Archives

Fact Check: စစ်ကောင်စီ ရဟတ်ယာဉ်၊လေယာဉ်ပစ်ချမှုဆိုတဲ့ သတင်းတုတွေဖြစ်တယ်

စစ်ကောင်စီရဲ့ ရဟတ်ယာဉ်၊ လေယာဉ်တွေ ပစ်ချခံရတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ယူကျူ့မှာ ဆက်တိုက်ဖြန့် ဝေနေရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ စစ်ကောင်စီဟာ လေကြောင်းက တိုက်ခိုက်နိုင်မှုအားသာချက်ကို အသုံးပြုပြီး နိုင်ငံအနှံ့က တော်လှန်တိုက်ခိုက်မှုတွေကို ထိန်းချုပ်နေရတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်‌ဘေးရှောင်တွေ ထိခိုက်သေကြေရမှုဟာ တော်လှန်ရေးအင်အားစုတွေ အတွက်လည်း ခေါင်းခဲစရာကိစ္စရပ် တခုပါ။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “(၇)ရက်နေ့ မနက်ခင်းအထူးသတင်း KIA ဝေဟင်ပစ်လက်နက်နဲ့ Mi-35 ရဟတ်ယာဉ် ပစ်ချခံရ လေဘဲဗိုလ်အပါ စစ်ခွေး(၃၀)ဦးသေဆုံး”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ TNLA ကရဟတ်ယာဉ်ပစ်ချလိုက်တယ်၊ ရန်ကုန်မှာ ရဟတ်ယာဉ်ပျက်ကျတယ်ဆိုတဲ့ ရေးသားမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ […]

Continue Reading

Fact Check: ရန်ကုန်၊မန္တလေး၊နေပြည်တော် မြို့ပေါ်တွေမှာ တိုက်ပွဲပြင်းထန်နေ တယ်ဆိုတဲ့ သတင်းမှားများ

ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်မှာ တိုက်ပွဲတွေပြင်းထန်နေပြီလို့ဆိုထားတဲ့ ပို့စ်တွေ ယူကျူ့မှာ ဆက်တိုက်ဖြန့် ဝေနေပြီး ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “မနက် ၅ နာရီ မှာ နေပြည်တော် ဝင်စီးခံရ စစ်တပ်ထိပ်ပိုင်း ၆ ဦးပွဲချင်းပြီး”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ရန်ကုန်နဲ့ မန္တလေးမြို့ ကို PDF တွေဝင်စီးနေပြီလို့ ဆိုတဲ့ ရေးသားမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ချဲ့ကားထားတဲ့ ခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရမှာဖြစ်တယ်။ စက်တင်ဘာ ၆ ရက်နေ့က 7days media အမည်နဲ့ […]

Continue Reading

Fact Check: အိပ်ယာဝင် အင်္ကျီ၊ လုံချည်နဲ့ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံက မဟုတ်ပါ

အမျိုးသမီးတွေဝတ်ဆင့်လေ့ရှိတဲ့ အိပ်ယာဝင် အင်္ကျီနဲ့ နိုင်ငံခြား သားတွေကို မြန်မာနိုင်ငံကဆိုပြီးတော့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “ကမ္ဘာပတ်နေတဲ့ လူလည်တွေ.. မြန်မာနဲ့တွေ့မှ ဂျင်းမိတော့တယ် မဆိုးပါဘူး အပွင့်လေးတွေနဲ့” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံနဲ့အတူ မျှဝေထားပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အိပ်ယာဝင်ဝတ်စုံနဲ့ အမျိုးသား ၃ ဦးဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့် ရာမှာ ဗီယက်နမ်နိုင်ငံကဖြစ်တာတွေ့ ရပါ တယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၉ […]

Continue Reading

Fact Check: NUGကိုအာဏာလွှဲပေးမယ်လို့ စစ်ခေါင်းဆောင်ကြေညာတဲ့သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုး (NUG )ထံကို အာဏာလွဲအပ်မယ့်အကြောင်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ‌ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေတာသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၅)ရက်နေ့ သတင်းထူးကြီး မအလလေသံပြောင်းပြီဟေ့ NUGကို အာဏာလွှဲအပ်ရန် မအလကိုယ်တိုင် အတိအလင်းကြေညာလိုက်ပြီ”လို့ဆိုပြီး “Up to Date”အမည်နဲ့ ယူကျု့ချန်နယ်ကနေ ရေးသားဖြန့်ဝေနေ တာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG )ထံကို အာဏာလွှဲ အပ်မယ့်အကြောင်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထုတ်ပြန်ကြေညာတယ်လို့ဆိုတဲ့ သတင်း ကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: ချောင်းဦးက အများပြည်သူသုံး လမ်းတွေကို PDF က မိုင်းထောင်နေတဲ့ ဓာတ်ပုံလား- မဟုတ်ပါ

အများပြည်သူအသုံးပြုနေတဲ့လမ်းပေါ်မှာ PDF တွေ မိုင်းများထောင်နေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို မူလက မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲအမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာ ၂ ရက်ကစတင်ဖော်ပြခဲ့တာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က အများပြည်သူ အသုံးပြုတဲ့ လမ်းပေါ်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းခဲ့ရတယ်လို့ မူလ ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။ ဒီဓာတ်ပုံတွေကို မဇ္ဈိမသတင်းဌာနကလည်း ပြန်လည်ဖော်ပြခဲ့တာအောက်ပါအတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Mizzima Media […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်မယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အနားယူတော့မယ်လို့ တရားဝင်ကြေညာလိုက် တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “(၃) ရက်နေ့ မင်းအောင်လှိုင်‌ခေါင်းရှောင်ဖို့လုပ်နေပြီ အနားယူတော့မယ်လို့ တရားဝင်ကြေညာ”စသည်ဖြင့်ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ ဒီနေရာမှာလည်း အလားတူဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေတဲ့ ယူကျူ့ချန်နယ် တွေဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုထဲမှာ “(၃) ရက်နေ့ မင်းအောင်လှိုင်‌ခေါင်းရှောင်ဖို့လုပ်နေပြီ အနားယူတော့မယ်လို့ တရားဝင်ကြေညာ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်‌ခေါင်းဆောင် လွှတ်ပေးတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လွှတ်ပေးကြောင်း ကြေညာ လိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ စက်တင်ဘာ ၃ ရက်က ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်ဖြစ်တယ်။ အလားတူ ရေးသား မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခု ဗွီဒီယိုကို သတင်း ခေါင်းစဉ်တုတွေတပ် ဖြန့်ဝေနေလေ့ရှိတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျူ့ချန်နယ်တွေက ဖြန့်ချိ နေခြင်းဖြစ်တယ်။  နေပြည်တော် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ချို့ယွင်းနေပြီး သွားကိုက်ဝေဒနာခံစားနေရလို့ ပြင်ပဆရာဝန်နဲ့ ပြသခွင့်အတွက် […]

Continue Reading

Fact Check: ဗိုလ်နဂါးဦးဆောင်တဲ့ MRDA ကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာတဲ့သတင်းတု

မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကို အမျိုး သားညီညွှတ်ရေးအစိုးရ(NUG)က အကြမ်းအဖွဲ့အဖြစ် ကြေညာ လိုက်တယ်ဆိုပြီး ထုတ်ပြန်ချက်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ သတင်းတုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ ပို့စ်တခုရဲ့ စခရင်ရှော့အတွက်ဖြစ်တယ်။  မူရင်းလင်ခ့် – Fb link | Archive link နွေဦးတော်လှန်ရေးမှာ တက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုနဲ့ ပွတ်တိုက်မှုတွေဖြစ်ပြီးနောက် အခုလို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခဲ့တာလို့လည်း ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဒီလိုထုတ်ပြန်ထားတာမရှိကြောင်း၊ MRDA ဟာလည်း စစ်အာဏာရှင်ကို တော်လှန်နေသည့် အဖွဲ့အစည်းတခုဖြစ်တာကြောင့် အကြမ်းဖက်အဖြစ် သတ်မှတ်ခြင်းမရှိကြောင်း၊ သွေးကွဲစေရန် ဖြန့်ဝေမှုဖြစ်ကြောင်း မဇ္ဈိမကို ဖြေကြားထားပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ […]

Continue Reading

Fact Check: လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံတဲ့ သတင်းတု

လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံလိုက်တယ်ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြား ဖြန့်ဝေလျှက်ရှိပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ စစ်ကောင်စီလက်အောက်ခံလေတပ်ရဲ့ အခမ်းအနားတခုက ဓာတ်ပုံကို ပြုပြင်ထားခြင်းဖြစ်တယ်။ အောက်ပါကတော့ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယဉ်အစီး ၈၀ PDFအစားဆာဆာလက်ခံ”  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မြန်မာဘာသာနဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုလည်း ဓာတ်ပုံစာသားနေရာမှာ “လေယဉ်အစီး ၈၀ PDFအစားဆာဆာလက်ခံ” လို့ဆိုပြီးရေးသားထားပေမဲ့ မျှဝေထားတဲ့ လင့်ခ်ကို ဝင်ရောက်ဖတ်ရှူ့မယ်ဆိုရင် မသက်ဆိုင်တဲ့ အကြောင်းအရာတခုကို ရောက်ရှိသွား ပါတယ်။ သတင်းဓာတ်ပုံမှာဖော်ပြထားတဲ့ ဒေါက်တာဆာဆာ လေယာဉ်အစီး ၈၀ လက်ခံတဲ့အကြောင်းမဟုတ် သလို […]

Continue Reading

Fact Check: နေပြည်တော် ပျဉ်းမနားမြို့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

စစ်ကောင်စီနယ်မြေဖြစ်တဲ့ နေပြည်တော် ပျဉ်းမနားမြို့ သိမ်းပိုက်ခံလိုက်ရပြီဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတခုဖြန့် ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။သတင်းတုဖြစ်ပါတယ်။ ဒီလို သိမ်းပိုက်မှုမှာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်ကောင်စီဘက်မှ အမျးအပြားသေဆုံးခဲ့ကြောင်းနဲ့ တိုက်ခိုက်မှုများအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားရေးညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)၊ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်များပါဝင်ကြောင်းလည်းဖော်ပြပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၉)ရက်နေ့ နေပြည်တော်မှာ PDFအလံထောင်လိုက်ပြီ နေပြည်တော် ပျဉ်းမနားမြို့ သိမ်းပိုက်ပြီဗျိူ့ KIA,NUG,PDF,KNU တပ်သူသေကိုယ်သေချပြီ ဗိုလ်မှူးများ၊ဗိုလ်ကြီးများနဲ့စစ်ခွေးအများအပြားသေဆုံး” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က ဩဂုတ် ၂၉ ရက်မှာ မျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။၂၈ ရက်ကလည်းတကြိမ် ဒီဗွီဒီယိုမျှဝေမှုကို မျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link | Archive […]

Continue Reading