Fact Check: ဒီဗွီဒီယိုက အိန္ဒိယစစ်တပ်က ဒုံးကျည်စမ်းသပ်မှုဗွီဒီဒီယိုသာဖြစ်တယ်

အသံထက်မြန်တဲ့ ဒုံးကျည်တစ်စင်းကို မြန်မာတပ်မတော်က စမ်းသပ်ပစ်လွှတ်အောင်မြင်ခဲ့တယ်ဆိုတဲ့ ဗွီဒီယို ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယစစ်တပ်ရဲ့ မြန်နှုန်း မြင့်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသာဖြစ်ပါတယ်။ “BRAHMOS Super Sonic Crusie Missile  တစ်စင်း၊ မြန်မာ့တပ်မတော်တွင် စမ်းသပ်ပစ်လွှတ် အောင်မြင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် တင်ပြပါရစေ.(ကိုကိုးကျွန်း) Crd ဆရာဗိုလ်ကြီး”လို့ ရေးသားထားပြီး “Sit Min Lwin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဧပြီ ၄ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၉၀၀ ကျော်ရှိထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်း၊ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းတွေ အသုံးပြုပြီး ရှာဖွေရာမှာ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက ရခိုင်ပြည်နယ်မြောက်ဦးမြို့က ရှေးခေတ်အားကစားကွင်း ဓာတ်ပုံလား- မဟုတ်ပါ

မြောက်ဦး လေးခင်းပြင်မှာရှေးခေတ်က အားကစားကွင်းဓာတ်ပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ဂရိနိုင်ငံကဓာတ်ပုံတစ်ပုံသာဖြစ်ပါတယ်။ “မြောက်ဦး/လေးခင်းပြင်(ရတနမာန်အောင်စေတီအရှိဖက်) ရှေ့ခေတ်က  အားကစားကွင်း ပျက်စီနေပုံ ဟုတ်လား မဟုတ်လိုတော့ တူးဖော်ကြည့်မ အဖြေပေါ်ဖို့”လို့ ရေးသားထားပြီး “Ashin Sovita”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ရခိုင်လို့ရေးသားထားတဲ့တူညီတဲ့မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကိုအောက်ပါအတိုင်းတွေ့ရပါတယ်။  “အံ့သြဖွယ်ကောင်းသည့် ရှေးဂရိအားကစားကွင်း တူးဖော်မှုမပြီးမီနှင့် တူးဖော်မှုအပြီး”လို့ခေါင်းစဉ်တပ် ရေးသားထားတဲ့ Art to Fit အမည်နဲ့ ဝက်ဘ်ဆိုဒ်ကသတင်းတစ်ပုဒ်မှာ […]

Continue Reading

Fact Check: NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီ ဆိုတဲ့သတင်းမှား

UN တံခါးပိတ်ဆွေးနွေးမှုအပြီးမှာ NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ သတင်းမှားတစ်ခု သာဖြစ်ပါတယ်။ အစည်းအဝေးကျင်းပနေတဲ့ဓာတ်ပုံနှင့်အတူ ဓာတ်ပုံပေါ်မှာ”မြန်မာအရေးတံဂါးပိတ်ဆွေးနွေးမှုအဖြေထွက်ပြီ။NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီ”လို့ ရေးသားထားပြီး “𝟕𝐃𝐚𝐲 𝐍𝐞𝐰𝐬-သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “မြန်မာအရေးတံဂါးပိတ်ဆွေးနွေးမှုအဖြေထွက်ပြီ။NUG ကိုစစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘော တူလိုက်ပြီ” ဆိုတဲ့အချက်အလက်နဲ့ပတ်သက်ပြီး UN ဝက်ဘ်ဆိုဒ်အပါအဝင်အခြားသော ပြည်တွင်းပြည်ပသတင်း ဌာနတွေမှာ မတွေ့ရပါဘူး။ မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပွဲကို […]

Continue Reading

Fact Check: ဘားလမ်းဘက်စ်ကားမှတ်တိုင်ဗုံးခွဲမှုနဲ့ပတ်သက်ပြီး People Defence Force Yangon(PDF)အမည်နဲ့ ထုတ်ပြန်ချက်အတု 

ယနေ့(၂၀၂၂ ခုနှစ်မေ ၃၁ ရက်) ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် ဘားလမ်းဘက်စ်ကားမှတ်တိုင် ဗုံးခွဲခံ ရမှုမှာ People Defence Force Yangon(PDF)က သူတို့လုပ်ရပ်ဆိုပြီးတော့ ထုတ်ပြန်ချက် ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာမျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဝါဒဖြန့် သတင်းတုပြုလုပ်ဖြန့်ချိနေခြင်းဖြစ် တာတွေ့ရပါတယ်။ ဒီဗုံးပေါက်ကွဲမှုမှာလူ ၁၀ ဦးထက်မနည်း ထိခိုက်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။   “၃၁-၅-၂၀၂၁ ရက်နေ့ ညနေ (၃)နာရီ (၂၀)အချိန် အစ္စလာမ်ဘာသာဝင် (၁)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ ဘားလမ်းထိပ်တွင် ဖြစ်ပွားခဲ့သော ဗုံးကွဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ People Defence Force Yangon (PDF) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။”လို့ ရေးသားပြီး “Naing Thein […]

Continue Reading

Fact Check: သီရိလင်္ကာနိုင်ငံက ဓာတ်ပုံကိုအသုံးပြုပြီး မန္တလေးကဆီဖြည့်နေတဲ့ မြင်ကွင်းအဖြစ်မျှဝေ

မေ ၂၅ ရက်က မန္တလေးမှာ စက်သုံးဆီထည့်နေတဲ့မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ မျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံက ဓာတ်ဆီဆိုင်မှာ တန်းစီနေတဲ့ လူတွေရဲ့ ဓာတ်ပုံဖြစ်ပါတယ်။  “ယနေ့ မန်း စက်သုံးဆီအခြေအနေ နိုင်ငံရေးကိုယ်နဲ့မဆိုင်သူတေကြည့်ထားကြ မေ၂၅”လို့ ရေးသားပြီး “Myo Gyi Myo Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံမှာ လောင်စာဆီဈေးအဆမတန်မြင့်တက်လာတဲ့အပြင် လောင်စာဆီကို အကန့်အသတ်နဲ့ ရောင်းချမှုနေရသလို အရောင်းဆိုင်အချို့ပိတ်ထားရပါတယ်။ သို့သော်လည်း ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။ သီရိလင်္ကာနိုင်မှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာအပါအဝင် အခြေခံကျတဲ့ ပစ္စည်းတွေ […]

Continue Reading

Fact Check: Zamioculcas Zamiifolia က ကင်ဆာဖြစ်စေတယ်ဆိုပြီး သတင်းမှားပျံ့နှံ့

အိမ်မှာအလှစိုက်တဲ့ အပင်တစ်မျိုးဟာ ကင်ဆာဖြစ်စေနိုင်တဲ့အထောက်အထားတွေ့ရှိထားတာကြောင့် သတိထား ကြဖို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  “#ကင်ဆာဖြစ်စေသည်အထိအန္တရာယ်ကြီးတဲ့ဒီအိမ်တွင်းအလှစိုက်ပင်ကို အားလုံး သတိထားကြပါ”လို့ ရေးသားပြီး “Thukhita”အမည်နဲ့စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၀၀ ကျော်ရှိပါတယ်။ စာထဲမှာ ဓာတ်ပုံထဲမှာပါတဲ့ အိမ်တွေမှာအလှစိုက်တဲ့အပင်ဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ်လို့မလေးရှားနိုင်ငံမှဆရာဝန်တစ်ယောက်က တွေ့ရှိခဲ့တယ်လို့ရေးသားထားပြီး ကလေးတွေလက်လှမ်းမမှီတဲ့နေရာမှာ ထားကြဖို့ တရုတ်သတင်းစာကြီးတစ်စောင်မှလည်းသတိပေး ဖော်ပြခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ အပင်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီအပင်ဟာ သိပ္ပံအမည် zamioculcas zamiifolia လို့ခေါ်တဲ့ အပင်ဖြစ်တာတွေ့ရပါတယ်။ အတိုခေါက်အားဖြင့် ZZ plant သို့မဟုတ် Zanzibar Gem […]

Continue Reading

Fact Check: ဖားပြုတ်ကိုက်လို့သေဆုံးဆိုတဲ့သတင်းဟောင်း ပျံ့နှံ့မှုအားကောင်းနေ

၂၀၁၈ ခုနှစ်အတွင်းပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖားပြုတ်ကိုက်လို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်က အမျိုးသမီးတစ်ယောက်အကြောင်းဟာ လက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်ဖြန့်ဝေမှုတွေရှိလာပြီးနောက် ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ “ထမီအောက်၀င်နေသော ဖားပြုပ် အကိုက်ခံရ၍ အမျိုးသမီးတစ်ဦးtay ဆုံးမှု ဖျာပုံမြို့နယ်၌ ဖြစ်ပွား”လို့ခေါင်းစဉ်တပ်ရေးသားထားပြီး “ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ၊ချောင်းတွင်း ကျေးရွာအုပ်စု၊ ရွာမ(၁)တွင် ဧပြီလ (၁၇)ရက် မွန်လွဲ ၃ နာရီခွဲ အချိန်ခန့်က အသက် (၂၆)နှစ်အရွယ် မစုစုဝင်း ဟာ ထမီအောက်မှာဝင်နေတဲ့ ဖားပြုပ်အကိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီသတင်းဟာ ၂၀၁၈ ဧပြီ ၁၈ ရက်က […]

Continue Reading

Fact Check: ၂၀၂၀ခုနှစ်အတွင်း ကမာရွတ် အမှတ် ၅ ကျောင်းရှေ့ကမြင်ကွင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

စစ်တပ်အာဏာသိမ်းမှုကို ဆန္ဒပြရင်း ညီညီအောင်ထက်နိုင်ကျဆုံးခဲ့ရာကျောင်းရှေ့မှာ အခုကျောင်းပြန်တက်ဖို့ လုပ်နေတဲ့ မြင်ကွင်းဆိုပြီးတော့ ကမာရွတ်အမှတ် ၅ ကျောင်းရှေ့မှာ ကျောင်းသားကျောင်းသူတွေနဲ့ ပြည့်နေတဲ့ မြင်ကွင်းတစ်ခု မတ် ၂၆ ရက်မှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား စတင်ပျံ့နှံ့လာပါတယ်။ မေ ၂၆ ရက်နေ ဇူလိုင်၁ ရက်အထိ စစ်တပ်က သူတို့ထိန်းချုပ်ထားတဲ့မြို့ပြတွေမှာ ကျောင်းအပ်နှံရေးရက်သတ်ပတ်အဖြစ် ကြေညာထားပါတယ်။ အာဏာသိမ်းစစ်တပ်က ဖွင့်လှစ်မယ့် အတန်းပညာရေးကို ကျောင်းသားတွေနဲ့ ကျောင်းသားမိဘအများအပြားက သပိတ်မှောက်နေဆဲဖြစ်သလို ကျေးလက်ဒေသအများအပြားမှာ NUG ကလည်း ယခုနှစ်အတန်းပညာကျောင်း ဖွင့်ဖို့ ရှိနေပါတယ်။  ဒီလိုအခြေအနေမှာ “မတရားမှုကို တွန်းလှန်ရင်း ကျည်ထိမှန်ကာ ကျဆုံးခဲ့ရတဲ့ ညီညီအောင်ထက်နိုင် ကျဆုံးရာ ကျောင်းရှေ့မှာ အခုလို ကျောင်းတက်ပြနေတော့ ကျွန်စနစ်မှာ နေသားကျဖို့ အသင့်ဖြစ်နေကြပြီ ထင်ပါရဲ့။ #သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး”လို့ ရေးသားပြီး “ပုသိမ်ကြီးမောင်သန့်စင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက AA ကထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံတွေသာဖြစ်တယ်

နက်နက်တူးထားတဲ့မြေကျင်းတွေထဲမှာ ဝါးချွန်တွေ ရိုက်ထားနေတဲ့ ဓာတ်ပုံတွေနဲ့အတူ စစ်ကိုင်းတိုင်းမှာ PDF တွေက ကျေးရွာများကို အကြမ်းဖက်သိမ်းပိုက်ပြီး ရွာသားများ ကျေးရွာအတွင်း ကနေ ထွက်မပြေးနိုင်အောင် လို့ ညှောင့်ကျင်းတွေ ထောင်ထားတဲ့ မြင်ကွင်းဆိုပြီးတော့  “Aung Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဖြန့်ဝေထားတာတွေ့ရပါတယ်။ “စစ်ကိုင်းတိုင်းအတွင်းတွင် PDF အကြမ်းဖက်သမားများက ကျေးရွာများကို အကြမ်းဖက်သိမ်းပိုက်ပြီး ရွာသားများ ကျေးရွာအတွင်းမှထွက်မပြေးနိူင်ရန် ယ္ခုကဲ့သို့ ညှောင့်ကျင်းများ ထောင်းပြီး ကျေးရွာတွေကို ပိတ်ဆို့လျှက်ရှိတယ်လို့သိရပြီး ၎င်းတို့ကိုခုခံတဲ့ ကျေးရွာတွေကအိမ်တွေကို မီးရှို့ဖျက်ဆီးလျှက်ရှိတယ်လို့ သိရပါတယ်”လို့ ရေးသားပြီး သူကအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   ဒီဓာတ်ပုံတွေကိုပဲ “77 Media Myanmar”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “စစ်ခွေးတွေက သူတို့စခန်းပတ်လည်ဒီလိုလုပ်နေတယ်တဲ့😅 ကြည့်ရတာဒီကောင်တွေ ဂျူမုံကားတွေကြည့်ပြီး Feel […]

Continue Reading

Fact Check: PDF တွေကို ကျည်ပြီးဆေးထိုးပေးမယ်လို့ ဒေါက်တာဇော်ဝေစိုးပြောဆိုတဲ့ သတင်းတု

ရှေ့တန်းက တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို ကျည်မတိုးဆေးထိုးပေးမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုး(NUG)ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုပြီး သတင်းစာဖြတ်ပိုင်းပုံ screenshot တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုပြုလုပ်မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့နေတဲ့ Screenshot ဓာတ်ပုံထဲမှာ ဒေါက်တာဇော်ဝေစိုးဓာတ်ပုံနဲ့အတူ မေ ၁၉ ရက်ကလုပ်တဲ့ NUG နဲ့ CRPH တို့ရဲ့အစည်းအဝေးမှာ သူကပြောကြားခဲ့တာဖြစ်တယ်လို့လည်းရေးသားထားပါတယ်။ “တစ်နှစ်တာကာလအတွင်း ဆရာတို့ တီထွင်မှုတွေ တိုးတက်မြင့်မားလာ တာအထူးပဲဝမ်းမြောက်ရပါတယ်။”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   ဒီလိုမျှဝေထားတဲ့ပို့စ်တွေကို ဖေ့စ်ဘွတ်အသုံးပြုသူကပေးတဲ့ တုန့်ပြန်မှုကို လေ့လာကြည့်ရာမှာ အပြောင် အပျက်အနေနဲ့ မျှဝေထားကို အများစုက […]

Continue Reading