Fact Check: NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စတဲ့ သတင်းတု

NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုသာဖြစ်ပါတယ်။ “အင်းအား(၆) သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီဗျို့(အားလုံးပြင်ဆင် ထားကြပါဗျို့)”လို့ ရေးသားပြီး “Get the light” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ၁ ရက်အတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၁ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ သံလွင်ခက်မီဒီယာကဖော်ပြခဲ့တဲ့ “နွေဦးတော်လှန်ရေး၏ စစ်ဦးစီးချုပ် ဘယ်သ ူဖြစ်လာနိုင်သလဲ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါး မှာ NUG ဟာ အမိန့်တစ်ခုထဲအောက်မှာအကောင်အထည်ဖော်ဖို့လိုတဲ့ကိစ္စတွေအတွက် စစ်ဦးစီးချုပ် တစ်ယောက်ခန့်ဖို့လိုနေတာကြောင့် ခန့်အပ်မယ်လို့လည်း […]

Continue Reading

Fact Check: ​ဒေါ်အောင်ဆန်းစုကြည်ပုံကို PDF တွေ မီးရှို့နေတာလား-မဟုတ်ပါ

အကြမ်းဖက်တွေလို့ ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို ပြောပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကို PDF  တွေကမီးရှို့ခဲ့တယ်လို့ဆိုတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ကလေးပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးနေတဲ့ပုံကိုပြုပြင်ပြောင်း လဲထားခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တော်လှန်ရေးမှာပါဝင်နေတဲ့ လူငယ်တွေကို ချီးကျူးဂုဏ်ယူနေတယ်လို့ စစ်တပ်ရဲ့ ဖမ်းဆီးခံကာအတွင်းမှာ သူမနဲ့ ထိတွေ့ခဲ့ရတဲ့သူတွေကဆိုပါတယ်။ “ဒေါ်စုမှ တော်လှန်ရေးသမားတွေကို  အကြမ်းဖက်သမားဟု ပြောသည့်အတွက် ဒေါ်စုပုံပါ အမှိုက်ပုံးအ ပဒက်များမီးရှို့ပြ ပဒက်တွေကတော့ တော်တော်မိုက်ရိုင်းပြီ မှိုင်းဝေ”လို့ ရေးသားပြီး “Zaw Than” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေ ထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ […]

Continue Reading

Fact Check: လှည်းကူးမှာ မိသားစုလိုက်သတ်ဖြတ်ခံရမှု အကြွေးမပေးချင်လို့ သရုပ်ဆောင်မြနှင်းရီလွင်စေခိုင်းတဲ့ သတင်းတု

လှည်းကူးမှာ ၃ နှစ်အရွယ်ကလေးအပါအဝင် မိသားစုလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာဟာ သရုပ်ဆောင်မြနှင်းရီလွင်က အကြွေးမဆပ်ချင်လို့ အသတ်ခိုင်းတာလို့ဆိုတဲ့ ပို့စ်တစ်ခုကို  စစ်တပ်ထောက်ခံရေး ဝါဒဖြန့်ချိမှု တယ်လီဂရမ်အကောင့်တွေမှာ မျှဝေနေတာတွေ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို တော်လှန်နေတဲ့ သရုပ်ဆောင်တစ်ယောက်ကို တိုက်ခိုက်ထားတဲ့ သတင်းတုသာဖြစ်ပါတယ်။  အောက်ပါ screenshot ကတော့ “မှိင်း ဝေ”အမည်နဲ့ စစ်တပ်ဝါဒဖြန့်ချိရေးတယ်လီဂရမ်အကောင့်မှာ ဖော်ပြချက်ဖြစ်ပါတယ်။  မူရင်းလင်ခ့် – Telegram link |  Archive link   အခြားသော တယ်လီဂရမ်တွေမှာလည်း ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် လှည်းကူးတွင် အသက် ၃ နှစ် အရွယ် ကလေးငယ် အပါ အဝင် ပစ်သတ်ခံရသူ ၅ ဦးမှာ ကျောင်းဆရာ PDF ကိုဝင်းစိုးရဲ့ မိသားစုဝင်တွေဖြစ်ပြီး စစ်မှုထမ်းဟောင်းနဲ့ ပျူစောထီးတွေက […]

Continue Reading

Fact Check: တရုတ်မှာ အဆောက်အဦးဖြိုချမှုဗွီဒီယိုကို တူရကီမှာ ငလျင်ကြောင့် ပြိုကျမှုအဖြစ် ဖြန့်ဝေ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနဲ့ဆီးရီးယားမှာ  မြေငလျင်လှုပ်ခတ်တာကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေဆိုပြီးတော့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အက်ကွဲနေတဲ့ လမ်းမတွေ၊ ပြိုကျသွားတဲ့အဆောက်အဦးတစ်လုံး၊ အထပ်မြင့်အဆောက်အဦးတွေ ပြိုကျမှုမြင်ကွင်းစတဲ့ ဗွီဒီယိုအစိတ်အပိုင်းတွေပါဝင်ပြီး စုစုပေါင်း ၂ မိနစ် ၅၀ စက္ကန့်ရှည်လျားပါတယ်။ ဒီပို့စ်ကို တူရကီငလျင်ဖြစ်ပွားပြီးနောက် ၂ ရက်အကြာ ဖေဖော်ဝါရီ ၈ ရက်က မျှဝေထားရာမှာ လက်ရှိအချိန်အထိ ဖေ့စ်ဘွတ်အသုံးပြုသူတွေ ၂၅၀၀၀ က ပြန်လည်မျှဝေထားပြီး ကြည့်ရှု့မှုပေါင်း သန်းချီရှိပါတယ်။  “တူရကီနိုင်ငံနှင့်ဆီးရီးယားတို့တွင် ကမ္ဘာ့အကြီးမားဆုံး မြေငလျင်လှုပ်ခတ်ခြင်း 6•2•2023”စသည်ဖြင့် ရေးသားလျှက် “ဘုရားတရားသံဃာ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link […]

Continue Reading

Fact Check: TNLA ဒုစစ်ဦးစီးချုပ် သေဆုံးမှုကို PDF လုပ်ကြံသတ်ဖြတ်မှုလို့ သတင်းမှားဖြန့်ဝေ

TNLA ဗဟိုကော်မတီဝင်/ဒုတိယ စစ်ဦးစီးချုပ်ရာထူးယူထားသူ တားအလှော်(ခ)တားမူစယ်ကို စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆောင်ရွက်တဲ့အတွက် PDF က လုပ်ကြံသတ်ဖြတ်လိုက်တယ် ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “TNLA အKyanဖက်မှ ဒုစစ်ဦးစီးချုပ်အား PDFများမှ လုပ်ကြံ tyat ဖြတ်ခံရ TNLA အkyanဖက်အဖွဲ့မှ  ဗဟိုကော်မတီဝင်/ဒုတိယ စစ်ဦးစီးချုပ် ရာထူးယူထားသူ  တားအလှော်(ခ)တားမူစယ်အား တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆောင်ရွက်သည့်အတွက်ဟုဆိုကာ ၎င်းတို့မွေးထားတဲ့ PDFအဖွဲ့မှ ပြန်ပြီးလုပ်ကြံ tyat ဖြတ်ကြောင်းသိရပါတယ် တလရကိုသစ္စာဖောက်ရင် ဘယ်သူဖြစ်ဖြစ် tyat မှာပဲဟု အကြမ်းဖက် PDFများက ပြောဆိုခဲ့တာတွေရှိခဲ့ဖူးပါတယ် ခုတော့ Tyatတဲ့ ပဒက်လည်းပြေးနေပြီ  (နောက်ကွယ်က ဘယ်သူရှိမလဲ? -ပဒက်တွေကို လူမိုက်ငှားလိုက်တာလား?  စဥ်းစားစရာပဲ) မှိုင်းဝေ”လို့ ရေးသားပြီး “Thi Ha Soe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာ […]

Continue Reading

Fact Check: မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်တဲ့သတင်းမှား

မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်လိုက်ပြီလို့ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တစ်ချို့ကနေ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ထိုင်းနဲ့ ပူးတွဲလေ့ကျင့်မယ် စစ်ရေးလေ့ကျင့်မှုတခုအတွက် အမေရိကန်တပ် သားတွေ ထိုင်းနိုင်ငံစေလွှတ်မှုသတင်းကို နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းခေါင်းစဉ်အသုံးပြုဖြန့် ဝေနေခြင်းဖြစ်ပါတယ်။ “မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်ပြီ”ဆိုတဲ့ခေါင်းစဉ်နဲ့ ဗွီဒီယိုတစ်ခုကို “Real News Myanmar”အမည်နဲ့ ယူကျူ့ချန်နယ်က ဖေဖော်ဝါရီ ၁၉ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီလိုဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာတွေကတော့ “အမေရိကန် တပ်သား ၆,၀၀၀ ကျော် စစ်ရေး လေ့ကျင့်ရန် ဒေသတွင်း […]

Continue Reading

Fact Check: ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ အာဏာလွှဲဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောတူလက်မှတ်ထိုးဆိုတဲ့ သတင်းမှား

ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ အာဏာလွှဲဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောတူလက်မှတ်ထိုးလိုက်ကြောင်း MRTV ထုတ်ပြန်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာဟာ သတင်းမှားသာဖြစ်ပါတယ်။ “MRTVခုပဲထုတ်ပြန်။၂၂ရက်နေ့အာဏာလွှဲဖို့သဘောတူလက်မှတ်ထိုးလိုက်ပြီ။ပင်စင်ပါတစ်ခါတည်းယူမယ်တဲ့”လို့ ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းမြစ်တစ်ခုမဟုတ်ဘဲ သတင်းတု သတင်းမှားဖြန့်ချိလေ့ရှိတဲ့ စာမျက်နှာတစ်ခုဖြစ်တာတွေ့ရပါတယ်။ အခြားသော ယုံကြည်ရတဲ့ သတင်းဌာနတွေမှာလည်း ဒီသတင်း ဖော်ပြချက်မရှိပါဘူး။ အာဏာပြန်လွှဲမယ်လို့ ရေးဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ Non-CDM တွေအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ်ယူဖို့ စစ်တပ်က ပြောဆိုတဲ့ သတင်းကိုပြောကြားနေတာဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုထဲမှာပြောကြားနေတဲ့ သတင်းဟာ ” Non CDM ဝန်ထမ်းတွေ ကိုယ့်လုံခြုံရေးကိုယ် တာဝန်ယူဖို့ စစ်ကောင်စီပြော”ဆိုတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းမှား

အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကနေပြန်လွတ်လာပြီး နေပြည်တော်နေ အိမ်ပြန် လည်ရောက်ရှိလာပြီလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားထပ်မံဖြန့်ဝေ လာတာတွေ့ရပြီး ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိမှုဖြစ်ပါတယ်။ “အမေစု နေပြည်တော် နေအိမ်ပြန်လည်ရောက်ရှိ”လို့ ရေးသားပြီး “Prus new” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဖေဖော်ဝါရီ ၁၉ ရက်မှာ ဖြန့်ဝေလာတာတွေ့ရပြီး ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။  ဗွီဒီယိုထဲမှာလည်း သတင်းတင်ဆက်သူက “မင်္ဂလာပါရှင် ဒေါ်အောင်ဆန်းစုကြည်နေ အိမ်ပြန်ရောက်ခဲ့ ပါပြီ။တရားရုံးတော်ကယနေ့ မှာပဲအကျဉ်းချုပ်ကနေအိမ်အကျယ်ချုပ်သို့ပြောင်းလဲ သတ်မှတ်လိုက်ပြီဟု အမိန့်ချမှတ်လိုက်ပါတယ်။ အားလုံးပဲဝမ်းသာစရာသတင်းဖြစ်မယ်လို့မျှော်လင့်မိကြပါတယ်။”စသည်ဖြင့် ကြေညာခဲ့လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ ယခုသတင်းတု ဗွီဒီယိုကို ၂၀၂၂ […]

Continue Reading

Fact Check: မကွေးလေတပ် NUG သိမ်းပိုက်လိုက်ပြီး တပ်မိသားစုဝင် အားလုံးဖမ်းဆီး ဆိုတဲ့သတင်းတု

မကွေးလေတပ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က NUG လက်အောက်ခံတပ်တွေက သိမ်းပိုက်လိုက်ပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ သတင်းမီဒီယာ အချို့မှာဖော်ပြခဲ့တဲ့ ပျံ့နှံ့မှုကောင်းခဲ့တဲ့ သတင်းတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ပြန်လည်ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ဝေနေတဲ့ ဒီဖေ့စ်ဘွတ်ပို့စ်မှာ “မကွေးလေတပ် NUG လက်ထဲ့ ရောက်ပြီ”လို့ ရေးသားထားသလို ဗွီဒီယိုရုပ်ကတ်ထဲမှာလည်း “၁၁ ရက်နေ့ အထိနာပြီ မကွေးလေတပ် သိမ်းပိုက်နိုင်ပြီ တပ်မိသားစုတွေ အကုန်အဖမ်းခံရ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။  “KAKA Drama”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေခဲ့ရာမှာ ပြန်လည် မျှဝေမှုပေါင်း ၅၀၀ ကျော်၊ မှတ်ချက်ရေးသားမှုပေါင်း ၁၄၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ […]

Continue Reading

Fact Check: AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်ဆိုတဲ့သတင်းမှား

 AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို NUG ကစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်လိုက်တယ်ဆိုတဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းတု ဖြန့်ချိ နေခြင်းဖြစ်ပါတယ်။  “AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”(မူရင်းအရေးအသား)လို့ ရေးသားပြီး “Man Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက က ဖေဖော်ဝါရီ ၁၁ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင် ၁၀၀၀ ကျော်၊ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ ရခိုင့်တပ်တော်(Arakan Amy)ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဓာတ်ပုံနဲ့အတူ“AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲက […]

Continue Reading