Fact Check: PDF တွေကို NUG ကပံ့ပိုးတဲ့ လက်နက်တွေလား- မဟုတ်ပါ
အမျိုးသားညီညွတ်ရေးအစိုးရ(National Unity Government of Myanmar- NUG)က ထောက်ပံ့မယ့် လက်နက်တွေအဖြစ် လက်နက်နဲ့ ကျည်ဆံဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ NUG ဖွဲ့စည်းချိန်မတိုင်ခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ “NUGကထောက်ပံ့ပေးမဲ့လက်နက်တွေပါ ပြည်သူတွေအားတင်ထားပါ ညနေ6:00ဆိုရင်လိုအပ်မှအပြင်ထွက်ပေးပါလို့မေတ္တာရပ်ခံအပ်ပါတယ် မြို့တိုင်းနယ်တိုင်းတွေပါပြောတာပါ အရေးတော်ပုံအောင်ရမည်”လို့ရေးသားပြီး “MDYPDFBLACKMandalay” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီပို့စ်ကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ ဓာတ်ပုံတစ်ချို့ကို “PDF တပ်ဖွဲ့ဝင်တွေအတွက် ထပ်ရောက်လာ”လို့ရေးသားပြီး “Kar Yan Ko Ko”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း ဒီနေရာမှာမျှဝေ ထားပါတယ်။အခြားသောရေးသားမျှဝေမှုကို ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ […]
Continue Reading
