Fact Check: ပဲခူး ဒေးစွန်ပါသာသနာ့နယ်မြေကို KNU နဲ့ PDF ဖျက်ဆီးမှုသတင်းမှား

ပဲခူးမြို့ ဘုရားကြီး ဒေးစွန်ပါသာသနာ့နယ်မြေက ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ အဆောက်အဦတွေကို KNU နဲ့ PDF ကဝင်ရောက်ဖျက်ဆီးသွားတယ်လို့ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ချိလျက်ရှိ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ ဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ KNU နဲ့ PDF  တွေက ဒီလိုဖျက်ဆီးခဲ့တာလို့ လည်းဆိုထားပါတယ်။အောက်ပါစခရင်ရှော့ကို ကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “❗️အကြမ်းဖက်မှုအားရှုတ်ချပါသည်❗️ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သော KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဒေးစွန်ပါသာသနာ့နယ်မြေရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနာနိက အဆောက်အဦများကို ဝင်ရောက်ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။ #thazinoo_သူရိယနေဝန်း” မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading

Fact Check: ၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်က ဖျက်သိမ်းကြောင်းကြေညာတဲ့ သတင်းတု

၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်က ဖျက်သိမ်းကြောင်း စစ်တပ်ပိုင် မြဝတီသတင်းက ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယို ပို့စ်တခု ယူကျု့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”ယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ကအချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ ဒီယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွ ေကဖော်ပြခဲ့တဲ့ သတင်းအချို့ကို မသက်ဆိုင်တဲ့ခေါင်းစဉ် သို့မဟုတ် ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့် ဝေလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုထဲမှာ စစ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် NCA စာချုပ် […]

Continue Reading

Fact Check: မန္တလေးကို KIA၊ PDF အင်အား ၂ သိန်းနဲ့ သိမ်းပိုက်မှု သတင်းတု

မန္တလေးကို KIA၊ PDF အင်အား ၂ သိန်းနဲ့ သိမ်းပိုက်လိုက်တယ်ဆိုတဲ့ ပို့စ်တခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေ ထားရာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ယခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ မန္တလေးမှာ နေရာအနှံ့ KIA နဲ့ PDF အင်အား ၂ သိန်းနဲ့ နေရာယူသိမ်းပိုက်ထားတယ်လို့ ဆိုထားပေမဲ့ ဒီသတင်းအကြောင်း ဗွီဒီယိုတခုလုံးမှာမပါဝင်ပါဘူး။ ဒီလို မန္တလေးကို KIA […]

Continue Reading

Fact Check: နေပြည်တော်က ဗိုလ်ချုပ်တွေ တပ်ကို စွန့်ခွာထွက်ပြေးမှု သတင်းတု

နေပြည်တော်က ဗိုလ်ချုပ်တွေ တပ်ကို စွန့်ခွာထွက်ပြေးမှုဆိုပြီး ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ဖြန့်ဝေလျက်ရှိတာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြရာမှာ ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့  ယူကျူ့ဗွီဒီယိုကရယူထားခြင်းဖြစ် ပါတယ်။ အောက်တိုဘာ ၁၂ ရက်မှာ စတင်ဖော်ပြခဲ့တဲ့ ဒီဗွီဒီယိုဟာ တရက်အတွင်း အနည်းဆုံး ကြည့်ရှုမှုပေါင်း ၅၀၀၀၀ ဝန်းကျင်ရှိပါတယ်။ “Khit Thit အတည်ပြုကြေညာလိုက်ပြီဗျို့ နေပြည်တော်က ဗိုလ်ချုပ်(၁၉)ဦး ညက မိသားစုလိုက် တပြိုင်နက်ထွက်ပြေးကုန်ပြီ” အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းအချို့ကို မသက်ဆိုင်တဲ့ခေါင်းစဉ် သို့မဟုတ် ခေါင်းစဉ်တုတပ်ပြီး […]

Continue Reading

Fact Check: ၂၀၂၄ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ စစ်တပ်က စီစဉ်နေတယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

၂၀၂၄ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ စစ်တပ်က စီစဉ်နေတဲ့အသံဖိုင်ပေါက်ကြားမှုလို့ဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ မလေးရှားလွှတ်တော်အမတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့တောင်းဆိုချက်သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “2024 ကို ဒေါ်စုမတွေ့စေရဘူးဆိုတဲ့ မြန်မာစစ်တပ်ရဲ့ အသံဖိုင်ပေါက်ကြားလာ” ဗွီဒီယိုထဲမှာလည်း “ဒေါ်စု ၂၀၂၄ မတိုင်ခင်သေဖို့ စစ်တပ်ရဲ့စီမံကိန်းပေါက်ကြား”စသည်ဖြင့်ရေးသားထားရာ ဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့  Gold Media 1M  အမည်နဲ့ ယူကျု့ချန်နယ်ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့ ကဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာတွေကို ခေါင်းစဉ် သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတွေ တပ်ပြီး […]

Continue Reading

Fact Check: အိန္ဒိယက ဘာသာရေးပွဲတော်ကို အစ္စရေးက စစ်ဘေးရှောင်တွေ အဖြစ်ဖော်ပြနေခြင်းဖြစ်တယ်

လမ်းမတခုထက်မှာ တိုးဝှေ့နေတယ်လို့ ထင်ရတဲ့ လူအုပ်စုကြီးပါတဲ့မြင်ကွင်း ဗွီဒီယိုတခုကို လက်ရှိ အစ္စရေးနဲ့ ဟားမတ်စ်ကြားစစ်ပွဲကြောင့် လူတွေတိမ်းရှောင်ရမှုအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယက ဘာသာရေး ပွဲတော် တခုဖြစ်တဲ့ Rath Yatra ဆိုတဲ့ ဘာသာရေးပွဲတော်တခုက မြင်ကွင်းဖြစ်တယ်။ “တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ အစ္စရေးနဲ့ ဟားမတ်စ် တို့ကြား စစ်ပွဲကြောင့် ထွက်ပြေးရသူတွေဆိုတဲ့ အထောက်အထားတစုံတရာမတွေ့ရဘဲ အိန္ဒိယက ဘာသာရေးပွဲတော်တခုအဖြစ်သာတွေ့ရပါတယ်။ Fact Crescendo ရဲ့ အိန္ဒိယနိုင်ငံက အချက်အလက်စိစစ်သူတွေကလည်း ဒီဗွီဒီယိုဟာ […]

Continue Reading

Fact Check: လက်ရှိပဋိပက္ခအတွင်း အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်း တွေက ကားနဲ့ဆွဲယူနေပုံလား- မဟုတ်ပါ

လက်ရှိပဋိပက္ခအတွင်း အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူနေပုံလို့ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ ဒီဗွီဒီယိဟာ လက်ရှိပဋိပက္ခမတိုင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုတခု ဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဂါဇာအနီးက အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူ” တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို Google မှာပုံရှာနည်းနဲ့ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းနဲ့ ရှာကြည့်ရာမှာ ဒီဓာတ်ပုံဟာ စက်တင်ဘာလကတည်းက သတင်းဖော်ပြချက်တခုမှာတွေ့ရပါတယ်။ စက်တင်ဘာ ၁၅ ရက်က အစ္စရေး တောင်ပိုင်းမှာ F-16 တိုက်လေယာဉ် ၂ စီးကို ကားနဲ့သယ်နေတဲ့ ဗွီဒီယိုဖိုင်ဖြစ်တယ်။ ဒီဗွီဒီယိုဟာ အိက်(စ်)(X)လို့အမည်ပြောင်းထားတဲ့ […]

Continue Reading

Fact Check: တပ်မ ၄၄ ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲ့တက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါးတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “တပ်မ(၄၄)ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲတက်သိမ်းလိုက်”  မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ထို့အပြင် တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါး  ဦးဆောင်တပ်ဖွဲ့က သိမ်းပိုက်လို့ အခုဗွီဒီယိုထဲမှာရေးသားထားပေမဲ့ ဗိုလ်နဂါးအကြောင်း ဖြစ်စေ ဗိုလ်နဂါးနဲ့ မဟာမိတ်အဖွဲ့တွေပါဝင်တဲ့ BNRA တပ်ဖွဲ့အကြောင်းဖြစ်စေမပါဝင်ပါဘူး။ စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းက တော်လှန်ရေးအင်အားစုအချို့ပေါင်းစည်းထားတဲ့ မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ BNRA ဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အဓိကလုပ်ရှားနေတာတွေ့ရပြီး တပ်မ ၄၄ ဌာနချုပ်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာတည်ရှိပါတယ်။  တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ […]

Continue Reading

Fact Check: တော်လှန်ရေးတပ်ပေါင်းစု နေပြည်တော်ချီတက်လို့ စစ်ခေါင်းဆောင် ထွက်ပြေးတဲ့ သတင်းတု

KNU၊ KIA၊ TNLA၊ AAနဲ့ PDF တွေ စုပေါင်းပြီး နေပြည်တော်ကို ချီတက်လာလို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထွက်ပြေးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ ဒီအဖွဲ့တွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုခိုက်မှုတွေ လုပ်နေတဲ့အဖွဲ့ တွေဖြစ်ပြီး NUG ဟာ နေပြည်တော်ကို ချီတက်တိုက်ခိုက်ဖို့ ကြွေးကြော်ထားပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြချက်အချို့ကို […]

Continue Reading

Fact Check: နေပြည်တော်မှာ ၃ ရက်အတွင်းသိမ်းပိုက်မယ်လို့ NUG ကြေညာတဲ့ သတင်းခေါင်းစဉ်တု

နေပြည်တော်ကို ၃ ရက်အတွင်း သိမ်းပိုက်မယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ကြေညာလိုက် တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ကြည့်ရှူ့မှုများပြားလျှက်ရှိပါတယ်။  တကယ်တော့ စစ်တပ်ကြီးစိုးမှု မကြာခင်အဆုံးသတ်တော့မယ်လို့ NUG တာဝန်ရှိသူတဦးရဲ့ ပြောကြားချက်ကို ခေါင်းစဉ်တုဖြန့်ချိ နေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ “Burma Hot News”အမည်နဲ့ ယူကျူ့ချန်နယ်က စက်တင်ဘာ ၂၈ ရက်စွဲနဲ့ ဖြန့်ဝေထားတာ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုထဲမှာ “(၂၈) ရက် NUG D-Day ကြေညာလိုက်ပြီ နေပြည်တော်ကို ၃ ရက်အတွင်း သိမ်းမည်”စသည်ဖြင့် ရေးသားထားရာ ဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၆၃၀၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Burma […]

Continue Reading