Fact Check: မယ်ဆိုင်မှာ မြန်မာကိုပို့မယ်လက်နက်တွေဖမ်းမိဆိုတဲ့ သတင်းမှား

False နိုင်ငံတကာ၊ | International

၂၀၂၂ ခုနှစ် ဇူလိုင် ၂၁ ရက်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မြန်မာကိုပို့မယ်လက်နက်တွေဖမ်းမိတယ်ဆိုတဲ့ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ကျင်းပနေချိန်အတွင်းမှာ ဖမ်းမိတာလို့လည်း ရေးသားထားပါတယ်။ 

တကယ်တော့ လက်နက်ဖမ်းဆီးမှုဖြစ်စဉ် ၂၀၁၅ ခုနှစ်က သတင်းဟောင်းတစ်ခုဖြစ်ပါတယ်။

“မယ်ဆိုင်မှာ မြန်မာပို့မည့် လက်နက်များ ဖမ်းမိ

ဇူလိုင်၊ ၂၁

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာဘက်သို့ ပို့ဆောင်မည့် လက်နက်များသယ်ဆောင်လာသည့် မြန်မာနိုင်ငံသား တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင်လည်း မြန်မာ+ရုရှား နိုင်ငံတို့ဦးဆောင်၍ ကာကွယ်ရေးဝန်ကြီးများပါဝင်သည့် (၁၃) ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အစည်းအဝေး ကျင်းပနေချိန် ဖြစ်သည်။”လို့ ရေးသားပြီး “Verity News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံတစ်ပုံနှင့်အတူ အောက်ပါအတိုင်း မျှဝေ ထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဒီသတင်းမှာပါတဲ့ ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၅ ခုနှစ် မတ် ၉ ရက်ကသတင်း တစ်ပုဒ်မှာတွေ့ရပါတယ်။ 

မူရင်းထိုင်းဘာသာနဲ့ရေးသားထားတဲ့ သတင်းကို Google Translate အသုံးပြုဘာသာပြန်ဆိုကြည့်ရာမှာ မဲဆိုင်မြို့မှာ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ အရုပ်သေနတ်ရောင်းတဲ့ဆိုင်ထဲကနေ သေနတ်အစစ်တွေတွေ့ ရှိရတဲ့အတွက် ဖမ်းဆီးခံရမှုသတင်းဖြစ်ပါတယ်။ ဖေ့စ်ဘွတ်မှာဖြန့်ဝေနေသလို မြန်မာနိုင်ငံကို ပို့မယ်လက်နက် တွေကို ဖမ်းဆီးရရှိမှုလို့ မူရင်းထိုင်ဘာသာနဲ့ သတင်းမှာဖော်ပြချက်မတွေ့ရပါဘူး။ 

မူရင်းလင်ခ့် – MgronlineArchive link  

ပြီးခဲ့တဲ့သီးတင်ပတ်ထဲမှာ မဲဆိုင်မှာ သေနတ်အများအပြားဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းမျိုး Fact Crescendo Myanmar အနေနဲ့ မတွေ့ရပါဘူး။

သုံးသပ်ချက်

ဓာတ်ပုံဟာ ၂၀၁၅ ခုနှစ်က မဲဆိုင်မြို့မှာ မြန်မာနိုင်ငံသားပိုင် အရုပ်သေနတ်အရောင်းဆိုင်မှာ သေနတ်အစစ်တွေ တွေ့ရတဲ့အတွက် ဖမ်းဆီးမှုဓာတ်ပုံဖြစ်ပါတယ်။ သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ် ပြန်လည် ရေးသားမျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: မယ်ဆိုင်မှာ မြန်မာကိုပို့မယ်လက်နက်တွေဖမ်းမိဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *