Fact Check: မင်းတပ်ကို ထိုးစစ်ဆင်မှုအဖြစ်ဖော်ပြနေတဲ့ ဒီဓာတ်ပုံတွေက မင်းတပ်နဲ့ သက်ဆိုင်ခြင်းမရှိပါ

နိုင်ငံတကာသိအောင်ဖြန့်ဖို့လိုနေတဲ့ မင်းတပ်မြို့ကို ပစ်ခတ်တိုက်ခိုက်နေတဲ့ဓာတ်ပုံတွေအဖြစ် ရဟတ်ယာဉ်တွေ ပျံ့ဝဲနေပုံ၊ မြေပြင်မှာ မီးလောင်နေပုံ၊ တောအုပ်တစ်နေရာမှာ လူတွေရောက်နေပုံတွေပါဝင်တဲ့ ဓာတ်ပုံ ၅ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံအချို့ဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်ပြီး ဓာတ်ပုံတွေဟာ မင်းတပ်မြို့နယ်မှာ စစ်တပ်ထိုးစစ်ဆင်မှုနဲ့လည်းသက်ဆိုင်ခြင်းမရှိပါဘူး။ “Thein Htun” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက စက်တင်ဘာ ၁၃ ရက်မှာ အောက်ပါအတိုင်း ရေးသား မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ် အရေအတွက် ၁ ထောင် ၃ ရာရှိပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: PDF တွေ ဒရုန်းလွှတ်တင်နေတဲ့ပုံလား-မဟုတ်ပါ

ဒရုန်းယာဉ်တစ်စီးတပ်ဆင်နေတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ အမြင့်ပေ ခုနှစ်သောင်းအထိ ပျံသန်းနိုင်တဲ့ ဒရုန်းကို PDF တွေတီထွင်အောင်မြင်ခဲ့ပြီလို့ရေးသားပြီး ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို  ဖေ့စ်ဘွတ်အသုံးပြုသူထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။ သို့သော် မျှဝေထားတဲ့ ဓာတ်ပုံတွေဟာ ဟောင်ခြေစိုက် Gl ကုမ္ပဏီက ကြော်ငြာဓာတ်ပုံတွေဖြစ်ပါတယ်။ “PDF များမှ အမြင့်ပေ ၇၀၀၀၀ ထိ ပျံသန်းနိုင်သော ဒရုန်းများ တီထွင်မှု့ အောင်မြင်😱😱)”လို့ရေးသားပြီး “La Minn Htet” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ အောက်ပါအတိုင်း စက်တင်ဘာ ၂ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၃ ထောင် ၂ ရာရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: Mytel တာဝါတိုင်စောင့်တင့်ကားကို CDF က ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့ ဗွီဒီယိုလား – မဟုတ်ပါ

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(Chinland Denfence Force- CDF)က Mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စစ်တပ်တင့်ကားကို ပစ်ခတ်မှုအဖြစ် ဗွီဒီယိုဖိုင်တစ်ခုကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ ဗွီဒီယိုဟာ ၃၁ စက္ကန့် ရှည်လျားပြီး သံဖရိန်နဲ့တိုင်တစ်ခုအလွန်က တင့်ကားတစ်စီးကို ဒုံကျည်တစ်စင်းလာရောက်ထိမှန်ပြီးနောက် ပေါက်ကွဲမီးလောင်သွားတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ သို့သော်လည်း ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်က အီရတ်စစ်တပ်တင့်ကားတစ်စီးတိုက်ခိုက်ခံရမှုဗွီဒီယိုဖြစ်တာ တွေ့ရ ပါတယ်။   “မင်းတပ်မြို့အတွက်ဂလဲ့စား mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စကစ တင့်ကားကို CDF က ဆော်ထည့် လိုက်တာ အားရစရာ”လို့ရေးသားပြီး “ဟန်သဲ သူ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: Glory of The Special Forces ဇာတ်လမ်းတွဲက မြင်ကွင်းဗွီဒီယိုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအဖြစ်မျှဝေ

စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီရဲ့ လူမဆန်တဲ့ ပစ်ခတ်မှုလို့ရေးသားပြီး ဗွီဒီယိုဖိုင်တစ်ဖိုင်ကို ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ ၁၅ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ လူနေအိမ်တွေ‌ ပေါ်မှာ ကောင်းကင်ကလာတဲ့ လက်နက်ကြီးထိမှန်ပေါက်ကွဲနေတဲ့မြင်ကွင်းတွေပါဝင်ပါတယ်။ ဒီဗွီဒီယိုပျံ့နှံ့လာချိန်ဟာ မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက လုံလဲရ်(Lungler) ကျေးရွာကို စက်တင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းက စစ်တပ်က တိုက်လေယာဉ်အသုံးပြု ပစ်ခတ်တိုက်ခိုက်မှု နဲ့လည်း တိုက်ဆိုင်နေပါတယ်။  သို့သော်လည်း ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်များအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီယိုဖိုင်ဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်တာတွေ့ရပါတယ်။   “စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းကပြစ်ခတ်မှု စစ်ကောင်စီရဲ့လူမဆန်စွာပြည်သူတေနှိပ်စက်တဲ့ ဗီဒီယိုဖိုင်”လို့ရေးသားပြီး “Tin Myint Aung”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်း […]

Continue Reading

Fact Check: ဒလန်တွေစီးလာတဲ့ ဘက်စ်ကားကို PDF တွေ RPG နဲ့ထုတယ်ဆိုတဲ့ သတင်းမှား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဒလံတွေစီးလားတဲ့ ဘက်စ်ကားကို ပခုံးထမ်းလောင်ချာ(RPG)နဲ့ မိုင် ၁၀၀ အကွာကနေ ထုလိုက်တဲ့ ဓာတ်ပုံဆိုပြီးတော့ မီးလောင်နေတဲ့အစိမ်း‌ရောင်ဘက်စကားတစ်စီးဓာတ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး ဆီရီးယားနိုင်ငံက ဖြစ်စဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။  “PDF လူငယ်လေးတွေ အရမ်းကိုစစ်ရေးစွမ်းရည်တွေတက်လာပြီဗျ စကစ ရဲ့ ဒလန်တွေ စီးလာ တဲ့ကားကို မိုင် 100 အကွာ ကနေ RPGနဲ့ လှမ်းထု လိုက်တာ မြင်တဲ့အတိုင်း မွင်းခါးတွေဖြစ်ကုန်ပြီး #အရေးတော်ပုံအောင်ရမည် #Savemyanmar”လို့ ရေးသားပြီး “Kyaw Win Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက  အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: ရန်ကုန်မှာ ယနေ့ပေါက်ကွဲမှုဓာတ်ပုံလား- မဟုတ်ပါ

ဂုံးတံတားအောက်ကနေ မီးခိုးတွေ ထွက်နေတဲ့ ဓာတ်ပုံတစ်ခုကို ရန်ကုန်မှာ ယနေ့ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ မတ်လအတွင်းဓာတ်ပုံဟောင်းဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “Wow Wow အဖွင့်လှပြီ ရွှေရန်ကုန်ရေ👏👏👏👏#Unl👦Sep 7”လို့ ရေးသားထားပြီး ဂုံတံတား အောက်ကနေ မီးခိုးတွေ ထွက်နေတဲ့ ဓာတ်ပုံလည်းပါဝင်ပါတယ်။ “U Ngel Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ရေးသားထားတဲ့ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ၁ သောင်း ၆ ထောင်ကျော်က ၃နာရီအတွင်း ပြန်လည်မျှဝေခဲ့ကြပါ တယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက်  Yandex မှာဓာတ်ပုံကို ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို […]

Continue Reading

Fact Check: PDF တွေနဲ့ပူးပေါင်းဖို့ ယုန်လေး လက်နက်ဝယ်စုနေသလား- မဟုတ်ပါ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့ပူးပေါင်းဖို့ အဆိုတော်နဲ့ ဒါရိုက်တာ ယုန်လေးက လက်နက်ဝယ်စုနေ တယ်ဆိုပြီးတော့ ဗွီဒီယိုဖိုင် တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ယုန်လေးက “–”စသည်ဖြင့် ပြောကြားခဲ့တာတွေ့ရပါတယ်။ သို့သော် ဒီဗွီဒီယိုဖိုင်ဟာ ၂၀၁၉ ခုနှစ်က ယုန်လေးရဲ့ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှု ဗွီဒီယို ဖြစ်တာ တွေ့ရပါတယ်။ “PDFလူငယ်များနဲ့ ပူးပေါင်းရန် လက်နက်များစုဆောင်းနေသည့် ယုန်လေး  ကိုယုန်လေးကို အထင်မသေးကြပါနဲ့လို့ ငါမပြောခဲ့ဘူးလား  :))”လို့ရေးသားပြီး “Thet Paing Oo” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။တူညီတဲ့ ဗွီဒီယိုဖိုင်ကို အလားတူရေးသား မျှဝေထားတာ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ဒီလိုပြောကြားချက်ကို အသံဖိုင်အနေနဲ့ ဒီနေရာနဲ့ဒီနေရာမှာလည်း […]

Continue Reading

Fact Check: တက္ကသိုလ်ဝင်တန်းလျှောက်လွှာတွေ စက်တင်ဘာ ၂၁ ရက်စတင်ရမယ် ဆိုတာ မဟုတ်ပါ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူတွေအနေနဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ဖြေဆိုခွင့်လျှောက်လွှာ တင်ရမယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီလိုမျှဝေထားတဲ့အ ေကြာင်းအရာဟာ မှားယွင်းေကြာင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ “၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူများအားလုံး၂၁. ၉. ၂၀၂၁ မှ စ၍ဖြေဆိုခွင့်ဖောင်များတင်ရမှာ ဖြစ်ပါတယ်”လို့ ရေးသားပြီး “For Education”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ြသဂုတ် ၃၀ ရက်က မျှဝေထားရာမှာ တစ်ရက်အတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၈ ထောင် ၃ ရာရှိ ပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ်သူေတွဟာ စက်တင်ဘာ ၂၁ ရက်က […]

Continue Reading

Fact Check: ဒီပုံတွေက ပြည်ပကလှူတဲ့ လက်နက်တွေလား- မှားယွင်းနေသည်

လက်နက်တွေနဲ့ ကျည်အိမ်တွေအများအပြားပါဝင်တဲ့ ဓာတ်ပုံတွေကို မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ပြည်ပက လှူတဲ့ လက်နက်တွေလို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။  သို့သော် ဓာတ်ပုံအချို့ဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့  မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံတွေဖြစ် တာတွေ့ရပါတယ်။ “ပြည်ပမှအလှူရှင်များ ရောက်ပါပြီ”လို့ရေးသားပြီး “ကချင်မြေ Global Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link ဒီပို့စ်ပါဓာတ်ပုံတွေကိုပဲ “ရဲနိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း “ဟျောင့်! (စောက်ပု) မီးကျိုးမောင်းပျက်တွေမဟုတ်ဘူးနော် အသစ်စက်စက်တွေကွ 😁😁😁”လို့ရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အခန်းကျယ်တစ်ခုမှာ သေနတ်တွေ တန်းစီထားတဲ့ ဓာတ်ပုံကို […]

Continue Reading

Fact Check: တူရကီတောမီးလောင်မှု ဗွီဒီယိုကို KNLA တပ်မဟာ ၆ မှာဖြစ်ပွားနေတဲ့ အခြေအနေအဖြစ်သတင်းမှားဖြန့်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ ၆ မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေလို့ ရေးသားထားတဲ့ ဗွီဒီယို သတင်းမှားတစ်ခုကို ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီဗွီဒီယိုဟာ ဇူလိုင်လအတွင်းက တူရကီနိုင်ငံမှာ တောမီးလောင်မှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရပါတယ်။ “တပ်မဟာ ၆ အခြေအနေပါ။ ဒါ့ထက်ဆိုးတာတွေ ရှိသေးတယ်။ထပ်တင်ပေးမယ်။ စစ်ဆိုတာ အာ့လိုပဲ ကြည့်ထား။”လို့ရေးသားပြီး “Воздушный” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် တပ်မဟာ ၆ အခြေအနေလို့ ရေးသားမျှဝေထားတဲ့ ပို့စ်အောက်မှာ အသံဟာ ကရင်သံမဟုတ်ဘူး၊ တောမီးလောင် တာလို့ မှတ်ချက်ပြုထားတာတွေလည်းတွေ့ရပြီး အများအပြားက […]

Continue Reading