Archives

Fact Check: ဒီဓာတ်ပုံပါ ကလေးငယ်တွေဟာ ဒီမော့ဆို စစ်ရှောင်းစခန်းကဖြစ်ပြီး ကန့်ဘလူ ပဇီကြီးရွာကမဟုတ်ပါ

ကန့်ဘလူ ပဇီကြီးရွာက အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေး ရုံးဖွင့်ပွဲ အခမ်းအနားတစ်ခုကို မြန်မာစစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်နဲ့ အမျိုးသမီးများအပါအဝင် ရာဂဏန်းထက်မနည်း ထိခိုက်သေဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ပဇီကြီးရွာကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ကလေးငယ်တွေ ထမင်းစားနေစဉ်ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။  တကယ်တော့ ဓာတ်ပုံတွေဟာ ကယားပြည်၊ ဒီမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ကလေးငယ်တွေ့ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။  “ကန့်ဘလူမြို့၊ ပဇီကြီးရွာကအခင်းမဖြစ်ပွားမှီကလေးငယ်များ ထမင်းစားနေကြပုံ😥😥 #credit”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံကို ကြည့်ပါ။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ […]

Continue Reading

Fact Check:  ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန် ဖျက်သိမ်း ကြောင်း ကြေညာဆိုတဲ့ သတင်းတု

ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ ခေတ်သစ်မီဒီယာကသတင်းကို နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်မှာ “ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာ” ဆိုပြီး ရေးသားထားပြီး “Aung Kyaw” အမည်နဲ့ ဖေ့ဘွတ်စ်အသုံးပြုသူက မျှဝေထားပါတယ်။ အဆိုပါ ပို့စ်ကို ပြန်လည်ဖြန့်ဝေထားမှုပေါင်း တစ်ထောင်နီးပါး ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှဖော်ပြခဲ့တဲ့ “ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာချက်ကြောင့် စစ်တပ်မြို့တော် […]

Continue Reading

Fact Check: မင်းမော်ကွန်းသတိပေးလိုက်လို့အကယ်ဒမီဆုပေးပွဲဖျက်သိမ်းလိုက်ရဆိုတဲ့ သတင်းတု

စစ်အာဏာသိမ်းဆန့်ကျင်ရေးသမားတစ်ဖြစ်လဲ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ခြိမ်းခြောက်မှုကြောင့် စစ်တပ်က လုပ်ဖို့လျာထားတဲ့ အကယ်ဒမီပေးပွဲဖျက်သိမ်းလိုက်ရတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုသာဖြစ်ပါတယ်။  အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖြန့်ဝေမှုတစ်ခုရဲ့ ပုံဖြစ်ပါတယ်။  “မင်းမော်ကွန်းသတိပေးလိုက်လို့အကယ်ဒမီဆုပေးပွဲဖျက်သိမ်းလိုက်ရ”လို့ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ကြည့်ရှူ့မှုပေါင်း ၇ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ စစ်တပ်ထောက်ခံတဲ့ သတင်းသမားတစ်ယောက်က နေပြည်တော်မှာလုပ်မယ့် အကယ်ဒမီပေးပွဲကို မတက်ရောက်တဲ့အနုပညာရှင်တွေဟာ စစ်တပ်ကို တော်လှန်ပုန်ကန်မှုမြောက်ကြောင်းခြိမ်းခြောက်ပြောဆိုနေတဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ စစ်တပ်က မေလထဲမှာ ရုပ်ရှင် အကယ်ဒမီပေးပွဲကို နေပြည်တော်မှာ လုပ်ဖို့ပြင်ဆင်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ကနေ တော်လှန်ရေးသမားဖြစ်လာသူ မင်းမော်ကွန်းက နေပြည်တော်မှာလုပ်မယ့်ပွဲ […]

Continue Reading

Fact Check: ရန်ကုန် Hirosima မှာ နာရီဝယ်ဖို့ စောင့်နေတဲ့လူတန်းရှည်ကြီးလား-မဟုတ်ပါ

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ Hirosima စတိုးမှာ SMW T500 Series နာရီဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ လူတန်းရှည်ကြီးကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရတယ်လို့ဆိုထားတဲ့ ဓာတ်ပုံနဲ့အတူ နာရီ ကြော်ငြာ တစ်ခုကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ အချက်အလက်အတုအယောင်တွေ အသုံးပြုပြီး ကြော်ငြာထားတဲ့ ပို့စ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ပါ ဖော်ပြချက်တစ်ချို့ဖြစ်ပြီး လူတွေတန်းစီနေတဲ့မြင်ကွင်း၊ စမတ်လက်ပတ်နာရီပုံတွေပါဝင် ဓာတ်ပုံ ၄ ပုံလည်းပါဝင်ပါတယ်။  “ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု ပြင်းထန်။ 😵အဓိက အကြောင်းရင်းမှာ T500 SmartWatch ကို လျှော့စျေးဖြင့် ဝယ်ယူရန် ထောင်ပေါင်းများစွာသော လူများသည် HIROSIMA စတိုးသို့ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။  မနေ့ကဗိုလ်ချုပ်အောင်ဆန်းလမ်းမှဖြတ်သန်းသွားသူမည်သူမဆိုသည်Hirosima🥵စတိုးဆိုင်ရှေ့တွင်ထောင်ပေါင်းများစွာသောလူထောင်ပေါင်းများစွာကိုမြင်တွေ့ရလိမ့်မည်မှာသေချာသည်။ HIROSIMA သည် ဂျပန်နိုင်ငံတွင် အလွန်ကျော်ကြားသော […]

Continue Reading

Fact Check: သောကြာဂြိုဟ်နဲ့လနီးကပ်ခြင်းဆိုးကျိုးကြောင့် ကမ္ဘာပျက်စီးမယ့် သတင်းတု

သောကြာဂြိုဟ်နဲ့ လနီးကပ်ခြင်းဆိုးကျိုးကြောင့် ၂၀၂၃ ခုနှစ် ဇွန်လမှာ ကမ္ဘာ့ပျက်စီးသွားပြီး ရန်ကုန်လည်း ရေလွှမ်းမိုးပျက်စီးသွားမယ်လို့ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသတင်းမှားဖြန့်ချိမှုဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုဖြစ်ပါတယ်။ ဒီလို ကမ္ဘာပျက်မယ့် အကြောင်းအရာဟာ အချိန်ခရီးသွားလို့ကျော်ကြားတဲ အီနွန်အဲလရစ်က ဟောကိန်းထုတ်ခဲ့တာဖြစ်တယ်လို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ စရင်ရှော့ဓာတ်ပုံထဲမှာမြင်ရတဲ့ အမျိုးသမီးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတာဝန်ရှိသူဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အမှတ်တံဆိပ်တွေ နောက်ခံမှာ မြင်နေရပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကလို့ ယူဆရပါတယ်။ “သောကြာဂြိုဟ်နဲ့ လ နီးကပ်မှု”ဆိုတဲ့အကြောင်းကို ဆန်းစစ်ကြည့်ရာမှာ မတ် ၂၄ ရက်ကစလို့ […]

Continue Reading

Fact Check: အမေရိကန်မှာ ငွေထုတ်မရလို့ ဘဏ်တွေကို ဆန္ဒပြနေပုံလား-မဟုတ်ပါ

အမေရိကန်မှာ ငွေထုတ်မရလို့ ဘဏ်တွေကို ဆန္ဒပြနေတယ်လို့ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့ခဲ့တာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။  အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ပို့စ်ပဲဖြစ်ပါတယ်။ “US မှာတော့ ဘဏ်တွေမှာ ပိုက်ဆံလိုသလောက် ထုတ်မရလို့ ဆန္ဒပြကြပြီ”စသည်ဖြင့်ရေးသားပြီး ဓာတ်ပုံ ၄ ပုံနဲ့အတူဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတော့ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းတွေရဲ့ နာမည်တွေ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဘဏ်တွေကမောက်ကမဖြစ်အောင်လုပ်ခဲ့တဲ့ အမေရိကန် အခု တန်ပြန်သက်ရောက်မှုဒဏ်ကိုခံစားနေရ ပြီလို့လည်း ဒီပို့စ်ကဆိုပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ ၁၀စုနှစ်တစ်ခုကျော်က ဘဏ္ဏာရေးအကြပ်အတည်း ဖြစ်စဉ်တွေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ […]

Continue Reading

Fact Check: အမေရိကန်သံရုံးကို စီးနင်းခံရတယ်ဆိုတဲ့သတင်းတု

အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုပဲဖြစ်ပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ခေတ်သစ်သတင်းဌာနကနေ ဒီသတင်းကို ကြေညာခဲ့တာဖြစ်ပြီး အခြားသောသံရုံတွေကိုလည်း လိုက်သိမ်းနေပြီလို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ပို့စ်စာသားနဲ့ ဗွီဒီယိုအစမှာ အမေရိကန်သံရုံးဝင်စီးခံရပြီး အခြားသောသံရုံတွေကိုလည်း မြန်မာစစ်တပ်က လိုက်သိမ်းနေပြီလို့ ခေတ်သစ်သတင်းဌာနက ကြေညာတယ်လို့ဆိုထားပေမဲ့ ဒီသတင်းကို‌ဖော်ပြခဲ့ တာမျိုးမရှိတာ တွေ့ရပြီး ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။ ခေတ်သစ်သတင်းဌာနက ဗွီဒီယို အစီအစဉ်တင်ဆက်မှုကို ဒီနေရာမှာတွေ့နိုင်ပါတယ်။ ထို့အပြင် အခုလို သံရုံးဝင်စီးခံရတယ်ဆိုတဲ့ ဗွီဒီယိုပါအသံဖိုင်မှာတော့ စစ်တပ်ထောက်ခံသူ မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံးမှုနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ မုံရွာခရိုင် […]

Continue Reading

Fact Check: ဒု-ဗိုလ်ချုပ်မှူးကြီးစိုဝင်း ရာထူးမှ ထုတ်ပယ်ခံရတဲ့ သတင်းမှား

စစ်တပ် ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရာထူးကနေ ဖြုတ်ချခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါ စရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုဖြန့်ဝေနေတဲ့ ယူကျူ့အကောင့်ဟာ မီဒီယာတွေနဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့အကြောင်းအရာတွေကို လူတွေ စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်တုတွေပေးပြီး ပြန်လည်ဖြန့်ဝေနေတဲ့ ချန်နယ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းမြစ်အပါအဝင် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ရာထူးကဖယ်ရှားခံရတယ်ဆိုတဲ့ ဖော်ပြချက် မတွေ့ရပါဘူး။ ထို့အပြင် ဗွီဒီယိုပါအကြောင်းအရာဟာ People Spring သတင်းဌာနက မတ် ၂၉ ရက်ကဖော်ပြခဲ့တဲ့ “စလင်းမြို့နယ် ကင်မွန်းချုံရွာတိုက်ပွဲ […]

Continue Reading

Fact Check: ဂျပန်ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ သတင်းတု

ဂျပန်ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ တကယ်တော့ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အပါအဝင် ဘယ်သူနဲ့မှ ပေးတွေ့ခဲ့ခြင်းမရှိပါဘူး။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ NLD ပါတီကို ဖျက်သိမ်းမှုဟာ မြန်မာနိုင်ငံအကြပ် အတည်းကိုဖြေရှင်းဖို့ ပိုဆိုးရွားစေတယ်လို့  ဂျပန်အစိုးရထုတ်ပြန်ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။  အခု ဗွီဒီယိုပါသတင်းကတော့ လူထုနွေဦးသတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ မူရင်းလင်ခ့် – Ludunwayoo |  Archive link ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုပါ အခြားသော […]

Continue Reading

Fact Check: စစ်တပ်က လေသံပြောင်းပြီး NLD နဲ့တွေ့ဆုံဆွေးနွေးဆိုတဲ့ သတင်းတု

စစ်တပ်ကလေသံပြောင်းပြီး NLD နဲ့တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု  သူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ အောက်ပါ ဗွီဒီယိုပို့စ်ကတော့ ယနေ့ ဖြန့်ဝေလာတဲ့ ဗွီဒီယို ပို့စ်တစ်ခုဖြစ်ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link ဒီစာမျက်နှာကပဲ အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  မတ် ၁၆ ရက်ကဖြန့်ဝေခဲ့တာကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကို ဖျက်သိမ်းကြောင်း မတ် ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီဖျက်သိမ်းခံရတဲ့ ပါတီ ၄၀ ကျော်ထဲမှာ NLD ပါတီလည်းပါဝင်ပါတယ်။   မူရင်းလင်ခ့် – RFA Burmese | Archive link ဗွီဒီယိုပါအကြောင်းအရာဟာလည်း […]

Continue Reading