Archives

Fact Check: ဘောလုံးသမား ရော်နယ်ဒို ဘုန်းကြီးဝတ်ဆိုတဲ့ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒိုဟာ မွတ်ဆလင်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီး ဘုန်းကြီးအပြီးဝတ်တော့မယ်လို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ရော်နယ်ဒို ခေါင်းတုံးတုန်းပြီး သင်္ကန်းရုံထားတဲ့ ဓာတ်ပုံနဲ့အတူ အေးချမ်းလှတဲ့ ထေရဝါဒသာသနာလို့ သိလိုက် ရလို့ မြန်မာနိုင်ငံမှာပဲ တသက်လုံးနေတော့မယ်လို့ ရော်နယ်ဒိုက ပြောကြောင်းလည်း ဖြန့်ဝေနေတဲ့ ပို့စ်မှာ ရေးသားထားပါတယ်။ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ ပျံ့နှံ့မှုအားကောင်းနေတဲ့ တူညီတဲ့ရေး သားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒိုဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းတယ်ဆိုတဲ့ အထောက်အ ထားမတွေ့ရချိန်မှာ သူဟာ ကတ်သလစ် ခရစ်ယာန်ကို ယုံကြည်သက်ဝင်ပြီး ဘုရားကျောင်းကို […]

Continue Reading

Fact Check: ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း စစ်အစိုးရကြေညာတဲ့ သတင်းတု

ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း ဩဂုတ် ၁၈ ရက်မှာ စစ်အစိုးရကြေညာလိုက်ပြီလို့ဆိုထားတဲ့ သတင်းခေါင်း စဉ်တု ဗွီဒီယိုပို့စ်တခု ဩဂုတ် ၁၉ ရက်က ယူကျု့မှာ ဖြန့်ဝေထားရာမှာ ကြည့်ရှု့မှုများပြားလျက်ရှိတယ်။  အောက်ပါစခရင်ရှော့ကတော့ ယူကျူ့ဗွီဒီယိုကို ဖေ့စ်ဘွတ်မှာ ပြန်လည်မျှဝေနေတာကို ရယူထားခြင်းဖြစ်တယ်။ မူလယူကျူ့ ဗွီဒီယိုကို ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဒီလိုရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာလည်း ဒီလို ကျပ် ၁၀၀၀၀ တန် ဖျက်သိမ်းတဲ့ အကြောင်းအရာမပါဝင်ပါဘူး။  တကယ်တော့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဩဂုတ် ၁၈ ရက်မှာ ဖော်ပြခဲ့တဲ့ “စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဝန်ထမ်းလစာများတွင် နှစ်သောင်းတန် ငွေစက္ကူ များ […]

Continue Reading

Fact Check:  နာရီအရောင်းပြတ်လပ်လို့ တောင်းပန်နေတဲ့ပုံလား-မဟုတ်ပါ

ဂျပန်ထုတ်လုပ်သူတွေဘက်က မထုတ်နိုင်သေးတာကြောင့် ပစ္စည်းပြတ်လပ်ပြီး မြန်မာနိုင်ငံမှာ ဂျပန်စမတ်နာရီ ရောင်းချမှုရပ်ဆိုင်း ရတော့မှာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေက တောင်းပန်လိုက်ကြောင်းဆိုပြီး ကြော်ငြာရောင်း ချနေတဲ့ ဖေ့စ်ဘွတ်ပို့စ် တခုကို Fact Crescendo Myanmar ကသတိပြုမိပါတယ်။ သတင်းမှားတခုဖြစ်တယ်။ မသက်ဆိုင်တဲ့ ဓာတ်ပုံတွေကို အသုံးပြုကြော်ငြာနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “⛔️ တရားဝင် တောင်းပန်မှု- ဂျပန်စမတ်နာရီများကို မြန်မာနိုင်ငံတွင် ရောင်းချခြင်းမှ ရပ်စဲပါ။ ကျွန်ုပ် – Remax Myanmar ဘဏ်ခွဲမန်နေဂျာအဖြစ် Kabuto Hiroihisa ာ- လောလောဆယ် ဂျပန်ထုတ်လုပ်သူများ မထုတ်လုပ်နိုင်သေးသောကြောင့် လက်ကျန်နာရီများ ပြတ်တောက်သွားပါသည်။ လက်ရှိတွင် ကုန်ပစ္စည်းများ အလွန်ရှားပါးနေပါသည်။ ဤပစ္စည်းများကို တင်သွင်းလို့မရတော့ပါ။ !! 🙏တောင်းပန်ပါတယ်။ ဒါကြောင့် နောက်ဆုံး အလုံးရေ 1000 […]

Continue Reading

Fact Check: ဗုံးလာကြဲတဲ့ Mi 35 ရဟတ်ယာဉ်ပစ်ချခဲ့ကြောင့် KIA အတည်ပြုတဲ့ သတင်းတု

KIA ဌာနချုပ်ကို ဗုံးလာကြဲတဲ့ Mi 35 ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့မှာဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းတွေကို ဖြန့်ဝေနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။  “ KIA ဌာနချုပ်လိုင်ဇာကို ဗုံးလာကျတဲ့ MI-35 ရဟတ်ယာဉ်(၁)စင်း KIA ပစ်ချလိုက်ပြီဟေ့/အတည်ပြုပြီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာ အချို့မှာ ဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြလေ့ရှိတဲ့ ချန်နယ်တခုဖြစ်တယ်။  အခုလည်း ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA) ဗဟိုဌာနချုပ်အဖြစ် လူသိများတဲ့ လိုင်ဇာအနီးမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းကိုဖော်ပြရာမှာ အခုလိုခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ လိုင်ဇာအနီး မဒီးယန်နဲ့ အောင်ဂျာရွာဘက်မှာ […]

Continue Reading

Fact Check: လက်နက်ကြီးကြောင့် သေဆုံးသူ အမျိုးသမီးကို PDF က မုဒိန်းကျင့် သတ်ဖြတ်မှုအဖြစ် သတင်းမှားဖြန့်

လက်နက်ကြီး ထိမှန်သေဆုံးသူ အမျိုးသမီးတဦးကို PDF က မုဒိန်းကျင့် သတ်ဖြတ်မှုအဖြစ် ဖြန့်ဝေထားတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “PDF အမျိုးသား ၃ ဦးက  PDF အမျိုးသမီး ၁ ဦး ကို မုဒိန်းကျင့် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာရှိတဲ့ အကြမ်းဖက် PDF စခန်းမှာ PDFအမျိုးသား ၃ ဦးက PDF အမျိုးသမီးကို အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး ပစ်ခတ်မှုဖြစ်ပွားကာ မုဒိန်းကျင့်ခံရသည့် အမျိုးသမီးလည်းသေဆုံးပြီး မုဒိန်းကျင့်တဲ့PDF သေဆုံးကြောင်းသိရ” တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading

Fact Check: ဒရုန်းအစင်း ၃၀၀ ကျော်နဲ့ ဗုံးကြဲခံရလို့ နေပြည်တော်တပ်ကုန်း မီးလောင်ပြာကျဆိုတဲ့ သတင်းတု

စစ်ကောင်စီရဲ့ အဓိကနယ်မြေဖြစ်တဲ့ နေပြည်တော် တပ်ကုန်းကို ဒရုန်းအစင်းရေ ၃၀၀ ကျော်နဲ့ ဗုံးကြဲခံလို့ မီလောင်ပြာကျကုန်ပြီလို့ ဆိုထားတဲ့ မီး‌လောင်နေတဲ့အဆောက်အဦပုံတွေပါတဲ့ ယူကျူ့ဗွီဒီယိုတခုဟာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ သတင်းတု သတင်းမှားသာဖြစ်ပါတယ်၊ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။   “(၂၃)ရက်နေ့ အရေးပေါ်သတင်း ဒရုန်းအစင်း(၃၀၀)ကျော်နဲ့ နေပြည်တော် တပ်ကုန်းကျဲချလိုက်ပြီ မီးလောင်ပြာကျ ကုန်ပြီဗျို့/ထူးပြီဟေ့”လို့ဆိုပြီး “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ကဖော်ပြ ထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကိုစိစစ်ကြည့်ရာမှာ နေပြည်တော် တပ်ကုန်းကို ဒရုန်းအစင်းရေ ၃၀၀ ကျော်နဲ့ ဗုံးကြဲမှုသတင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီလိုသတင်း […]

Continue Reading

Fact Check: အနုပညာရှင်တွေက iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေတယ်ဆိုတဲ့ လှည့်စားထားတဲ့ သတင်းမှား

မြန်မာနာမည်ကြီး အနုပညာရှင်တွေက ပဟေဠိအဖြေမှန်သူတွေကို iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေ တယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ လှည့်စားထားတဲ့ သတင်းမှားသာဖြစ်တယ် အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။အလားတူ မျှဝေမှုတွေကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ပရိတ်သတ်တွေအတွက် လက်ဆောင် ❤️❤️ iphone 14 pro max နှင့် $10,000 ငွေသားဆု။ [702] မှလွဲ၍ အခြားနံပါတ်တစ်ခုကို မှန်ကန်စွာ ခန့်မှန်းသူ 250 သည် $10,000 နှင့် iPhone 14 pro max ကို ရရှိမည်ဖြစ်သည်။” မူရင်းလင်ခ့် – Fb link | Archive link အလားတူ […]

Continue Reading

Fact Check: ရန်ကုန်ကဈေးဝယ်စင်တာမှာ စမတ်နာရီ ဝယ်နေပုံလား-မဟုတ်ပါ

ရန်ကုန်ကဈေးဝယ်စင်တာတခုမှာ MASAHIRO စမတ်နာရီကိုတိုးဝှေ့ဝယ်ယူရင်း မူးလဲကျခဲ့ရတယ်လို့ဆိုပြီး ဓာတ်ပုံအချို့နဲ့အတူ ဖေ့စ်ဘွတ်မှာ ကြော်ငြာရောင်းချနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ ဗီယက်နမ် နိုင်ငံကဖြစ်ပြီး မတူညီတဲ့အဖြစ်အပျက်တွေက ဓာတ်ပုံတွေကိုအသုံးပြုပြီး လိမ်လည်လှည့်စား ထားခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုပါစာသား ကောက်နုတ်ချက် ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံး အဆောက်အဦးတခုထဲမှာ MASAHIRO စာတန်းပါဆိုင်တခုရှေ့မှာ တန်းစီနေတဲ့ လူအုပ်စုပါ ဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံဖြစ်တယ်။ ဓာတ်ပုံဟာ  ၂၀၂၀ ခုနှစ် ဧပြီ ၂၈ ရက်မှာ ဒိန်းမတ်အခြေစိုက် လက်ဝတ်ရတနာလုပ်ငန်းစု Pandora က ၁၅ ခုမြောက်ဆိုင်ခွဲအဖြစ် […]

Continue Reading

Fact Check: ဆရာဝန် စာရေးဆရာ ဒေါက်တာခင်သစ်နှင်း ဓာတ်ပုံတွေလား-မဟုတ်ပါ

အက်စစ်နဲ့ပက်ပြီးလုပ်ကြံခံခဲ့ရလို့  မျက်နှာ ပျက်စီးသွားခဲ့ရတဲ့ ဆရာဝန် စာရေးဆရာမ ဒေါက်တာခင်သစ်နှင်းရဲ့ အဖြစ်အပျက်အဖြစ် ဓာတ်ပုံအချို့နဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက် ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အက်စစ်နဲ့ အပက်ခံရလို့ မျက်နှာပျက်စီးခဲ့တဲ့ အမျိုးသမီးတယောက်ဓာတ်ပုံ၊ ဒီလို ထိခိုက်ခံစားရခြင်းမရှိခင်က ဓာတ်ပုံလို့ ဆိုနိုင်တဲ့ အမျိုးသမီးတယောက် ဓာတ်ပုံ၊ စာရေးဆရာမခင်သစ်နှင်းရဲ့ စာအုပ်မိတ်ဆက် ဓာတ်ပုံတို့လည်း ပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကောင်းလွန်းလို့ပြန်တင်တာပါ ကျနော်တို့မျက်ဝန်းထဲမှာ လှပနေဆဲပါ_ဒေါက်တာ ဒီဘဝနောက်ဆုံးဖြစ်ပါစေ…။ ဘဝ ရည်မှန်းချက်ကြီးမားခဲ့တဲ့ ဒေါက်တာ ခင်သစ်နှင်းဟာ ကလေးအထူးကု ဆရာဝန် ဖြစ်လုလု နှစ်လခန့် အလိုမှာ တခြား ဆရာဝန် မတယောက်က မျက်နှာကို အက်စစ်နဲ့ ပက်တာခံလိုက်ရပြီး အမြင် အာရုံ ကွယ်ပျောက် ရုံမက နဖူးရဲ့ […]

Continue Reading

Fact Check: မင်းအောင်လှိုင် ရာထူးကနုတ်ထွက်ကြောင်း မြဝတီသတင်းက ထုတ်ပြန် ကြေညာဆိုတဲ့သတင်းတု

 မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ ရုတ်တရက်နုတ်ထွက်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းက ထုတ်ပြန်ကြေညာလိုက်တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဟာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။   “(၁၇)ရက်နေ့ အရေးပေါ်သတင်း မအလ ရာထူးမှရုတ်တရက်နုတ်ထွက် MWD တရားဝင်ထုတ်ပြန်ကြေညာပြီ မအလ စစ်ရှုံးလို့ ခေါင်းရှောင်သွားပြီဗျို့”လို့ဆိုပြီး Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ကဖော်ပြ ထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ မင်းအောင်လှိုင် ရာထူးမှ ရုတ်တရက်နုတ်ထွက်တဲ့ အကြောင်း စစ်တပ်ပိုင် မြဝတီမီဒီယာက ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ ဒီအပြင် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီလိုသတင်း […]

Continue Reading