၂၀၁၅ ခုနှစ်က ရုရှားကာကွယ်ရေးဌာနက “ပါရီအတွက်”လို့ ရေးသား ချက်ကို “KIA သို့”အဖြစ်ပြောင်းလဲထားတဲ့ဓာတ်ပုံ

အောက်တိုဘာ ၂၄ ရက်က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တည်ထောင်မှု ၆၂ နှစ်ပြည့်အကြို တေးဂီတပွဲတစ်ခု ကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ၆၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး နောက်ထပ် ၁၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ သတင်းတုသတင်းမှားတွေလည်း ပျံ့နှံ့ခဲ့ပြီး အဲဒီထဲမှာ လေယာဉ်မှာ ချိတ်ဆွဲထားတဲ့ ဗုံးတစ်လုံးမှာ “KIA သို့”လို့ရေးသားထားတဲ့ ဓာတ်ပုံတစ်ပုံလည်း အပါအဝင်ဖြစ်ပါတယ်။ “သို့ မိတ်ဆွေ။ KIA ထံသို့။ #PeopleMedia”လို့ ရေးသားပြီး “We Are Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: NUG သမ္မတ ဒူဝါလရှီလအဖမ်းခံရတယ်ဆိုတဲ့သတင်းခေါင်းစဉ်တု

NUG သမ္မတ ဒူဝါလရှီလ အောက်တိုဘာ ၁၇ ရက်က အဖမ်းခံရတယ်လို့ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ သတင်းခေါင်းစဉ်တုဖြစ်ပါတယ်။ ဗွီဒီယိုပါ အကြောင်းအရာဟာ ရွှေဝါရောင်အရေးအခင်းမှာပါဝင်ခဲ့တဲ့ နွေဦးတော်လှန်ရေးသံဃကွန်ရက်အဖွဲ့ဝင် ဆရာတော်ဦးဣဿရိယ (မင်းသုည-ဗုဒ္ဓတက္ကသိုလ်)ရဲ့ ဆွေးနွေးမှုတစ်ခုဖြစ်ပါတယ်။ “အမြန်ဖြန့်ဝေပေးကြပါ ဗျာ အဖမ်းခံရပြီ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း “သွားပါပြီ 17-ရက် NUG သမ္မတကြီး အဖမ်းခံရပြီ တဲ့ဗျာ ထိပ်လန့်ကုန်ကြပီ”လို့ရေးသားထာပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ နွေဦးတော်လှန်ရေးသံဃကွန်ရက်အဖွဲ့ဝင် ဆရာတော်ဦးဣဿရိယ (မင်းသုည-ဗုဒ္ဓတက္ကသိုလ်)ရဲ့ ဆွေးနွေးမှုတစ်ခုသာဖြစ်ပါတယ်။  ဒီအမျိုးသားညီညွှတ်ရေးအစိုးရ(NUG) သမ္မတ […]

Continue Reading

Fact Check: ရာခိုင်နှုန်းပေးစရာမလိုဘဲငွေသားထုတ်ပေးနေတယ်ဆိုတဲ့ KBZ Pay Service Myanmar အမည်နဲ့အယောင်ဆောင်စာမျက်နှာ

ရာခိုင်နှုန်းပေးစာရာမလိုဘဲငွေသားထုတ်ပေးတယ်၊ ကိုယ်စားလှယ်တွေခေါ်နေတယ်ဆိုပြီးတော့  KBZ Pay Service Myanmar အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ KBZ Pay အမည်အသုံးပြုပြီး လိမ်လည်ဖို့အတွက် ပြုလုပ်ထားတဲ့အတုအယောင်စာမျက်နှာတစ်ခုဖြစ်တာ တွေ့ရပါတယ်။ “လူကြီးမင်း ရဲ့ Acc ထဲကနေ ငွေထုတ်ချင်တဲ့ သူများ ( %  ရာခိုင်နှုန်း ) ပေးစရာမလို့ဘဲ ငွေထုတ်လို့  ရပါတယ် ရှင့် ထုတ်ချင်တဲ့ သူများ  Page ရဲ့ CB မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ် ရှင့်”လို့ ရေးသားပြီး “KBZ PAY Service Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် “K Pay […]

Continue Reading

Fact Check: မြေတကွက်ကားတစီးထက်ပိုမိုပိုင်ဆိုင်သူများကို စစ်ကောင်စီ အရေးယူမယ်ဆိုတဲ့ထုတ်ပြန်ချက်အတု

ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ဖို့ စစ်ကောင်စီတစ်ဖြစ်လဲ အိမ်စောင့်အစိုးရက ကားတစ်စီး မြေတစ်ကွက်ထက်ပိုမို ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းသွားမယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ “အိမ်ခြံမြေနဲ့ကားလောကတော့ ဘာတွေဆက်ဖြစ်မလဲ မသိတော့ဘူး😭 မအလက မလုပ်ရဲတာမရှိတော့ဘူး လက်နက်ဝယ်ဖို့ ငွေလိုလာပြန်ပြီထင်တယ်”လို့ ရေးသားပြီးဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက အောက်ပါအတိုင်းမျှ ဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေအပါအဝင် လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဒီသတင်းကို မတွေ့ရ သလို ဒီလိုထုတ်ပြန်တယ်လို့ကိုးကားရေးသားချက်လည်းမတွေ့ရပါဘူး။ အမှန်တကယ်ဆိုရင် ဒီအမိန့်ကြေညာ ဟာ လျို့ဝှက်ညွှန်ကြားလို့ရတဲ့ အရာမျိုးမဟုတ်တာလည်းတွေ့ရသလို မီဒီယာတွေအနေနဲ့လည်း ဖော်ပြခြင်းမပြုဘဲနေမှာမဟုတ်ပါဘူး။ ဒီလိုဖြန့်ဝေနေတဲ့ ပို့စ်တွေအောက်မှာ ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက စာအရေးအသားဟာ ရုံးစာရေးသားဟန် မဆန်ဘူးဆိုတဲ့ ပြောဆိုချက်လည်းတွေ့ရသလို စာအတုဆိုပြီးတော့ရေးသားမှတ်ချက် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ယာဉ်တန်းနဲ့ ရန်ကုန်ပို့လိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တု 

စစ်သားရာချီဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့ပြီလို့ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ဗွီဒီယိုရဲ့ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအရာရှိဟောင်းကို ထောင် ၁၀ နှစ်ချ မှတ်မှုသတင်းကို သတင်းခေါင်းစဉ်တုတွေအသုံးပြုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “စစ်သားရာချီဝန်းရံပြီးအမေစုကိုရန်ကုန်ပြန်ပို့ပါပြီ။အခြေနေတွေပြောင်းပြန်ဖြစ်ကုန်ပြီ။”လို့ ရေးသားပြီး “နွေဦးတော်လှန်ရေး” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယို thumb nail ဓာတ်ပုံမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကားထဲက ပြုံးနေတဲ့ဓာတ်ပုံနဲ့ သူ့ရဲ့ကားနောက်မှာ လုံခြုံရေးတပ်ဖွဲ့ကားမြင်ကွင်းပါဓာတ်ပုံကိုအသုံးပြုထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “စစ်သားရာချီဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့ပြီ”လို့ရေးသားထားတဲ့ ဗွီဒီယိုကို ဝင်ရောက် ကြည့်ရှု့ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်က မြန်မာနောင်းသတင်းဌာန ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ထောင် ၁၀ နှစ်ချခံရ”ဆိုတဲ့ […]

Continue Reading

Fact Check: စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော်ပျောက်ဆုံးနေဆိုတဲ့ သတင်း ခေါင်းစဉ်အတု

စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် အသင်းအစနမရ ပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယို ပို့စ်တစ်ခု ကိုမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၂၇၀၀ ကျော်ရှိခဲ့ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ခေါင်းစဉ်အတုပေးပြီး လူတွေစိတ်ဝင်စားအောင်လုပ်ထားတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။  “မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၇ ရက်က အောက်ပါအတိုင်းရေးသား မျှဝေထားတာတွေ့ရပါတယ်။ “စစ်တိုင်းမှူး ၅ဦးနှင့်တပ်သား ၂၇၀ကျော် ‌သတင်းအစနမရပျောက်ဆုံးနေ နေပြည်တော် တပ်တွင်းကယက်ထကုန်ပြီ”လို့ ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါ စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် […]

Continue Reading

Fact Check: ဂျော့ဆိုးရော့စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အ‌‌ပေးအယူပေါက်ကြားဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျော့ဆိုးရော့စ်(George Soros)တို့အ‌ပေးယူလုပ်ခဲ့တဲ့အချက်အလက်တွေကို ရုရှား အစိုးရဟတ်ကာတွေက ခိုးယူပြီး နစက(နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ)ထံပေးအပ်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးအပြုသူတွေအကြား ဖြန့်ဝေလျှက်ရှိပါတယ်။ နိုင်ငံရေးအရတိုက်ခိုက်ဖို့အတွက် လုပ်ကြံရေးသားထားတဲ့အကြောင်းအရာဖြစ်ပြီး ဒီလိုအထောက်အထားတစ်စုံတစ်ရာမတွေ့ရပါဘူး။  ဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ ဂျော့ဆိုးရော့စ်ရဲ့ Open Society ကနေ အချက်အလက် ၂၀၀၀ ကျော်ကို ရုရှားဟတ်ကာ တွေက ခိုးယူ(hack)ခဲ့ပြီး ဒီအချက်အလက်တွေထဲမှာ နိုင်ငံတော်ရဲ့ နိုင်ငံရေးမဟာဗျူဟာတွေ၊ နိုင်ငံတွေရဲ့ အားနည်းချက်တွေ၊ ရွှေ့ပြောင်းနေထိုင်တဲ့ကိစ္စတွေ အမေရိကန် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို(FBI)ကို အစီရင်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂျော့ဆိုးရော့စ်နဲ့ အ‌ပေးအယူလုပ်ခဲ့တဲ့အချက်အလက်ပေါင်း ရာချီပါဝင်တယ်လို့ရေးသားထားပြီး အမေရိကန်ကလည်း ဒီလိုခိုးယူခံရတာကို ဝန်ခံတယ်လို့လည်းဆိုပါတယ်။ “Kyaw Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၈ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၂၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: လူရွှင်တော် ဦးဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံရေးသားချက် အဖြစ်သတင်းတုသတင်းမှားပျံ့နှံ့ခဲ့

နိုင်ငံရေးအကျဉ်းသား လူရွှင်တော် ဦးဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံရေးသားချက်အဖြစ် ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဦးဇာဂနာနာမည် ကိုအသုံးပြုပြီး လုပ်ကြံရေးသားထားတဲ့ရေးသားချက်ဖြစ်တာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းကစတင်ဖြန့်ဝေလျက်ရှိပြီး ယခုအချိန်အထိလည်း ဖြန့်ဝေလျှက်ရှိတဲ့ပို့စ်မှာ “ကိုယ့်ထမင်း ကိုယ်စားပြီး စစ်အာဏာရှင်ကို တော်လှန်ခဲ့ / ထောင်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင် ဖြစ်ခဲ့တဲ့ ဒေါက်တာ ဦးသူရ (ခ) ဦးဇာဂနာ ရဲ့ လက်ရှိနိုင်ငံရေး သုံးသပ်ချက်”လို့ စချီရေးသားထားတဲ့ ဒီပို့စ်မှာ အခုတကြိမ်စစ်တပ်က အာဏာသိမ်းတာဟာ ၂၀၀၈ ခုနှစ် အခြေခံ ဉပဒေနဲ့အညီ အာဏာထိမ်းတာသာဖြစ်တယ်လို့ ဦးဇာဂနာ ထောက်ခံခဲ့ပြီး NLD ပါတီကို မဲခိုးတဲ့ပါတီအဖြစ်စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုလည်း ကွန်မြူနစ်ဆန်တဲ့ အာဏာရှင်အစိုးရအဖြစ်ဝေဖန်ထားတာဖြစ်ပါတယ်။  အောက်ပါစာသားတွေကတော့ ဒီလိုပျံ့နှံ့ခဲ့တဲ့ပို့စ်ပါ စာသားတွေပဲဖြစ်ပါတယ်။ “ကိုယ့်ထမင်း […]

Continue Reading

Fact Check: Justin Bieber ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းပြီး သာသနာ့ဘောင် ဝင်ရောက်ဆိုတဲ့ သတင်းတု

အမေရိကန် အဆိုတော် Taylor Swift တစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် ကနေဒါနာမည် ကြီးအဆိုတော် Justin Bieber ကလည်း ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပါတယ်။ “ယနေ့ အဆို‌တော်Taylor Swiftတစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် အဆိုတော်Justin Bieberဟာလည်း အားကျမခံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်လို့သိရပါတယ်။ ဒီလိုကမ္ဘာ့ထိပ်သီးအဆိုတော်ကြီးနှစ်ဦးရဲ့ ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းမှုကြောင့် တခြားဘယ်အနုပညာရှင်တွေရော ပါဝင်ကြဦးမလဲဆိုတာ စိတ်ဝင်စားစွာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ကတော့ အင်မတန်ဝမ်းမြောက်ဂုဏ်ယူစရာပါ။”လို့ ရေးသားပြီး “Felix Luffy” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ Justin Bieber […]

Continue Reading

Fact Check: NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီဆိုတဲ့ သတင်းတု

NUG ကိုစစ်ရေးကူညီဖို့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့(NATO)လက်မှတ်ထိုးလိုက်ပြီလို့ရေးသားထား တဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ဉရောပပါလီမန်က စစ်တပ်ကို ပိုမိုအရေးယူဖို့ဆုံးဖြတ်ချက်အကြောင်းသာဖြစ်ပြီး နေတိုးစစ်စာချုပ်အဖွဲ့နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။ “NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီ”လို့ ရေးသားပြီး “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့သတင်းဌာနတွေမှာဖော်ပြပြီး အကြောင်းအရာတွေကို ဗွီဒီယိုပုံစံပြောင်းပြီး ပြန်လည်ကူးယူးဖော်ပြနေတဲ့ စာမျက်နှာတစ်ခုဖြစ်တာ တွေ့ရပါတယ်။ ဒီလိုမျှဝေရာမှာ အကြောင်းအရာဟာ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့အတွက် ခေါင်းစဉ်အတုခေါင်းစဉ်အမှားတွေပေးပြီး ဗွီဒီယိုကိုဖြန့်ချိပါတယ်။ ၄ မိနစ်ကျော် ရှည်လျားတဲ့ အခုဗွီဒီယိုဖိုင်ကိုဖြန့်ဝေရာမှာ […]

Continue Reading