Fact Check: တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံးတဲ့ သတင်းတု
ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲသတင်းတွေနဲ့အတူ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လဲကျသေ ဆုံးခဲ့တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာဖြန့်ဝေနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ အောက်ပါကတော့ ဒီလိုဆိုလိုထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုပို့စ်တခုရဲ့ စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်ပါတယ်။ “ရှမ်းမြောက်တွင် တင့်ကားကြီးနဲ့ အလင်းဝင်လာလို့ သိန်းတစ်သောင်းဆုချီးမြှင့်လိုက်ပြီ တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံး” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုဟာ DVB TV news သတင်းဌာနရဲ့ ယူကျူ့မှာတင်ဆက်ခဲ့တဲ့ နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီ သတင်းတွေကို ပြန်လည်ကူးယူဖြန့်ချိနေခြင်းဖြစ်တယ်။ မူလဗွီဒီယိုကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုထဲမှာ “မြို့ ၃ မြို့ ကျသွားပြီဟု စစ်ကောင်စီဝန်ခံ”၊ […]
Continue Reading
