Fact Check: မြန်မာဖုန်းပျောက်သူတွေ ဖုန်းပြန်ရှာဖို့အတွက် အီးမေးလ်ပို့ခိုင်းတဲ့ အချက်အလက်မှားပျံ့နှံ့

မြန်မာနိုင်ငံက ဖုန်းပျောက်သွားတဲ့သူတွေအနေနဲ့ အီးမေးလ်တစ်ခုကို မိမိတို့ရဲ့ ဖုန်း IMEI နံပါတ်ပို့မယ်ဆိုရင် ဖုန်း ဘယ်နေရာ ရောက်နေသလဲဆိုတာကိုသိရှိနိုင်ပြီး ပြန်လည်ရှာတွေ့စေဖို့အတွက် အထောက်အကူဖြစ်နိုင်မယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ အောက်ပါဓာတ်ပုံနဲ့စာသားတွေကတော့ ယခုရက်ပိုင်းအတွင်း ပြန်လည်ပျံ့နှံ့လာခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါ တယ်။  “Bus စီးရင်း ခါးပနှိုက်ခံရလို့ ဖုန်းပါသွားတာဖြစ်ဖြစ် အပြင်သွားရင် တစ်နေရာရာမှာဖုန်းမေ့ကျန်ခဲ့လို့ ပျောက်သွားတာဖြစ်ဖြစ် အသုံးဝင်စေမယ့် ဗဟုသုတပါ 👇🏻 အရေးပေါ်အခြေနေမျိုးအတွက် ဆေ့ဖ်ထားကြပါခင်ဗျ ❗ Credit ဝေမျှသူ” မူရင်းလင်ခ့် – FB link |  Archive link   ဓာတ်ပုံထဲမှာတော့ ဖုန်းပျောက်တဲ့သူတွေအနေနဲ့ ပထမဆုံး IMEI နံပါတ် ၁၅ လုံးကို cop@vsnl.net ကိုပေးပို့မယ်ဆိုရင် မိမိဖုန်းဆင်းကတ်ကိုဖြုတ်ပစ်လိုက်သည့်တိုင်အောင် ဖုန်းရဲ့တည်နေရာကို သိရှိအောင် အကြောင်းကြားစာပို့ပေးတယ်လို့လည်း […]

Continue Reading

Fact Check: ဗျိုင်းတွေမှာ အဖိုမရှိဘဲ အမသာရှိတယ်ဆိုတာမမှန်ပါ

လူအပါအဝင် အခြားသောသတ္တဝါတွေမှာ အဖိုအမ ရှိကြပေမဲ့ ဗျိုင်းတွေမှာ အဖိုရယ်လို့မရှိဘဲ အားလုံးအမတွေ ချည်းသာဖြစ်ပြီး မိုးခြိမ်းသံမှာ သာယာခြင်းဖြင့် ကိုယ်ဝန်ရကြတယ်ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြားကြိမ်ဖန်များစွာပျံ့နှံ့လျက်ရှိပါတယ်။  တကယ်တော့ ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ အောက်ပါ စာသားအချို့ကတော့ ယနေ့ပျံ့နှံ့ခဲ့တဲ့ ဘလော့ဂ်ပို့စ်ပါစာသားတွေထဲကကောက်နုတ်ဖော်ပြ ချက်ဖြစ်ပါတယ်။ ဒီပြောဆိုချက်ဟာ ၂၀၂၀ ခုနှစ်လောက်ကတည်းကစတင်ပျံ့နှံ့ခဲ့တာတွေရပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ တူညီတဲ့ ပြောဆိုချက်ပါဝင်တဲ့ဖေ့စ်ဘွတ်ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။   “လူပဲဖြစ်စေ ခွေးပဲဖြစ်စေ ဘယ်သတ္တဝါမဆို အဖိုရယ် အမရယ်လို့ နှစ်မျိုးစီရှိတတ်ကြပါတယ်၊ ဒါပေမဲ့ ဗျိုင်းတို့မှာ တော့ကား အဖိုဟူ၍ မရှိ အားလုံး အမ-တွေချည်းသာဖြစ်ပါတယ်။ ဒါဆို ဗျိုင်းမတွေ ဘယ်လိုကြောင့် အဥ အုနိုင်ကြတာပါလဲဆိုတဲ့ မေးခွန်းတက်လာနိုင်စရာအကြောင်းရှိပါတယ်၊ အဲဒီအတွက် အဖြေကတော့ ဗျိုင်းမတွေဟာ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက AA ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံဖြစ်တယ်

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တစ်နေရာက KIA နဲ့ PDFတို့ဖမ်းဆီးရမိတဲ့ စစ်သားတွေဆိုပြီး  အမျိုးသား ၁၄ ယောက် ဒူးထောက် လျှက်ရှေ့မှာ လက်နက်ခဲယမ်းတွေပြသထားတဲ့ဓာတ်ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ ဓာတ်ပုံဟာ ဇူလိုင် ၁၈ ရက်က မောင်တောမြို့နယ်အတွင်း တိုက်ပွဲတစ်ခုမှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကကောက်နုတ်ထားတာဖြစ်ပါတယ်။ “KIA/PDFတို့ရဲ့ လက်စွမ်း….  ခွေးများစွာ အရှင်မိ/လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ    ကချင်ပြည်တနေရာ ၂၁_၈_၂၂/ATM” မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ ဓာတ်ပုံကို ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကို ၂၀၂၂ ခုနှစ် […]

Continue Reading

Fact Check: ဒီဗွီဒီယိုကမင်းတပ်မှာ စစ်ကောင်စီတပ်တွေကို စီးနင်းတိုက်ခိုက်မီးရှို့မှု သာဖြစ်တယ်

ပလက်ဝမှာ ရခိုင်တပ်တော်(AA)က စစ်ကားတွေကို တိုက်ခိုက်မီးရှို့ပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ မင်းတပ် CDF က စစ်ကောင်စီတပ် စစ်ကားတွေကို တိုက်ခိုက်မှုဖြစ်စဉ်က ဗွီဒီယိုဖြစ်ပါတယ်။ “ပလက်ဝ မှာ AA ဧည်ခံ ထားပုံ”လို့ ရေးသားပြီး “U Zaw Gyi” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ULA/AA ရဲ့ တိုက်ခိုက်မှုအဖြစ် ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုထဲ မြင်ကွင်းတစ်ခုကို Google မှာပုံရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရာမှာလည်း ဒီမြင်ကွင်းနဲ့ တူညီတဲ့ ဓာတ်ပုံတစ်ခုကို ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ဘာသာနဲ့ သတင်းဖော်ပြချက်တစ်ခုမှာတွေ့ရပါတယ်။ ၂၀၂၂ ခုနှစ် […]

Continue Reading

Fact Check:  ၂၀၂၁ ခုနှစ် မလေးရှားကဖြစ်စဉ်ကို ရန်ကုန်မှာ ရေကြီးရေလျှံမှုအဖြစ်ပျံ့နှံ့ခဲ့

မိုးအဆက်မပြတ်ရွာသွန်းလေ့ရှိတဲ့ ဩဂုတ်လမှာ ရန်ကုန်လူထုဟာ နှစ်စဉ်လိုလို ရေကြီးရေလျှံမှုကို ခံစားရပါ တယ်။ ယခုနှစ် စံချိန်တင်မိုးကြီးခဲ့တာကြောင့် ဩဂုတ် ၁၇ ရက်က ရန်ကုန်မှာအနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အဓိက လမ်းမကြီး တွေမှာ ရေနစ်မြှုပ်တဲ့ သတင်းက ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ရေပန်းစားခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ တိုက်ပေါ်ကနေရိုက်ထားတဲ့ အရောင်အသွေးသစုံတဲ့ ကားတွေ ရေထဲနစ်မြုပ်နေတဲ့ ဓာတ်ပုံတစ်ပုံဟာ ရန်ကုန်တာမွေနဲ့ တောင်ဒဂုံက ရေကြီးရေလျံမှုအခြေအနေအဖြစ်သတင်းမှား ပြန့်နှံ့ခဲ့တာ တွေ့ရပါတယ်။ ဓာတ်ပုံဟာ မလေးရှားနိုင်ငံက ရေကြီးရေလျှံမှုဖြစ်စဉ်နဲ့ပတ်သက်ပါတယ်။ အောက်ပါစခရင်ရွှတ်ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေပဲဖြစ်ပါတယ်။ မူလဖြန့်ဝေခဲ့သူတွေက ဒီပို့စ်တွေကို ပြန်ဖျက်သွားပြီးဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ရန်ကုန်မြို့မှာ ရေကြီးနစ်မြှုပ်မှုသတင်းတွေကို […]

Continue Reading

Fact Check: စွန်တစ်ကောင်ရဲ့ နှစ် ၂၀ ခရီးမှတ်တမ်းလား- မဟုတ်ပါ

စွန်တစ်ကောင်ကို ဂြိုလ်တုကနောက်ယောင်ခံမှတ်တမ်းတင်တဲ့ နှစ် ၂၀ အတွင်း သူပြန်လေသမျှလမ်းကြောင်း တွေကို မြေပုံပေါ်မှာ မှတ်တမ်းတင်တယ်ဆိုတဲ့ပုံဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိ ပါတယ်။ နာလည်းမှုလွဲစေနိုင်တဲ့ သတင်းမှားတွေပါဝင်နေပါတယ်။ တကယ်တော့ စွန်အကောင် ၂၀ ရဲ့ ၁၀ လအတွင်း ပျံ့သန်းမှုမှတ်တမ်းသာဖြစ်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ အောက်ပါအတိုင်းရေးသားထားပြီး ဓာတ်ပုံတွေထဲမှာ မြေပုံတစ်ခုပေါ်မှာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက တိုက်အစပ်ဒေသတစ်ဝိုင်မှာအကြိမ်ကြိမ်အထပ်ထပ် ခရမ်းရောင်မျဉ်းနဲ့ ဆွဲထားတဲ့ သေဆုံးနေတဲ့ ငှက်တစ်ကောင်လည်းပါဝင်ပါတယ်။ “စွန်တကောင်ရဲ့ခရီး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်၊ စွန်ရဲ့ကျောကုန်းမှာ ဂြိုလ်တုကနောက်ယောင်ခံမှတ်တမ်းတင်တဲ့ tracker ကို ရုရှားမှာ တတ်ဆင်ပြီး သူပြန်လေသမျှလမ်းကြောင်းတွေကို မြေပုံပေါ်မှာ မှတ်တမ်းတင်ထားတာပါ။ ခုတော့ ဒီစွန်ဟာ ဆော်ဒီအာရေဗီယ က သူငယ်တောင်ကြားမှာ သေဆုံးသွားပြီဖြစ်ပါတယ်။ ရုရှားကနေ အာဖရိက တိုက်က ဆူဒန်လောက်အထိ အရှေ့အလယ်ပိုင်းဒေသကိုဖြတ်ပြီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဆိုတဲ့သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်လာပြီဆိုတဲ့ သတင်းမှားတစ်ခု ခမာဘာသာနဲ့ “ផ្កាយ” လို့ရေးသားထားတဲ့ စာမျက်နှာကဖြန့်ဝေလျှက်ရှိပါတယ်။ ဒီစာမျက်နှာဟာ “အမေစုပြန်လွတ်ပြီ”လို့ ရေးသားထားသလို မျှဝေထား တဲ့ဗွီဒီယိုရုပ်ကပ်မှာလည်း “၁၃ ရက် လွတ်ပြီ ဟေ့ စိုးဝင်းတရားဝင်လက်မှတ်ရေး ထိုးလိုက်ပြီလို့ရေးသား ထားပါသေးတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဒီစာမျက်နှာဟာ ခေါင်းစဉ်အတုတွေပေးပြီး လူတွေကို စိတ်ဝင်စားမှုရယူ ဗွီဒီယိုကို ကြည့်ရှူ့မှု များအောင်လုပ်နေတဲ့ စာမျက်နှာတစ်ခုသာဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ KNU ထိန်းချုပ်မှုအောက်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအင်တာဗျူးတစ်ခုကို ဖြေဆိုနေတဲ့ ဗွီဒီယိုဖိုင်သာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ  အာဏာသိမ်းစစ်တပ်က စွပ်စွဲထားတဲ့ အမှုပေါင်းများစွာနဲ့ တရားရင်ဆိုင်နေရသလို စစ်တပ်ထိန်းချုပ်မှု အောက်မှာရှိတဲ့ တရားရုံးကနေ ထောင်ဒဏ်အများအပြားလည်း ချမှတ်ခံထားရပါတယ်။ […]

Continue Reading

Fact Check: ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်ပြန်လွတ်လာဆိုတဲ့ သတင်းတုသတင်းမှား     

ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်တို့ ပြန်လွတ်လာပြီး အသက်ရှင်လျှက်တွေ့ရလို့ ပြည်သူတွေအံ့သြကုန်တယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ၄ ဦး ကြိုးပေးကွပ်မျက်မှုကို စစ်တပ်ဘက်ကအတည်ပြုထားပြီးဖြစ်သလို မီဒီယာတွေမှာလည်းဖော်ပြပြီးဖြစ်ပါတယ်။  ဒီလိုအခြေအနေမှာပဲ “ကိုဂျင်မီတို့ကိုဒီနေ့အသက်ရှင်လျှက်တွေ့ရလို့ပြည်သူတွေ အံ့သြကုန်။” ပို့စ်စာသားမှာ ရေးသားပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ၂ ဦးရဲ့ ဓာတ်ပုံပေါ်မှာလည်း “ကိုဂျင်နဲ့ကိုဖြိုးမသေပဲ အသက်ရှင်လျက် ဒီနေ့ထွက်လာလို့ ပြည်သူတွေအံ့ဩကုန်”လို့ ထပ်မံရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်တွေမှာမျှဝေထားတဲ့ ဘလော့ဂ်ပို့စ်လင့်ခ်တွေကို ထောက်ကြည့်လိုက်မယ်ဆိုရင် ယူကျူ့ ဗွီဒီယိုဖိုင်တစ်ခုကို ဦးတည်သွားပါတယ်။ ဘလော့ဂ်နဲ့ယူကျူ့ကနေ ကြော်ညာထိုးခတွေနဲ့ ဝင်ငွေရှာနေတဲ့ မီဒီယာပုံစံလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေက […]

Continue Reading

Fact Check: ၆ လအတွင်းတော်လှန်ရေး မအောင်ရင် အရှက်နဲ့ရင်ဆိုင်ရမယ်လို့ မန်းဝင်းခိုင်းသန်းပြောဆိုတဲ့သတင်းတု

၆ လအတွင်းတော်လှန်ရေး မအောင်ရင်အရှက်နဲ့ရင်ဆိုင်ရမယ်လို့ မန်းဝင်းခိုင်းသန်းပြောဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်ပါတယ်။  သတင်းစာဖြတ်ပိုင်းပါ သတင်းပုံစံဖန်တီးတဲ့ သတင်းခေါင်းစဉ်မှာ”တော်လှန်ရေးအား လာမည့် ၆ လအတွင်း အောင်မြင်စွာ အဆုံးသတ်ရန်နှင့် မအောင်မြင်ပါက အရှက်နှင့်သာ ရင်ဆိုင်ရနိုင်ကြောင်း မန်းဝင်းခိုင်သန်းပြော”လို့ ရေးသားထားသလို သတင်းစာသားရဲ့အစမှာ “အောက်တိုဘာလ ၁၉ ရက်က ကျင်းပသည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၈/၂၀၂၁) တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။”လို့လည်း ရေးသားထားပါတယ်။   “Htun Aung Hlaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “အောက်တိုဘာလ ၁၉ ရက်က ကျင်းပသည့် အမျိုးသားညီညွတ်ရေး […]

Continue Reading

Fact Check: ဘင်္ဂလာဒေ့ရှ်မှာ စက်သုံးဆီဝယ်မရလို့ ဆန္ဒပြနေကြတာလား-မဟုတ်ပါ

ဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး ပေးဝယ်တာတောင်ဝယ်မရလို့ ပြဿနာတက်နေတယ်လို့ ဆိုထားတဲ့ဗွီဒီယို တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုဟာ ၂၀၁၃ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့နေပြီး အစ္စလာမ်ဘာသာရေးသမားအချို့ ဘာသာရေးဉပဒေတစ်ခုကို မကြေနပ်လို့ဆန္ဒပြရင်း ပြဿနာတက်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ လမ်းပေါ်မှာ ပစ္စည်းတွေကို မီးပုံရှို့ထားပြီး ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ လူအုပ်ကြီးနဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ “အမေရိကန်အောက်ဆွဲဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး ပေးဝယ်တာတောင်ဝယ်မရလို့ စောက်ပြသနာတက်နေပြီ နီပိန်တွေပြောတော့ မအလ အာဏာထိန်းလို့ ဆီဈေးတက်ရတာဆို”လို့ ရေးသားပြီး “Foe Foe Thar Din” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုပါမြင်ကွင်းကို ရုပ်သေဓာတ်ပုံထုတ်ပြီး Google […]

Continue Reading