ကုန်ပြီ ပြည်ပပြေးဖို့ လုပ်နေကြတဲ့ ဗိုလ်ချုပ်မိသားစုများ လေယဉ်ပေါ်အတက် မိုင်းခွဲခံရ”(မူရင်းအ‌ရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် အ‌ကြောင်း အရာတွေနဲ့ […]

Continue Reading

Fact Check: ဖေ့စ်ဘွတ်မှာ မှတ်ချက်ရေးရုံနဲ့ Ocean ဈေးဝယ်စင်တာက လက်ဆောင်ပို့ ပေးမယ်ဆိုတဲ့ လှည့်စားထားတဲ့ စာမျက်နှာ

ဖေ့စ်ဘွတ်ပို့စ်မှာ “Happy New Year”လို့ မှတ်ချက်‌‌ရေးတဲ့သူတိုင်းကို လက်ဆောင်တွေပါတဲ့ အထူးအိတ်တလုံးစီ မြန်မာနိုင်ငံမှာ နာမည်ကြီး ဈေးဝယ်စင်တာတခုဖြစ်တဲ့ Ocean Supperပို့ပေးမယ်လို့ဆိုထားတဲ့ Ocean Supercenter Fans အမည်နဲ့စာမျက်နှာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါ တယ်။ လိမ်လည်လှည့်စားထားထားတဲ့ အတုအယောင်စာမျက်နှာသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ပို့စ်က ရယူထားခြင်းဖြစ်တယ်။ ၂၄ နာရီအတွင်း ဒီပို့စ်ကို မျှဝေမှုပေါင်း ၁၃၀၀ ရှိပါတယ်။  “နှစ်သစ်လက်ဆောင်- @Ocean Supercenter ခရစ္စမတ်နဲ့ နှစ်သစ်ကူးကို ကြိုဆိုဖို့အတွက် ဒီဇင်ဘာ 25 ရက်နေ့မတိုင်ခင် ကျွန်တော်တို့ရဲ့ PAGE မှာ “Happy New Year” လို့ ရေးတဲ့သူတိုင်းကို အထူးအိတ်တစ်ခု ပို့ပေးမှာပါ။ ကံကောင်းပါစေ!” မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: ဦးဝါသဝရဲ့ ပျူစောထီးတွေ လက်နက်ချအလင်းဝင်တဲ့ သတင်းမှား

ဘုန်းကြီး စစ်ခေါင်းဆောင် ဦးဝါသဝရဲ့ ပျူစောထီးကွန်မန်ဒိုတပ်တွေ လက်နက်ချ၊ အညံ့ခံအလံဖြူထောင် အလင်းဝင်ပြီလို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်မှာ စာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၄ ရက်ကဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှု အကြိမ်အရေအတွက် သိန်းခွဲဝန်းကျင်ရှိပါတယ်။ “ပျူကတုံးဝါသဝရဲ့အထူးကွန်မန်ဒိုတပ်ကြီး လက်နက်ချ၊အညံ့ခံအလံဖြူထောင်အလင်းဝင်ပြီဗျို” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့ ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တု သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းခေါင်းတွေတပ်ပြီး  ပြန် လည် ဖြန့်ချိပါတယ်။ ပြည်တွင်းသတင်းလုပ်ငန်းမှာ […]

Continue Reading

Fact Check: အမေရိကန်သမ္မတ မြန်မာနိုင်ငံလာရောက်တဲ့ သတင်းတု

အမေရိကန်သမ္မတ မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုလာရောက်အပြီး ၁၀ မိနစ်အတွင်း NLD ခေါင်း‌ဆောင်တွေနဲ့ အကျဉ်းသား ၈၅၀၀ ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတု Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အမေရိကန်သမ္မတမှ မြန်မာလာပြီ ရန်ကုန်လေဆိပ် ၁၀ မိနစ်မကြာဘူး NLD ခေါင်းဆောင်များနဲ့ အကျဉ်းသား (၈၅၀၀) အကုန်လွှတ်ချ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတု၊ သတင်းမှားတွေ ဆက်တိုက်ဖြန့်ချိနေတဲ့ ချန်နယ်တခုဖြစ်ပါတယ်။  Fact […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဆွေးနွေးဖို့ ကမ်းလှမ်းဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က ဆွေးနွေးဖို့ ကမ်းလှမ်းပြီး ချမှတ်ထားတဲ့ ပြစ်မှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားတွေသာဖြစ်တယ်။ အောက်ပါကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုပါစာသားကောက်နုတ်ချက်နဲ့ ဖြန့်ဝေထားပုံကို စခရင်ရှော့ရယူထားခြင်းဖြစ်တယ်။  “ဒေါ်စုရဲ့အမှုအားလုံးရုပ်သိမ်းပြီး ရာသက်ပန်လွှတ်ပြီ မင်းအောင်လှိုင် ဆွေးနွေးနေရပြီ(ရုပ်/သံ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ် တခုတလေကမျှလည်း ဒီလိုပြောဆိုဖော်ပြချက်မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင်က ကမ်းလှမ်းသယောင် ဖြန့်ဝေနေတဲ့  Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေနဲ့ လုပ်ကြံရေးသားချက်တွေကို ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း […]

Continue Reading

Fact Check: မုန်းမြို့မဈေးကို KNLA နဲ့ PDF မီးရှို့တာလား-မဟုတ်ပါ

မုန်းမြို့မဈေးကို KNLA တပ်မဟာ ၃ နဲ့ တောင်ငူခရိုင် PDF အဖွဲ့က မီးရှို့သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “Breaking News ၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်နေ့ ၁၄၄၀ ချိန်ခန့်တွင် KNLA တမဟ(၃)၊ ရင်း(၈)နှင့် တောင်ငူခရိုင်PDF အကြမ်းဖက် တပ်ရင်းအမှတ် (၃၅၀၂)၊ အထူးစစ်ကြောင်းတပ်ခွဲတာဝန်ခံ စည်သူလွင် (ကျောက်ကြီးမြို့နယ် NLD ပါတီ၊ တိုင်း ၁ လွှတ်/လှယ် ဟောင်း)တို့ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ  မုန်းကျေးရွာ၊ (၅) ရပ်ကွက်ရှိ မုန်းဈေး(မြတ်မာလာ)အား ဈေးအတွင်းပိုင်းမှစ၍ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ကျွမ်းလျက်ရှိပြီး […]

Continue Reading

Fact Check: မန္တလေးနန်းတွင်း တိုက်ခိုက်မှုမှာ တိုင်းမှူးတမိသားစုလုံးသေဆုံးပြီး လေယာဉ် အစီး ၂၀ ပျက်စီးဆိုတဲ့ သတင်းတု 

မန္တလေးနန်းတွင်း တိုက်ခိုက်မှုမှာ တိုင်းမှူးမိသားစုသေဆုံးခဲ့ပြီး လေယာဉ်အစီး ၂၀ ပျက်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ ထိခိုက်သေဆုံးမှုအချို့ရှိပေမဲ့ ဘယ်သူဘယ်ဝါဆိုတာကို တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မန္တလေးတိုင်း စစ်ဌာနချုပ် ဒုံး(၆)လုံးနဲ့ ပစ်ခပ်ခံရမှုမှာ တိုင်းမှူးတစ်မိသားစုလုံး ထိပြီး သေဆုံးတဲ့ လေယဉ်အစီး(၂၀)ပြာကျ၊ သွေးချောင်းစီးခဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် မန္တလေးနန်းတော်ထဲမှာ ရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြို့ပြပြောက်ကျားစစ်ဆင်ရေးအနေနဲ့ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ခဲ့တဲ့ အဖွဲ့က ထုတ်ပြန်ခဲ့ပြီး  […]

Continue Reading

Fact Check: ဘဏ်အပ်ငွေတွေကို သိမ်းဆည်းလိုက်ကြောင်း စစ်ခေါင်းဆောင်ကြေညာတဲ့ သတင်းတု

ဘဏ်အပ်ငွေမှန်သမျှကို သိမ်းဆည်းလိုက်ကြောင်း စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဒီဇင်ဘာ ၂၁ ရက်ကဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတုသတင်းမှား သာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့  Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။  “တစ်နိုင်ငံလုံး သတင်းဆိုး (၂၁) ရက်နေ့ ဘဏ်မှာအပ်ထားတဲ့ ငွေမှန်သမျှ သိမ်းကြောင်း မင်းအောင်လှိုင် ကြေငြာ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် အရင် Cele Corner 1M အမည်ကနေ Celegram 1M လို့အမည်ပြောင်းထားတဲ့ ဒီယူကျူ့ချန်နယ်ကို ကြည့်မယ် ဆိုရင် ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်းအရာတွေ သို့မဟုတ် သတင်းတုတွေ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ သီတဂူဆရာတော်တောင်းဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ သီတဂူဆရာတော်တောင်းဆိုလိုက်တယ် လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာဟာ သတင်းမှားသာဖြစ်တယ်။ သတင်းမီဒီယာ အချို့မှာဖော်ပြပါရှိပြီး သတင်းတွေကို ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “သီတဂူ ပြောရင် အားလုံးဖြစ်တယ် ဒေါ်စုနဲ့ သမ္မတကို လွှတ်ဖို့ ဿီတဂူပြော ခေတ်သစ်ကြေငြာပြီ” (မူရင်းအရေးအသား)။ ဗွီဒီယိုအစမှာ ပြသတဲ့ ဒီစာသားပါတဲ့ ရုပ်သေဓာတ်ပုံမှာ ရန်ကုန်ခေတ်သစ်မီဒီယာ အစီအစဉ်တင်ဆက်သူက သတင်းကြေညာနေတဲ့ ဓာတ်ပုံနဲ့တကွမျှဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ အခု ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာလည်း သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်း ဖြစ်တယ်။ ဗွီဒီယိုထဲမှာ […]

Continue Reading