Fact Check: KIA နဲ့ PDF များကြားပစ်ခတ်မှုတွေဖြစ်ပွားပြီး ခေါင်းဆောင်အချို့ အဖမ်းခံရဆိုတဲ့ သတင်းတု

အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ ၅ နယ်မြေ မုန်ဆန်ယန်မှာ KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေ အကြား ပစ်ခတ်မှု ဖြစ်ပြီးသေဆုံးဒဏ်ရာရရှိမှုများရှိကာ PDF ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးခံရတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ “အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ(၅)၊ မုန်ဆန်ယန်မှာ Kia တပ်ဖွဲ့ဝင်တွေနဲ့ ဆလန်ကမ္ဘာတွေက PDF အဖွဲ့ကိုတပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့ရာမှ KIA နှင့် PDF တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ KIA တပ်ဖွဲ့ခေါင်းကြီးပိုင်းတွေက လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရခြင်းရဲ့တရားခံဟာ PDF အဖွဲ့ထဲကို စိမ့်ဝင်နေတဲ့ စစ်တပ်သူလျှိုတွေကြောင့်လို့ ပြောဆိုပြီး စကားများရာမှ KIA နှင့် PDF များကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး […]

Continue Reading

Fact Check: အဆီချဆေးအဖြစ်ရောင်းချနေတဲ့ Vitaccino ဟာ အသက်အန္တရာယ်ရှိ

အဆီချကော်ဖီအဖြစ်ရောင်းချနေတဲ့ Vitaccino ဟာကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီချခြင်းနဲ့ ခန္ဓာကိုယ် အလေး ချိန်ကျလိုတဲ့သူတွေအတွက်သုံးစွဲသင့်တဲ့ ထုတ်ကုန်အဖြစ် ရောင်းချနေတာဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ Vitaccino အမှတ်တံဆိပ်ကော်ဖီဟာ အသက်သေဆုံးနိုင်တဲ့အထိဖြစ်စေတယ်လို့ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ထုတ်ပြန်ထားပါတယ်။ အောက်ပါscreenshot ကတော့ ဖေ့စ်ဘွတ်မှာတွေ့ရတဲ့ Vitaccino ကော်ဖီရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြတိုက် တွန်းထားတဲ့ အရောင်းကြော်ငြာပို့စ်တစ်ခုပါ။ Vitaccino ကော်ဖီ ဘလက်ကော်ဖီအမျိုးအစားဖြစ်ပြီး အဆီပိုတွေ ကို အမြန်ဆုံးချချင်သူတွေအတွက်၊ ကိအစားရှောင်စရာမလိုသူတွေအတွက်၊ လေ့ကျင့်ခန်းမလုပ်လိုဘဲ ကိုယ်အလေးချိန်ချလိုသူတွေအတွက် ၁၅ ရက်အတွက်း ၁၀ ပေါင်းအထိကိုယ်အလေးချိန်ချနိုင်ပြီး တစ်လကို ၁၆ပေါင်ကနေ ပေါင် ၂၀ အထိချနိုင်တယ်လို့ဆိုပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူကြော်ငြာတွေကို ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

နိုဝင်ဘာ ၅ ရက်နေ့မှာ လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်ပါတယ်။  “Meas Davuth” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းရေးသားပြီး ဗွီဒီယိုတစ်ခုကို မျှဝေထား ရာမှာ ၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၄၀၀ ဝန်းကျင်ရှိပါတယ်။ ဗွီဒီယိုထဲမှာ “လေတပ်အရာရှိ လေယာဉ်နဲ့ထွက်ပြေးလာပြီ”လို့လည်းထပ်မံရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာကိုလေ့လာကြည့်ရာမှာ စစ်တပ်အာဏာသိမ်းအပြီး ကယားပြည်နယ်က ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်အချိုပါ ပူးပေါင်းဆန္ဒပြခဲ့ပြီးနောက် ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက ရဲနဲ့ စစ်သားတွေကို အာဏာရှင် စစ်ဦးစီးချုပ်အမိန့်ကို မနာခံဘဲ ပြည်သူလူထုနဲ့ပူးပေါင်းခြင်းအားဖြင့် တိုင်းပြည်အနာဂတ်ကိုကယ်တင်ဖို့ တောင်းပန်နေတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။  ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုရဲ့ ၇ […]

Continue Reading

Fact Check: မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ FATF ကအမည်ပျက်စာရင်းသွင်း ထားတယ်ဆိုတဲ့သတင်းမှား

FATF ကနေ အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့တဲ့ အမည်ပျက်(Blacklist)နိုင်ငံ ၂၀ စာရင်းဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပြီး နားလည်မှုလွဲစေနိုင် တာ တွေ့ရပါတယ်။ အောက်ပါစာသားတွေက ဖြန့်ဝေခဲ့တဲ့ ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ ဒီဖြန့်ဝေခဲ့တဲ့ပို့စ်မှာ မြန်မာနိုင်ငံဟာ အရင်ကလည်း အမည်ပျက်စာရင်းသွင်းခံရဖူးပြီး အခုလည်း မြန်မာနိုင်ငံနှင့်အတူ အခြားသော နိုင်ငံ ၁၉ နိုင်ငံ လည်းပါဝင်တယ်လို့ဆိုလိုထားပြီး screenshot တစ်ခုလည်းပါဝင်ပါတယ်။ “FATF မှ ​ ၂၀၂၂၊အောက်တိုဘာ၂၁ရက်နေ့က ထုတ်ပြန်ခဲ့သော  Blacklistနိုင်ငံစာရင်း (၂၀) စာရင်း ဖြစ်ပါတယ် ။ 1 Arbania 2 Barbados 3 Burkina Faso 4 Cambodia 5 Cayman Islands […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်း ၁၀၀ကျော်ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၀ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာထုတ်ပြန် လိုက်ပြီဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ပါတယ်။ သတင်းဟောင်းတွေကို စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “အမေစုအပါအဝင် နိုင်ကျဉ်း(၁၀၀)ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာထုတ်ပြန်လိုက်ပြီ#သတင်းထူး”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းမျှဝေထားရာမှာ ၈ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၄၀၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် စစ်တပ်က ထုတ်ပြန် လိုက်တယ်ဆိုတဲ့ သတင်းမျိုး သတင်းဌာနတွေက ဖော်ပြတာမတွေ့ရပါဘူး။ ယခုဖြန့်ဝေနေတဲ့ ဗွီဒီယိုပို့စ်စာသားနဲ့ ဗွီဒီယိုထဲမှာ “အမေစုအပါအဝင် နိုင်ကျဉ်း(၁၀၀)ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာ ထုတ်ပြန်လိုက်ပြီ #သတင်းထူး”လို့ ရေးသားထားပေမဲ့ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ “ပူတာအို နမ်ဟော့အကျဥ်းထောင်တွင် […]

Continue Reading

Fact Check: ရေစကြိုနဲ့မြိုင်အစပ် စိုင်သေနဲ့ သံပြာချောင်းရွာအား စစ်တပ်ကမီးရှို့မှုကို PDF ကမီးရှို့မှုအဖြစ်ဖြန့်ဝေ

အောက်တိုဘာ ၂၉ ရက်က PDF တွေက ရေစကြိုမြို့နယ်၊ စိုင်သေရွာနဲ့သံပြာချောင်းရွာတို့အား ဝင်ရောက် ဖျက်ဆီး မီရှို့နေပြီး စိုင်သေကျေးရွာမှာ အိမ်ခြေသုံးပုံနှစ်ပုံခန့်မီးလောင်ကျွမ်းခံထားရတာ နစကအထက် လူကြီးများ သိစေရန်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိပါတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းမှားတစ်ခု ဖြစ်ပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့မှုအဖြစ် လွတ်လပ်တဲ့ မီဒီယာအများအပြားကဖော်ပြပါတယ်။ အောက်ပါပို့စ်ကတော့ ဒီလိုဖော်ပြပါရှိတဲ့ ပို့စ်တစ်ခုက စာသားတွေပဲ။ “နစက အထက်လူကြီးမင်းများသိစေရန် =============================== မကွေးတိုင်း၊ ရေစကြိုနယ်နှင့် မြိုင်နယ်အစပ်ရှိ  စိုင်သေရွာနှင့် သံပြာချောင်းကျေးရွာများအား  pdf များမှ ဝင်ရောက်ဖျက်ဆီးမီးရှို့နေ၍  ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း  ဒေသခံများမှ ​ သတင်းပေးပို့လာပါတယ် ယနေ့  (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီခန့်က စတင်ကာ pdf များသည် […]

Continue Reading

Fact Check: NUG လေတပ် နေပြည်တော်ကိုဝိုင်းထားပြီ၊ လေယာဉ်သုံးတိုက်မှာဖို့ အပြင်မထွက်ဖို့ ထုတ်ပြန်ဆိုတဲ့ သတင်းတု   

NUG လေတပ် နေပြည်တော်ကိုဝိုင်းထားပြီ၊ လေယာဉ်သုံးတိုက်မှာဖို့ အပြင်မထွက်ဖို့ ထုတ်ပြန်ချက်ဆိုတဲ့ သတင်းတုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ အောက်ပါစာသားတွေကတော့ ဘလော့ဂ်ပို့စ်တစ်ခုမှာရေးသားထားချက်ဖြစ်ပါတယ်။ “NUG လေတပ်နေပြည်တော်ကိုဝိုင်းထားလိုက်ပြီဗျို့”လို့ သတင်းခေါင်းစဉ်အနေနဲ့ရေးသားထားပြီး “လုံးဝဂျင်းမဟုတ်ဘူး မနက်ဖြန် လေယာဉ်သုံးတိုက်မှာ လုံးဝအပြင်မထွက်ဖို့ပူးတွဲထုတ်ပြန်”လို့ ရေးသားပြီး “onlinenews79.com” အမည်နဲ့ဝက်ဘ်ဆိုဒ်က အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ဒီဘလော့ဂ်ပို့စ်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းပြန်လည်ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “onlinenews79.com” အမည်နဲ့ဘလော့ဂ်ပို့စ်ကို ဝင်ရောက်ကြည့်ရှူ့မယ်ဆိုရင် “NUG လေတပ်နေပြည်တော် ကိုဝိုင်းထားလိုက်ပြီဗျို့”လို့ရေးသားထားတဲ့ သတင်းခေါင်းစဉ်၊ NUG သမ္မတ ဒူဝါလရှီးလ၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ တိုက်လေယာဉ်ဓာတ်ပုံတို့ကို ပေါင်းစပ်ပြုပြင်ထားတဲ့ ဓာတ်ပုံပေါ်မှာ “လုံးဝဂျင်းမဟုတ်ဘူး မနက်ဖြန် လေယာဉ်သုံးတိုက်မှာ လုံးဝအပြင်မထွက်ဖို့ပူးတွဲထုတ်ပြန်”လို့ ရေးသားထားတဲ့ ရေးသားချက်ကိုပဲ ထပ်မံတွေ့ ရပြီး […]

Continue Reading

Fact Check: PDF အင်အား၂သိန်းနဲ့ရန်ကုန်ကိုသိမ်းပိုက်ဖို့ရှိလို့ ၃ ရက်အတွင်းရှောင်ကြဖို့ NUG သမ္မတအရေးပေါ်သတိပေးဆိုတဲ့သတင်းမှား

PDF အင်အား၂သိန်းနဲ့ ရန်ကုန်ကိုသိမ်းပိုက်ဖို့ရှိလို့ ရန်ကုန်ကနေ ၃ ရက်အတွင်းခေတ္တရှောင်ကြဖို့ NUGသမ္မတ အရေးပေါ်သတိပေးတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေခြင်းဖြစ်ပြီး ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်မြို့ ပျောက်ကြားအဖွဲ့တွေက ပြောဆိုထုတ်ပြန်ထားတဲ့ စစ်ကောင်စီပက်သတ်တဲ့နေရာတွေနဲ့ဝေးဝေးနေဖို့ဆိုတဲ့အကြောင်း အရာသာဖြစ်ပါတယ်။ “ရန်ကုန်ကနေ၃ရက်အတွင်းခေတ္တရှောင်ကြဖို့NUGသမ္မတအရေးပေါ်သတိပေး။အင်အား၂သိန်းနဲ့၁ပတ်တိတိသိမ်းမယ်တဲ့”လို့ ရေးသားပြီး “နွေဦးတော်လှန်ရေး” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၂၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပြီး ပြန်လည်မျှဝေမှုပေါင်း ၅၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၂ မိနစ်ရှည်လျားတဲ့ ဗွီဒီယိုမှာ NUG သမ္မတ ဒူဝါလရှီးလရဲ့ ဓာတ်ပုံနဲ့ “ရန်ကုန်ကနေ၃ရက်အတွင်း ခေတ္တ ရှောင်ကြဖို့NUGသမ္မတအရေးပေါ်သတိပေး”လို့ရေးသားထားပေမဲ့ […]

Continue Reading

Fact Check: မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နုတ်ထွက်ဆိုတဲ့သတင်းခေါင်းစဉ်မှား

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာဝန်ကနေနုတ်ထွက်သွားတယ်လို့ရေးသားလျှက် ဗွီဒီယို ပို့စ် တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အောက်တိုဘာ ၃၀ ရက်က ဖြန့်ဝေလာတာတွေ့ရပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို နားလည်မှုလွဲ စေနိုင်တဲ့ ခေါင်းစဉ်တုခေါင်းစဉ်မှားပေးပြီး ဖြန့်ချိနေခြင်းဖြစ်တယ်။ “မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နှတ်ထွက်”လို့ ရေးသားပြီး “Foodella” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကအောက်ပါအတိုင်းမျှဝေထားပါတယ်။ ဗွီဒီယိုရဲ့ ရုပ်သေဓာတ်ပုံနေရာမှာလည်း MRTV တံဆိပ်နဲ့အတူ “MRTV မှာကြေညာသွားပြီ ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးကို တပ်ချုပ်ရာထူးခန့်ပြီး ပင်စင်နဲ့အနားယူမယ်လို့ ကြေညာ” လို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပို့စ်စာသားနေရာမှာ “မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နုတ်ထွက်”လို့ ရေးသားထားသလို ဗွီဒီယို […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၁ ရက်မှာ ပြန်လွတ်မယ်ဆိုတဲ့ သတင်းမှား

၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး လူထုနဲ့တွေ့မယ်လို့ ရေးသား ထားတဲ့ ဗွီဒီယိုကို တစ်တော့(tiktok)အသုံးပြုသူတစ်ဦးက မျှဝေထားရာမှာ ဗွီဒီယိုဟာ တစ်ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပြီး ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၁၂ ရက်အထိ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံထားရပြီး နောက်ထပ်အမှုတွေလည်း ဆက်လက်ရင်ဆိုင် နေရဆဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ “10.11.2022 ရက်နေ့ အမေဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုနဲ့ အတူတွေ့ဆုံခွင့်ရ တော့မည် သတင်းအမှန်ပါ။ Copy ယူပြီးလူများများသိအောင် ရှယ်ပေးခဲ့ပါ”လို့ ရေးသားပြီး “nayminkok59” အမည်နဲ့တစ်တော့ အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – မူရင်းလင့်ခ်|  Archive link   အချက်အလက်စိစစ်ချက် ဒီ “nayminkok59”အမည်နဲ့အကောင့်ကိုလေ့လာကြည့်ရာမှာ အောက်တိုဘာ […]

Continue Reading