Fact Check: ဒီဓာတ်ပုံက ၂၀၁၃ ခုနှစ်က ထိုင်းစစ်ကားတစ်စီး ဖောက်ခွဲဖျက်ဆီးခံရမှု ဓာတ်ပုံသာဖြစ်တယ်

လေးကော့ကော်မှာ စစ်ကားကို မိုင်းခွဲတိုက်ခိုက်ခံရပြီး တစ်စစီဖြစ်သွားတဲ့ဓာတ်ပုံဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ  လမ်းမထက်မှာ ပြင်းထန်စွာပေါက်ကွဲပြီးနောက် ကားဘီးတွေသာကျန်ရစ်ပြီး တစ်စစီဖြစ်နေတဲ့ စစ်ကားတစ်စီးလို့ယူဆရတဲ့ မြင်ကွင်းပါဝင်ပါတယ်။ သို့သော် ဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံလျှက်ရှိတာတွေ့ရပြီး မြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ မြန်မာနိုင်ငံအရှေ့တောင်ဘက်ပိုင်း ကရင်ပြည်နယ်ထဲက ထိုင်း-မြန်မာနယ်စပ်အနီး လေးကော့ကော်မြို့သစ်မှာ စစ်တပ်နဲ့ ကရင်လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာရှိပါတယ်။   ဒီလိုအခြေအနေမှာ ဒီဓာတ်ပုံက ပျံ့နှံ့လာခြင်းဖြစ်ပါတယ်။  “နွေဦး တော်လှန်ရေး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “မနေ့ ညနေက/ လေးကော့ကော်-အာရှလမ်းတွင်…. စခ-ခလရ(၂၇၅)မှ ကားကို ထိထိမိမိ မိုင်းဆွဲရာ မုန့်ဟင်းခါးများ တစစီ အရည်ပျော်သွား.. အသားစများ ရှာမရ..🤪                  Dec-17″လို့ရေးသားထားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ကို ထိုင်းကဖမ်းဝရမ်းထုတ်ထားသလား

ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်တို့ကို မဲဆောက်ရဲစခန်းမှူးက အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ်ထား တယ်ဆိုပြီးတော့ သတင်းစာဖြတ်ပိုင်းပုံဓာတ်ပုံနှင့်အတူ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဦးရည်မွန်နဲ့ ဒေါက်တာဇော်ဝေစိုးတို့ဟာ မဲဆောက်ကနေ ရထားနဲ့ ထွက်ပြေးသွညးတယ်ဆိုလည်း ရေးသားထားပါတယ်။ တကယ်တော့ ဒီလိုသတင်းဟာ သတင်းစာတစ်ခုမှာဖော်ပြထားတဲ့ သတင်းစာဖြတ်ပိုင်းပုံစံလုပ်ပြီး သတင်းတု ဖြန့်ဝေနေခြင်းသာဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ သတင်းစာဖြတ်ပိုင်းပုံဓာတ်ပုံပို့စ်ထဲမှာ“ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံမှ ဝရမ်းပြေး ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့ နှစ်ဦးအား အောက်တိုဘာ ၂ ရက်နေ့က မြန်မာသံရုံး၏ သတိပေးစာ ပေးပို့မှုကို လက်ခံရရှိပြီးသည့်နောက် မဲဆောက်ရဲစခန်း စခန်းမှူး Pol Col Manas Sornprapan က ယနေ့မှာ ဝရမ်းထုတ်ပြီး ၎င်းတို့ ပုန်းအောင်နေရာ မဲဆောက်မြို့ Asian Highway လမ်းမပေါ်က Hop Inn ပါသည်။မြန်မာအစိုးရနှင့် ထိုင်းပြည်ထဲ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့အင်္ကျီကိုကိုင်လျှက် သမ္မတအိုဘာမား ဓာတ်ပုံအရိုက်ခံနေပုံလား

ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့အင်္ကျီကိုကိုင်လျှက် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘာမား(Barack Obama)ဓာတ်ပုံရိုက်ခံနေတဲ့ဓာတ်ပုံအပါအဝင် ဓာတ်ပုံ ၃၀ ကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ဂဏန်းက ပြန်လည်မျှ ဝေလျက်ရှိပါတယ်။ ဓာတ်ပုံတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံဝတ်ဆင်ထားတဲ့ ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချမ်းပုံအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ၊အများပြည်သူနဲ့ဆိုင်တဲ့ လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်း စုကြည်ပုံပို့စတာတွေလည်းပါဝင်ပါတယ်။  အမေရိကန်သမ္မတဟောင်း အိုဘားမားဟာ သူ့သမ္မတသက်တမ်းမှာ မြန်မာနိုင်ငံထိတွေ့ဆက်ဆံရေးကို စတင် ကျင့်သုံးခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချီးမွှမ်းခဲ့တဲ့ နိုင်ငံရပ်ခြား ခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။  သို့သော် စတင်ပျံ့နှံခဲ့တဲ့ဓာတ်ပုံတွေမှာ အိုဘာမားဟာ တီရှပ်တစ်ထည့်ကို ကိုင်ပြီး ဓာတ်ပုံအရိုက်ခံနေတာမှန်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ တီရှပ်မဟုတ်တာတွေ့ရပါတယ်။ “ပုံပြင်မဟုတ်ဘူး  အမှန်တကယ် ဖြစ်ခဲ့ အားပေးခဲ့တာ  ထောက်ခံခဲ့ကြတာ”လို့ “မင်္ဂလာမောင်နှံ မဂ္ဂဇင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း  ၁၆၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို […]

Continue Reading

Fact Check: ဒီဓာတ်ပုံက မိုးညှင်းမှာမိုင်းထိတဲ့ တင့်ကားပုံမဟုတ်ပါ

မိုးညှင်းမှာ မိုင်းထိတဲ့ စစ်တပ်ကတင့်ကားပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အတော်များများ က မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာပျံ့နှံ့လျှက်ရှိခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။   “မိုးညှင်း❗စကစတင့်ကားတစ်စီး နန်းမားကြီးလမ်းတွင် မိုင်းခွဲခံရပြီး မှောက်လှန်သွား 🤥✊️ ပျော်လိုက်တာ ကွယ်👏🏻👏🏻👏🏻”လို့ရေးသားပြီး “မိုး မိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီးမျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံပျံ့နှံ့ခဲ့ပုံကို ပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ပြီးခဲ့တဲ့ နှစ်များအတွင်းအမြောက်အများ ပျံ့နှံ့လျှက်ရှိခဲ့ တာတွေ့ရပါတယ်။ “Destroyed Tank”အမည်နဲ့ reddit အကောင့်မှာ ဒီဓာတ်ပုံကို ၂၀၁၄ ခုနှစ်က အင်္ဂလိပ်ဘာသာနဲ့ အောက်ပါ အတိုင်း ရေးသားမျှဝေထားပါတယ်။  “လမ်းဘီးများပုံပျက်မှုသည်  […]

Continue Reading

Fact Check: ကနီ PDF ကသစ်ခိုးထုတ်နေပုံအဖြစ်သတင်းမှားဖြန့်ဝေ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သစ်ခိုးထုတ်နေပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အတော်များများက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံဟာ Kani people’s Defense Force – KPDF 1 အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး ဒီဓာတ်ပုံနဲ့အတူ ဖော်ပြထားတဲ့အကြောင်းအရာကို ပုံဖျက်ရေးသားထားခြင်းဖြစ်ပါတယ်။   “သစ်ခိုးထုတ်နေသော pdf များ….. ကနီ pdf များအနေဖြင့် ငွေကြေးထောက်ပံ့မှု နည်းပါးခြင်းကြောင့် စားဝတ်​နေရေးအခက်အခဲကြုံကာ နိုင်ငံပိုင်သစ်များ ခိုးထုတ်နေ… #kt”လို့ရေးသားပြီး “Sergeant Ko THET”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီးမျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကို Kani […]

Continue Reading

Fact Check: ခေါင်းစဉ်မှားတွေတပ်ပြီး လူတွေကိုလှည့်စားနေတဲ့ Top One Burmese အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာ

Top One Burmese လို့ မျက်နှာဖုံးဓာတ်ပုံမှာရေးသားထားပြီး မြန်မာလို “အထူးထီ”လို့ အဓိပ္ပာယ်ရတဲ့ ထိုင်းလို ရေးသားထားတဲ့စာမျက်နှာဟာ သတင်းတုသတင်းမှားတွေဖြန့်ချီလျှက်ပျံ့နှံ့မှု အားကောင်းလားခဲ့တာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ “ลอตเตอรี่พิเศษ”လို့ ထိုင်းဘာသာနဲ့ရေးသားထားပြီး ဖေ့စ်ဘွတ်ရဲ့ url မှာတော့ newsdailyburmese ရေးသား သလို ဖေ့စ်ဘွတ်ရဲ့ logo ဓာတ်ပုံနေရာမှာ Top One Burmese လို့ရေးသားထားတဲ့ အပြာရောင်လိုဂိုကို အသုံးပြု ထားပါတယ်။  ဒီစာမျက်နှာမှာ ဗွီဒီယိုပါအကြောင်းအရာ နဲ့သက်ဆိုင်ခြင်းမရှိပဲ လူတွေကို လှည့်စားထားတဲ့ ခေါင်းစဉ်လွှဲတွေတပ်ပြီးရေးသား မျှဝေနေတာတွေ့ရပါတယ်။ ဉပမာအားဖြင့် ထုတ်နုတ်ဖော်ပြရရင် နိုဝင်ဘာ ၂၇ ရက်မှာ ဒီစာမျက်နှာမှာ “ဒေါ်စုကို တရားစွဲထားတဲ့ ပုဒ်မတွေကို အမေရီကန် ရုပ်သိမ်းလိုက်ပြီ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖြန့်ဝေခဲ့ပါတယ်။သို့သော်လည်း […]

Continue Reading

Fact Check: ဒီဓာတ်ပုံက မင်းကင်းကထွက်ပြေးရသူတွေဖြစ်တယ်

ညအမှောင်မှာရိုက်ကူးထားတဲ့ အထုပ်အပိုးတွေနဲ့ လူတွေပါဝင်တဲ့ ဓာတ်ပုံ ၂ပုံကို ဒီပဲယင်းကထွက်ပြေးနေရတဲ့ သူတွေဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်ဓာတ်ပုံတွေဟာ အောက်တိုဘာ ၂၇ ရက်က မင်းကင်းမြို့နယ်က ထွက်ပြေးတိမ်းရှောင်ရသူတွေအဖြစ် မီဒီယာမှာဖော်ပြဖူးပါတယ်။ နိုဝင်ဘာ ၂၇ ရက်မှာ စစ်တပ်က ဒီပဲယင်းမြို့နယ်မှာ ရဟတ်ယာဉ်တွေနဲ့လာရောက်ပစ်ခတ်ခဲ့ပြီး ဒေသခံ ၂၀ ဝန်းကျင် သေဆုံး ခဲ့ရပြီး အများအပြားထွက်ပြေးကြရပါတယ်။ “ဒီပဲယင်းကို တချက်လောက်အာရုံစိုက်ကြပါ ပြည်သူ” ၁၈ “ဦးထိ “ကျသွားပြီတဲ့ “အခုထိလဲ ပြေးနေရတယ်တဲ့”လို့ ရေးသားပြီး “Yoon Shwe Ya Mone”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၂ ပုံကို အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: စပါးရိတ်နေတဲ့ဘုန်းကြီးတွေ ဓာတ်ပုံက မြန်မာနိုင်ငံကမဟုတ်ပါ

စစ်ဘေးရှောင်နေရသူတွေရဲ့ စပါးခင်းတွေကို ဘုန်ကြီးတွေက ကူညီရိတ်သိမ်းပေးနေတဲ့ပုံဆိုပြီးတော့ ဓာတ်ပုံ တစ်ပုံ ၄ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းကပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိပြီး စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံအခြေ အနေနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ ဒေသအများအပြားမှာ စစ်ဘေးရှောင်နေကြရပါတယ်။  ဒီလိုအခြေအနေမှာ “ပီယ ပီယ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဒကာ ဒကာမများက စစ်ဘေးရှောင်နေကြတယ်… စပါးများက တခင်းလုံး မှည့်လို့ ဝါထိန်နေကြတယ်… ရဟန်း သံဃာများက ကူရိတ်သိမ်းပေးနေကြတယ်… ” တရားလည်း ဖက်တယ်   စပါးလည်း ထွက်တယ် “ ကြည်ညိုစရာ ကောင်းလိုက်တာ… အရှင်ဘုရားတို့အား ရိုသေစွာ ရှေ့ခိုးကန်တော့လိုက်ပါတယ် ဘုရား။ Photo crd.”လို့ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက ရန်ကုန်မြို့ သုဝဏ္ဏမှာ ဆန္ဒပြစဉ်ကဓာတ်ပုံဖြစ်တယ်

ဒဂုံဆိပ်ကမ်း လျှပ်စစ်ရုံးမှာ ဗုံးပေါက်ကွဲမှုဆိုပြီးဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ မီးခိုးမည်းတွေ လိပ်တက်နေတဲ့ ဓာတ်ပုံမှာ “ဒဂုံမြို့သစ် ဆိပ်ကမ်း EPC ရုံးဗုံးကွဲ (၂၅.၁၁.၂၀၂၁)”လို့လည်းရေးသားထားပါတယ်။ သို့သော် ဓာတ်ပုံဟာ မေလအတွင်း ဆန္ဒပြမှုနဲ့သက်ဆိုင်တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်က ဒဂုံဆိပ်ကမ်း မြို့နယ်လျှပ်စစ်ရုံးမှာ ဗုံးကွဲခဲ့တဲ့သတင်းတွေကို မီဒီယာမှာဖော်ပြထား ဒီနေရာမှာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ “” ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ EPC ရုံး အနီးရောက်ရှိနေသူများ ချက်ချင်း ရုံးနှင့်ဝေးရာသို့ ထွက်ခွာကြပါရန် “ •••••••••••••••••••••••••••••••••••••••••••••••••••••••••••• မိမိ မိသားစုဝင်များ ရုံးအနီးရောက်ရှိနေပါက ချက်ချင်းလှမ်းခေါ်ကြပါ။ Source- YangonRevolutionGroup November <25>     https://t.me/Newsinfomation Copy : Crd ”လို့ ရေးသားလျှက် “Ne Kyaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက […]

Continue Reading

Fact Check: ဆောမြို့မှာ စစ်ကားနဲ့အရပ်သားကားခေါင်းချင်းဆိုင်တိုက်မှုလား-မဟုတ်ပါ

ဆောမြို့နယ်မှာ စစ်ကားတစ်စီးကို အရပ်ကားနဲ့ခေါင်းချင်းဆိုင်တိုက်တဲ့ဗွီဒီယိုဆိုပြီးတော့ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းကမျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံကဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။  “Myo Min Oo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “မိုက်တယ်ဟ ဇာတ်ကားရိုက်နေတဲ့အတိုင်ပဲ😂 ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမူးကားကို  ဆောမြို့ခံ ပြည်သူတစ်ဦးက သူ့ကားနှင့် အမိုက်ခံဝင်တိုက်သွားတယ်ပြောဒါပဲ crd”လို့ ရေးသားပြီးမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဗွီဒီယိုပုံစံနဲ့ တူညီတဲ့ဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link Screenshot ဓာတ်ပုံ ပုံစံနဲ့ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ  အင်တာနက်မှာ အောက်တိုဘာလကတည်းက ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “बोलता भोजपुर”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တူညီတဲ့ ဗွီဒီယိုကို အောက်တိုဘာ ၁၈ ရက်စွဲနဲ့တင်ထား […]

Continue Reading