Fact Check: Express ကားတွေမှာ လူမဲ့တန်ဆာပစ္စည်းပို့တာ လက်မခံတော့ဘူးဆိုတာ မဟုတ်ပါ

အဝေးပြေးကားတွေမှာ လူမဲ့တန်ဆာပစ္စည်းလက်မခံတော့ဘူးဆိုတဲ့ ဖေ့စ်ဘွတ် ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့သတင်းမှားတစ်ခုဖြစ်တာ တွေ့ရပါတယ်။ အောက်ပါစာသားကတော့ “Thet Paing Soe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်က ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါတယ်။  “Express ကားတွေကို ယနေ့မှစ၍ လူမဲ့တန်ဆာလက်မခံတော့ဟု သတင်းထွက်ပေါ်နေ ‼ ရန်ကုန်က နယ်ကျော်မြို့ကျော် Online shop လုပ်ကြတဲ့ ကိုကို မမများ မင်မင်တို့အပါအဝင် အကုန် တိုင်ပတ်ပါပြီလို့ Express ကားတွေကို ယနေ့မှစ၍ လူမဲ့တန်ဆာလက်မခံတော့ဟုသိရတဲ့အတွက် အောင်မင်္ဂလာတို့ အောင်ဆန်းကွင်းတို့ကနေ မြို့ကျော်နယ်ကျော်ပစ္စည်းတွေပို့ဆောင်လို့ရတော့မှာမဟုတ်ပါဘူး။ တရားဝင်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ Delivery Service များကိုသာ အားကိုးရတော့မှာဖြစ်ပါတယ်။” (မူလအရေးအသား) မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ […]

Continue Reading

Fact Check: သတင်းခေါင်းစဉ်တုတွေဖြန့်ချိနေတဲ့ ခမာဘာသာ “ផ្កាយ” ဖေ့စ်ဘွတ်စာမျက်နှာ

မြန်မာလို့ “ကြယ်ပွင့်”လို့ဘာသာပြန်ဆိုနိုင်တဲ့ ခမာဘာသာနဲ့ “ផ្កាយ”လို့ရေးသားထားတဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ်ခေါင်းစဉ်တုတွေနဲ့ သတင်းတွေကို ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းမီဒီယာလုပ်ငန်းအချို့က သတင်းတွေကို သတင်းတုခေါင်းစဉ် ပေးပြီး ဗွီဒီယိုပုံစံ ယူကျူ့နဲ့ဘလော့ဂ်အချို့မှာ ပြန်လည်ဖော်ပြနေခြင်းဖြစ်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ အောက်ပါ screenshot ကတော့ လွန်ခဲ့တဲ့ နာရီအနည်းငယ်အတွင်းမှာ ဒီစာမျက်နှာဖော်ပြခဲ့တဲ့ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဗွီဒီယိုတွေပဲဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် ၂၀၂၁ ခုနှစ် အောက်တိုဘာမှစတင်ဖွင့်လှစ်ခဲ့တဲ့ ဖေ့စ်ဘွဝ်ဒီစာမျက်နှာဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ဗွီဒီယို ပေါင်း ၂၂၀ ကျော်ကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။  များသောအားဖြင့် ပို့စ်ပါစာသားနဲ့ ဗွီဒီယိုရုပ်သေမှာဖော်ပြထားတဲ့ ခေါင်းစဉ်ပါစာသားတွေ ဗွီဒီထဲမှာတဲ့ အကြောင်းအရာ […]

Continue Reading

Fact Check: ပုသိမ်ဟာလဝါမှာ Spermatozoa ဘက်တီးရီးယားများတွေ့လို့ ရောင်းချခွင့်ပိတ်ပင်ဆိုတဲ့ သတင်းတု

 ပုသိမ်ဟာလဝါမုန့်များတွင် လူကိုအန္တရာယ်ဖြစ်စေတဲ့  Spermatozoa ဘက်တီးရီးယားများတွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကပ်ရေးဌာန(FDA)မှ ရောင်းချခွင့် ပိတ်ပင်သွားမယ်လို့ဆိုထား တဲ့ပို့စ်ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ပို့စ်တစ်ခုကဖြစ်ပါတယ်။ “Zaw Myo”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ပို့စ်ကို ဓာတ်ပုံအချို့နဲအတူ ဩဂုတ် ၆ ရက်ကမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။  “ပုသိမ်ဟာလဝါမုန့်များတွင် လူကိုအန္တရယ်ဖြစ်စေသော ရောဂါပိုးများတွေ့ရှိရ၍ ရောင်းချခွင့်ပိတ်ပင်သွားမည်။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကပ်ရေးဌာန(FDA)မှ ပုသိမ်မြို့ရှိ ဟာလဝါ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး၍ ဓာတ်ခွဲစမ်းသပ်ရာ ဟာလဝါမုန့်များတွင် Spermatozoa ခေါ်  လူ၏ခန္ဓာကိုယ်အား ပြင်းထန်စွာထိခိုက်စေနိုင်သည့် ဘက်တီးရီးယားများ စစ်ဆေးတွေ့ရှိသဖြင့် ရောင်းချခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပုသိမ်ဟာလဝါအစား ကျန်းမာရေးနှင့်ညီညွတ်လတ်ဆတ်သော မန္တလေးထိုးမုန့်များကိုသာ ရောင်းချရန် ခရိုင်FDA မှ ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း […]

Continue Reading

Fact Check: ပုသိမ်အမှတ်(၂)တံတား ပြိုကျဆိုတဲ့သတင်းမှား

ပုသိမ်အမှတ်(၂)တံတား ဩဂုတ် ၈ ရက်နေ့ နေ့လည် ၁၂:၁၇ မိနစ်မှာ ကျိုးကျကာ လူထိခိုက်သေဆုံးမှုများနိုင်ပြီး အရေးပေါ်ကယ်ဆယ်ရေးများအမြန်လိုအပ်နေတယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။  “#Breaking_News !!! ပုသိမ်အမှတ်(၂)တံတား ကျိုးကျ ။(နေ့လည် ၁၂:၁၇ မိနစ်) လူထိခိုက်သေဆုံးမှုများနိုင်။ အရေးပေါ်ကယ်ဆယ်ရေးများ အမြန် လိုအပ်နေ။ Credit- Myint Than Htun”လို့ ရေးသားပြီး “Ven Vannita”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက တံတား ကျိုးကျနေတဲ့ မြင်ကွင်းဓာတ်ပုံနဲ့အတူ မျှဝေထားရာမှာ ၂ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google […]

Continue Reading

Fact Check: မိုင်းဖုန်းဆရာတော်နဲ့ပတ်သက်တဲ့သတင်းတုများဖြန့်ဝေ

မိုင်းဖုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည် သေမယ့်နေ့ကို ပြောပြီ၊ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်သေမယ့် နေ့ကိုပြောပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကိုကယ်မယ်စတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ် တွေမှာဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ သတင်းတုတွေသာဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာလည်း သတင်းခေါင်းစဉ်နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။  “မိုင်းဖုန်း ဆရာတော်ကြီး အမေစုနဲ့သမ္မတကြီးကို ကယ်တင်တော့မယ်။ #မိုင်းဖုန်းဆရာတော်”လို့  စာသားနဲ့ ရေးသားထားပြီး ဗွီဒီယိုရုပ်ကတ်ဓာတ်ပုံထဲမှာလည်း “အထူးသတင်းကောင်းဗျို့ အမေစုနဲ့သမ္မတကြီး ကိုကယ်တင်ဖို့ မိုင်းဖုန်းဆရာတော်ကြီးကြွချီလာပြီး သူတော်ကောင်းကိုစော်ကားတဲ့ အာဏာရူး ကြိုးစက်မှာ ပေးဆပ်ရ လိမ့်မယ်လို့ မိန့်ကြားလိုက်ပြီ”စသည်ဖြင့်ရေးသားပြီး “Akon Thi Entertainment”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဩဂုတ် ၁ ရက်ကမျှဝေထားရာမှာ ဝင်ရောက်ကြည့်ရှု့သူ ၃၀၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   “Third News”၊ “သတင်းစုံ Video”၊ “ផ្កាយ”စတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း […]

Continue Reading

Fact Check: ဒေါ်စုရဲ့ သားငယ်ကိုထိန်လင်းက တော်လှန်ရေးအတွက်နာရီလှူတယ်ဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်းက  တော်လှန်ရေးအတွက်နာရီ လေလံတင်ဖို့ပေးတယ်ဆို တဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူအများအကြားပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဓာတ်ပုံတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သားငယ် ကိုထိန်လင်းခေါ် Kim Aris က ဒေါ်အောင်ဆန်းစုကြည်ပုံ ပါနာရီကိုင်ထားတာတွေ့ရပြီး အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။  “လျှောင်ထုံး ထုံးထားတဲ့ ကိုထိန်လင်းက တော်လှန်ရေးမှာအသုံးပြုဖို့ အမေစုရဲ့ နာရီလေးလာပေးတာတဲ့။ တော်လှန်ရေးအတွက် ငွေအင်အားဘယ်လောက်အရေးကြီးကြောင်း သူသိတယ်။ ဒီပွဲနိုင်မှ သူ့အမေလွတ်မယ်ဆိုတာလည်း သူသိတယ်။ အမေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ လေလံတင်ရောင်းရင် ငွေအမြောက်အများရတယ်ဆိုတာလည်း သူသိတယ်။ သူ့ဆီမှာရှိတဲ့(သူ့အမေရဲ့အမွေလို့ပြောလို့ရတဲ့)အမေစုငယ်စဉ်ကပတ်ခဲ့တဲ့နာရီကို ကြည်ကြည်ဖြူဖြူ နဲ့ ခုလို လာပေးတဲ့ ကိုထိန်လင်းအပေါ် ကျနော်တို့ အကြွေးတွေအများကြီးတင်သွားပြန်ပြီဗျာ  _ထွန်းနေမိုး”လို့ ရေးသားပြီး ဓာတ်ပုံ ၅ ပုံနှင့်အတူ “Spring May”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်မသေသေးဘူးလို့ NUGအတည်ပြုဆိုတဲ့ သတင်းတုသတင်းမှား

ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်အသက်ရှင်သေးတာNUGလည်းအတည်ပြုလိုက်ပါပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ NUG အနေနဲ့ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ၄ ဦး ကြိုးပေးကွပ်မျက်မှုအတွက် ရှုတ်ချထားပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာလည်းသတင်းခေါင်းစဉ်နဲ့မသက်ဆိုင်ပါဘူး။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ သတင်းတင်ဆက်သူက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ နိုင်ငံအခြေပြမိန့်ခွန်း ပြောကြားချက်ကို ပြန်လည်ပြောကြားနေခြင်းဖြစ်ပါတယ်။ ဇူလိုင် ၂၈ ရက်က သမ္မတ ဒူဝါလရှီးလရဲ့ အခြေပြ မိန့်ခွန်းကို အောက်ပါလင့်ခ်မှာကြည့်ပါ။ ဒီမိန့်ခွန်းရဲ့အစမှာပဲ ဦးကျော်မင်းယုခေါ် ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်စတဲ့ ၄ ဦးအပေါ် ကွပ်မျက်ခဲ့မှုဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံသားတွေ အပေါ်တန်ဖိုးမထားတဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့ နွေးဉီးတော်လှန်ရေးကို အရှိန်မြှင့်သွားစေမယ့်လုပ်ရပ်သာဖြစ်ပြီး အရှိန်မြှင့်တွန်းလှန်ကြဖို့လည်း […]

Continue Reading

Fact Check: YBS 42 ကားပေါ်မှာ အနုကြမ်းစီးခံရတာမရှိဘူးလို့ တာဝန်ရှိသူတွေ ငြင်းဆို

မြောက်ဉက္ကလာပ အိန္ဒြာမှတ်တိုင်အနီး YBS 42 ကားပေါ်မှာ ဓားပြတိုက်ခံရမှုဆိုတဲ့ ပို့စ်တစ်ခု ဇူလိုင် ၃၀ ရက်က ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မဟုတ်မှန်ကြောင်း ယာဉ်လိုင်း တာဝန်ရှိသူတွေက ငြင်းဆိုထားတာတွေ့ရပါတယ်။ အောက်စာသားတွေကတော့ “Hlaing Info” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြခဲ့တဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းဖော်ပြချက်ပါ။ “ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရွှေပြည်သာမှ ဒဂုံဧရာအဝေးပြေးသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း 42( 6p / 6057 )သည် မြောက်ဥက္ကလာပ အိန္ဒြာ မှတ်တိုင်အနီးတွင် အနုကြမ်းစီးခံလိုက်ရကြောင်း သိရသည်။ ” နေ့လည် ၂နာရီလောက်က ဖြစ်တာပါဗျ ကျွန်တော်တို့ မဥက္ကလာပ ရောက်တော့ လူ၁၅ ဦးလောက် တပြိုင်နက် […]

Continue Reading

Fact Check: မထောက်ခံသူတွေအားလုံးကို သတ်ဖြတ်ဖို့ NUG ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား

မထောက်ခံတဲ့သူတွေအားလုံးကို ဒလံလို့စွပ်စွဲပြီး သတ်ဖြတ်ဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) သမ္မတ ဒူဝါလရှီလက လက်မှတ်ရေးထိုးထုတ်ပြန်ချက်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက် ရှိပါတယ်။ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ အချက်သုံးချက်ပါဝင်တဲ့ ဒီစာမှာ NUG ကိုမထောက်ခံတဲ့သူတွေကို ဒလံအဖြစ်သတ်မှတ်ခြေမှုန်းရန်၊ NUG ကလွဲပြီးအခြားပါတီအဖွဲ့အစည်းကိုထောက်ခံခြင်းမပြုဖို့နဲ့ ဒီလမ်းညွှန်ချက်တွေကို မလိုက်နာရင်လည်း ပြင်းပြင်းထန်ထန်အရေးယူဖို့ဆိုပြီးပါဝင်ပါတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။  “အတုလား! အစစ်လား! မသိပါ၊  အကယ်၍သာ အစစ်ဖြစ်ခဲ့မည်ဆိုပါက ပြည်သူများအနေဖြင့် ဘယ်နေ၍ ဘယ်ထိုင် ရမယ်ဆိုသည်ကို မတွေးဝံ့တော့ပါ။ KoThetKa(30,7,2022 )” ရေးသားပြီး “Nan Thin Thin Wai” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: Hyundai ရဲ့ ၅၂ နှစ်မြောက်နှစ်ပတ်လည်အနေနဲ့ ကား ၁၀ စီးမဲပေါက်ပေးမယ် ဆိုတဲ့ စာမျက်နှာအတု

Hyundai ရဲ့ ၅၂ နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကား ၁၀ စီးမဲဖောက်ပေးမယ်ဆိုပြီး Hyundai က ဖြန့်ဝေနေသယောင်ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်မှာ “ယနေ့ Hyundai ၏ 52 နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန်။ အထူးသဖြင့် ကျွန်တော်တို့ဆီက ကားမရှိသူတွေအတွက်ပါ။ ကား ၁၀ စီး လက်ဆောင်ပေးဖို့ သဘောတူပြီး ပျော်ပါတယ်။ သင်၏ကံကောင်းသည့်သေတ္တာနံပါတ်ကို ရွေးချယ်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီက ကားသော့ပါတဲ့ သေတ္တာ ၁၀ လုံးပဲရှိတယ်။ (ဆုများကို ယနေ့ ပေးပို့ပါမည်။)! ကားဆုအား ကံထူးရှင်၏လိပ်စာသို့ တိုက်ရိုက်ပေး ပို့ပါမည်။ သင်၏အမည်ကို ကျွန်ုပ်တို့၏စနစ်တွင် အောင်နိုင်သူအဖြစ် မှတ်ပုံတင်ထားကြောင်း သေချာပါစေ။ ဤနေရာတွင် မှတ်ပုံတင်ပါ။   https://bit.ly/3BpmvrD”လို့ ရေးသားထားပါတယ်။  […]

Continue Reading