Fact Check: လပွတ္တာက လူစင်စစ်ကနေ ခွေးဖြစ်သွားတဲ့မခင်လှရဲ့ ဖြစ်ရပ်မှန်ဆိုတာ မမှန်ပါ

လပွတ္တာမှာ လူစင်စစ်က ခွေးဘဝကူးသွားခဲ့မခင်လှဖြစ်ရပ်မှန်လို့ ရေးသားလျှက် မျှဝေထားတဲ့အကြောင်းအရာကို ဘလော့ဂ်စာမျက်နှာများ၊ ယူကျူး(youtube)နဲ့ဖေ့စ်ဘွတ်စတဲ့ ပလက်ဖောင်းတွေမှာပျံနှံ့လျက်ရှိပြီး ေထာင်ေပါင်းများစွာက ပြန်လည်မျှေဝေနတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်ဝန်းကျင် ၂၀၀၂ ခုနှစ်ဝန်းကျင်က လပွတ္တာမှာ မခင်လှဆိုတဲ့ မိန်းမပျိုလေးဟာ မိခင်ကို ရိုင်းရိုင်းပြပြနဲ့ ခွေးနဲ့နှိုင်းပြောမိတာကြောင့် ခွေးဖြစ်သွားတဲ့ ဖြစ်ရပ်မှန်လို့ ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲရဲ့နောက်ခံစကားပြောသူက  လပွတ္တာမှာဖြစ်သွားတဲ့ တကယ့်ဖြစ်ရပ် မှန်ဖြစ်ပြီး အသက်က ၁၆-၁၇ အရွယ်မခင်လှဆိုတဲ့ အမျိုးသမီးငယ်ရဲ့ မိဘကိုစော်ကားမိတဲ့ အတွက် လူစင်စစ်ကနေ ချက်ချင်းခွေးဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လို့လည်း ပြောဆိုထားပါတယ်။မခင်လှဟာ မိခင်ဖြစ်သူ ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ခွေးမကြီးလို့ ပြောရင်း တက်သွားပြီးနောက်မှာ သတိပြန်ရလာချိန်မှာ လူစင်စစ် ကနေ ခွေးလိုနေ၊ ခွေးလိုစား၊လေးဘက်ထောက်သွားတော့တယ်လို့ လည်းပြောပါတယ်။ ဒီဖြစ်စဉ်ကို တစ်မြို့လုံး တစ်နယ်လုံး […]

Continue Reading

Fact Check: အာရပ်စော်ဘွားများပြည်ထောင်စုရောက် ဟိန္ဒူသာသနာပြုအဖွဲ့ပုံ ကို ဆော်ဒီအာရေးဗီယားက သံဃာတွေအဖြစ်မျှဝေ

ဆော်ဒီအာရေးဗီးယားမှာ သံဃာတွေကို အရိုအသေပေးပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည် မျှဝေထားတွေ့ရပါတယ်။ မြန်မာနိုင်ငံက ဘာသာကို မစောင့်ရှောက်ပေမဲ့ အစ္စလာမ်ဘာသာတရားကို ပြင်းပြင်းထန်ထန်ကျင့်သုံးတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ဘုန်းတော်ကြီးတွေကို အရိုအသေပေးနေတယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ဆော်ဒီအာရေးဗီးယားကမဟုတ်ဘဲ အာရပ်စော်ဘွားများပြည်ထောင်စု က ဓာတ်ပုံတွေဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အသုံးပြုထားတဲ့ ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ “Satsang Tour of UAE, Oman and Bahrain”လို့ရေးသားထားတဲ့ baps.org က မျှဝေထားတာတွေ့ရပါတယ်။ အိန္ဒိယအခြေစိုက် ဟိန္ဒူသာသနာပြုအဖွဲ့က အာရပ်စော်ဘွားများပြည်ထောင်စုမှ သာသနာပြုခရီးသွားစဉ်က ပုံဖြစ်တယ်လို့ရေးသားပြီး မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Baps.org […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ တောင်ဉက္ကလာအမတ်ပြောခဲ့သလား-မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တောင်ဉက္ကလာပအမတ်ဦးထွန်းငွေပြောတယ်ဆိုတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိတာတွေ့ ရပါ တယ်။ ပါတီရန်ပုံငွေဖြင့်ထုလုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဘုရားစုပန်နေပုံရုပ်တုများကို ယနေ့ထုတ်ဖော် ပြသရင်း  တောင်ဉက္ကလာပလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းငွေက Yangon Times ကို အခုလိုပြောတယ် ဆိုပြီးတော့ ရေးသားထားပါတယ်။ ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတုရုပ်တု အချို့လည်းပါဝင်ပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ နာရေးကူညီမှုအသင်းဉက္ကဌဖြစ်သူ သရုပ်ဆောင် ဦးကျော်သူက ပြည်မြို့မှာ တည်ထားကိုးကွယ်ထားတဲ့ ပရဟိတစေတီတော်မှာ ထည့်သွင်းထုလုပ်ခဲ့တဲ့ ရုပ်တုတွေဖြစ်တာတွေ့ရပြီး တောင်ဉက္ကဌလာပလွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း ဦးထွန်းငွေအမည်နဲ့ လွှတ်တော်ကိုယ်စားလှယ်မရှိပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ အလားတူရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: မဲစာရင်းအမှားများ UEC နဲ့သာသက်ဆိုင်လို့ ဒေါက်တာ မျိုးညွှန် ပြောတဲ့ သတင်းတု

မဲစာရင်းအမှားများဟာ ရွေးကောက်ပွဲကော်မရှင်နှင့်သာသက်ဆိုင်တယ်လို့ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD) ပါတီက ဒေါက်တာမျိုးညွှန့်ကပြောတယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူတွေကြား ပျံ့နှံ့နေခဲ့တာတွေ့ရပါတယ်။   ဒေါက်တာမျိုးညွှန့်ရဲ့အင်တာဗျူးနေသည့် ဓာတ်ပုံနှင့် တကွဖော်ပြထားတဲ့ ဒီပို့စ်မှာ ဒေါက်တာမျိုးညွှန့်က မဲစာရင်း အမှားတွေထုတ်ပြန်နေလဲအပိုပဲ၊ သူတို့လုပ်ထားတာမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့သာသက်ဆိုင် ပြောကြားထားပါတယ်။  သို့သော်လည်း သတင်းစာမှာရေသားဖော်ပြဟန်နဲ့ ပြောဆိုရေးသားချက်တွေဟာ အတုအပဖန်တီးခြင်းဖြစ်တာ Fact Crescendo အနေနဲ့ တွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုမျှဝေထားတဲ့ သတင်းစာအပိုင်းအစဟာ ဘယ်သတင်းဌာနဆိုတာဖော်ပြထားခြင်းမရှိပါဘူး။ သို့သော်လည်း ဒေါက်တာမျိုးညွှန့်နဲ့ အင်တာဗျူးနေဟန်နဲ့ ဓာတ်ပုံကို ၂၀၁၈ ခုနှစ် […]

Continue Reading

Fact Check: တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာပိတ်သိမ်းဖို့ မုံရွာအောင်ရှင်မပြောခဲ့ပါ

တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာပိတ်သိမ်းဖို့  မုံရွာအောင်ရှင်က ပြောတယ်ဆိုပြီးတော့ ပြန်လည်မျှ ဝေထားတွေ့ရပါတယ်။ သတင်းစာတစ်ခုရဲ့ အပိုင်းအစလို့ယူဆရတဲ့ ဓာတ်ပုံပို့စ်ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဗဟို ပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ရဲ့ ဓာတ်ပုံနှင့်တကွ မဲစာရင်းအမှားတွေ တင်နေတဲ့ တပ်မတော်သတင်း မှန်ပြန်ကြားရေးစာမျက်နှာကို ပိတ်သိမ်းဖို့ Facebook ကုမ္ပဏီကို ပြောပြီးလို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလို ပျံ့နှံ့ လျက်ရှိတဲ့အကြောင်းအရာနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဗဟို ပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ကို Fact Crescendo Myanmar က […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ဆေးကုဖို့ နိုင်ငံခြားထွက်မှာလား

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆေးကုဖို့ ပြည်ပသို့  ဇန်နဝါရီ ၂၁ နေ့မှာ သွားဖို့ စီစဉ်ထားတယ်လို့ ရေးသားထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီ ၂၁ နေ့မှာ ဆေးကုဖို့ ပြည်ပသို့ ထွက်မှာဖြစ်ပြီး  အခြားနိုင်ငံတွေကို သူ့အစိုးရကို ထောက်ခံဖို့အတွက်သွားပြောမှာလို့လည်း ရေးသားထားပါတယ်။ ရှရှား ကာကွယ်ရေးဝန်ကြီး လာမယ့်အချိန်နဲ့ အဝင်အထွက်လုပ်ထားတာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို ပျံ့နှံမှုအားကောင်းခဲ့တဲ့ “မျိုး ဝင်း” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေး သားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “မျိုး ဝင်း” အမည်နဲ့ အကောင့်ဟာ ဇန်နဝါရီ ၁၉ ရက်မှာ ထပ်ပြီးတော့ […]

Continue Reading

Fact Check: မဲမသမာမှုတွေ ရှင်းပြီးမှာ အစိုးရဖွဲ့သင့်လို့ ဦးဝင်းထိန် ပြောခဲ့ သလား- မဟုတ်ပါ

မဲမသမာမှုတွေ ရှင်းပြီးမှာ အစိုးရဖွဲ့သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးဝင်းထိန်ကပြော တယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ မဲ မသမာမှုကိုတော့ သူ့အနေနဲ့ လက်မခံကြောင်းနဲ့ နိုင်ငံခြားသား အကြံပေးတွေပေါင်းပြီးကြံတာလို့ ကြားရ ကြောင်း၊အကုန်ထောင်ကျလိမ့်မယ့်အကြောင်း ဦးဝင်းထိန်က ပြောကြားတယ်ဆိုပြီးတော့ ဓာတ်ပုံနှင့် တကွဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက NLD နာယက ဦးဝင်းထိန်အနေနဲ့ ြသဂုတ်လနောက်ပိုင်းမှာ မည်သည့်မီဒီယာနဲ့မှာ ပြောဆိုခဲ့ခြင်းမရှိကြောင်း ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ […]

Continue Reading

Fact Check: သံဖြူဇရပ် မိန်ဗလာတောင်က ရတနာသိုက်က ရှာဖွေတွေ့ရှိတဲ့ ရတနာတွေလား- မဟုတ်ပါ

သံဖြူဇရပ်မြို့နယ် မိန်ဗလာတောင်က ဂျပန်ရတနာသိုက်တွေ့ရှိတယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ သံဖြူဇရပ် မိန်ဗလာတောင်မှာ တွေ့ရတဲ့ ရတနာသိုက်က ရွှေချောင်းတွေ အဖြစ်ဓာတ်ပုံ ၆ ပုံနှင့်အတူ လှိုင်ခေါင်းထဲ ဝင်ရောက်နေပုံနဲ့ ကုမ္ပဏီတစ်ခုက ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ပုံတွေပါဝင်ပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ တူရကီနဲ့ ဖိလစ်ပိုင်နိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး မျှဝေထားတာတွေ့ရပြီး သံဖြူဇရပ်မှာ အခုလိုရွှေချောင်းတွေ တွေ့ရ တယ်ဆိုတာ မဟုတ်ဘူးလို့ သံဖြူဇရပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က Fact Crescendo Myanmar ကိုအတည်ပြုပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “သံဖြူဇရပ် […]

Continue Reading

Fact Check: အစိုးရမဖွဲ့ဖို့ လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးအမိန့်ပေးတယ်လို့ သတင်းတုသတင်းမှားဖြန့်

အစိုးရမဖွဲ့ဖို့၊လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က အမိန့်ထုတ်တယ်ဆိုပြီး လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပြီး ကာကွယ်ရေးဦးစီးချူပ်ရုံး (ကြည်း)က အမိန့်အမှတ် ၅/၂၀၂၁ နဲ့ စာထုတ်လိုက်ပြီး အစိုးရဖွဲ့ ခွင့်မပြုကြောင်းနဲ့ လွှတ်တော်ခေါ်တာခွင့်မပြုကြောင်းရေးသားထားပါတယ်။  ဒီလိုရေးသားမျှဝေနေတာဟာ အတုဖြစ်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ထုတ်ပြန်ထားခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဉက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုထားတာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း ———————————————————— ၁၅ . ၁ . ၂၀၂၁  ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း) 10 း 00 AM  အကြောင်းအရာ ။      ။ ၂၀၂၀ […]

Continue Reading

Fact Check: ၂၀၁၈ ခုနှစ်က တပ်မတော်ထောက်ခံပွဲက Facebook ကို ရှုတ်ချတဲ့ ဆန္ဒပြဆိုင်းဘုတ်ကို လက်ရှိအဖြစ်အပျက်သဖွယ် မျှဝေနေ

ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေး စွက်ဖက်တဲ့အတွက် ဖေ့စ်ဘွတ်(Facebook)ကို ဆန္ဒပြရှုတ်ချတယ်လို့ ရေးသား မျှဝေထားတဲ့ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ မဲရုံမှူးဆရာ ဆရာမ ကိစ္စ၊ UEC ကိစ္စ၊ အကြည်တော်ကိစ္စတွေအပြီးမှာ ဖေ့စ်ဘွတ်ကို ဆန္ဒပြနေ ကြပြီးလို့ ရေးသားမျှဝေထားတာဖြစ်ပြီး အမျိုးသားအချို့က “မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်”လို့ စာတန်းနဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ ဓာတ်ပုံတစ်ခုလည်း ပါဝင်ပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ သို့သော်လည်း“မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်”ဆိုတဲ့ ဆိုင်းဘုတ် ဟာ ၂၀၁၈ ခုနှစ်က တပ်မတော်ထောက်ခံပွဲတွေမှာ ဆန္ဒပြသူတွေ  ကိုင်ဆောင်ခဲ့တဲ့ ဆိုင်းဘုတ်တွေ […]

Continue Reading